နာနတ်သီး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁ -
နာနတ်သီးဟာ စားသုံးလို့ ကောင်းမွန်တဲ့ သစ်သီးအပြင် အလှအပအတွက်လည်း ပျိုမေတို့ကို အကျိုးဖြစ်ထွန်းစေပါသည်။ နာနတ်သီးမှာ[[ ဗီတာမင်ဓာတ်များစွာဗီတာမင်]] ဓာတ်များစွာ ပါဝင်ပြီး သတ္တုဓာတ်အများအပြားပါဝင်တဲ့ သစ်သီး တစ်မျိုးဖြစ်ပါသည်။ နွေရာသီမှာ ရင်အေးစေတဲ့ သစ်သီးတစ်မျိုး ဖြစ်ပြီး တခြားသော ကျန်းမာရေးလာဘ်လာဘများကိုကျန်းမာရေး လာဘ်လာဘများကို ပေးစွမ်းစေနိုင်တဲ့ သစ်သီးပဲ ဖြစ်ပါသည်။
==မူလပင်ရင်း==
ယနေ့မြင်တွေ့နေရသော နာနတ်ပင်ကို အမေရိကတိုက်အား[[အမေရိကတိုက်]]အား [[ခရစ္စတိုဖာ ကိုလံဘတ်စ်]] ရှာဖွေတွေ့ရှိခြင်း မတိုင်မီကတည်းက တောင်အမေရိက ဒေသခံ လူနီအင်ဒီးယန်းတို့ တွင်ကျယ်စွာ စိုက်ပျိုးစားသုံး နေခဲ့ကြပြီး ဖြစ်သည်။ ကမ္ဘာ့နိုင်ငံ အချို့တွင် စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်သော ခေတ်သစ်နာနတ် မျိုးတို့၏ မူလပင်ရင်းမှာ အဆိုပါ လူနီအင်ဒီးယန်းတို့၏ နာနတ်မျိုးမှ အဆင့်ဆင့် ဆင်းသက်လာသော မျိုးဆက်သစ်များ ဖြစ်ကြပါသည်။
 
ခရစ္စတိုဖာ ကိုလံဘတ်စ်၏ ဒုတိယအကြိမ် နယ်သစ်ရှာ ခရီးစဉ် အတွင်း ခရစ်နှစ် ၁၄၉၃ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့တွင် ကာရစ် ဘီယံဒေသရှိ ဂွာဒီလုပ် Guade Loupe ကျွန်းသို့ ဆိုက်ရောက်ခဲ့ကြသည်။ ထိုခရီးစဉ်တွင် ပါဝင်လာခဲ့သည့် [[ရုက္ခဗေဒ]] ပညာရှင်များသည် ဒေသခံ ဂွာဒီလုပ် ကျွန်းသားများထံမှ အသီးသီးနေသည့် နာနတ်ပင်ကို လက်ဝတ်လက်စားအချို့နှင့် လဲလှယ် ရယူခဲ့ကြသည်။
 
မူလနာနတ်ပင်မှ သီးသော အသီးမှာ အသွင်သဏ္ဌာန်အားဖြင့် ဥရောပ တိုက်သားတို့နှင့် ရင်းနှီးပြီးဖြစ်သော ထင်းရှူးသီးနှင့် တူသဖြင့် စပိန်ဘာသာဖြင့် Pina ပီညာဟု'''ပီညာ'''ဟု အလွယ်ဟု ခဲ့ကြသည်။ ထိုမူရင်းစပိန်အမည် Pina မှ ဆင်းသက်ရွေ့လျောကာ အင်္ဂလိပ်လို Pine Apple ဟူ၍ ဖြစ်လာခဲ့သည်ဟု ဆိုပါသည်။
 
ယနေ့မြန်မာတွေ နာနတ်ဟုခေါ် ကြသည့် ထိုအပင်၏ မူလအမည်မှာ တောင်အမေရိက ဒေသခံ Tupi Indian တို့၏ Nana ဟူသော ဝေါဟာရမှ ဆင်းသက်လာသည့် Ana nas ပင် ဖြစ်သည်။ မူလအမည် Nana မှ Ana nas ထိုမှအဆင့်ဆင့် ရွေ့လျောကာ Nanat ဖြစ်လာပြီး မြန်မာတို့က ထိုဝေါဟာရကို တိုက်ရိုက်အသံလှယ် ထားခြင်းဖြစ်ဟန်တူပါသည်။ထားခြင်းဖြစ်ဟန် တူပါသည်။
 
ယနေ့ခေတ် ရုက္ခဗေဒ ပညာရှင်များက ရှေးခေတ်ဟောင်း နာနတ် အရိုင်း-Ana nas ၏ မျိုးစု-Genera ကို Bromeliaceae မျိုးရင်းအောက် သို့ သွတ်သွင်းလိုက်ကြပြီး Ana nas Mill မျိုးစုဝင်အဖြစ် သတ်မှတ်ထား ကြပါသည်။ ထိုခေတ်ဟောင်း နာနတ် Ana nas Mill ၏[[ ခရိုမိုဆုမ်းမှာခရိုမိုဆုမ်း]]မှာ X=25 ဖြစ်သည်။ သို့သော် ယနေ့ကမ္ဘာအနှံ စိုက်ပျိုးထုတ်လုပ် စားသုံးနေကြသည့် နာနတ်အယဉ်မျိုးကိုမူ Ana nas Cosmosus(L)Merr ဟု သတ်မှတ် ကြပြီး ယင်း၏ ခရိုမိုဆုမ်းမှာလည်း 2N=50 ဟူ၍ဖြစ်လာခဲ့ပါသည်။ အချို့သော ရုက္ခဗေဒ ကျမ်းဟောင်းများတွင် Ananas Sativus Schult f;Bromelia Cosmosus-L ဟူ၍လည်း တွေ့ရှိရ ပါသည်။
 
ခေတ်သစ် နာနတ်အယဉ် တစ်မျိုးဖြစ်သည့် Cayene နာနတ်မျိုးမှာ အပင်အမြင့် ၃၆ လက်မမှ လက်မ ၄ဝ လောက်အထိရှိပြီး၊ အရွက်တွေ မှာဘေးဘက်သို့ ၄၈ လက်မမှ လက်မ ၆ဝ လောက်အထိ ဖြာထွက် ကြသည်။ အရွက်အရေအတွက် ၆ဝ မှ ၈ဝ လောက်အထိ ရှိတတ်ပြီး ပျမ်းမျှအားဖြင့် အလျားလက်မ ၄ဝ၊ အနံ ၂.၅လက်မခန့်ရှိသည်။ ပန်းပွင့် ခိုင်တွင် အပွင့်အရေအတွက် ၁၅ဝ လောက်ပါရှိပြီး ပွင့်ချပ်ကလေးများမှာ ခရမ်းဖျော့ဖျော့မှ အပြာရောင်အထိ ဖြစ် တတ်သည်။ အသီးရိုးတံမှာ သုံး လက်မမှ ငါးလက်မလောက်အထိ ရှည်ပြီး Cayene နာနတ်မျိုး၏ အသီး အလေးချိန်မှာ ၅.၅ဝ ပေါင်လောက် ရှိသည်။ အသီးမရင့်မှည့်မီ စိမ်းနက်ရောင်ရှိပြီး မှည့်သောအခါ အစိမ်းရောင် အစက်အပြောက် ကလေးတွေ ပါသည့် အဝါရောင် ဖြစ်လာသည်။ ကမ္ဘာတွင် နာနတ်ကိုစီးပွားဖြစ် စိုက်ပျိုးထုတ်လုပ် နေကြသည့် နိုင်ငံ များဖြစ်ကြသော ဟာဝိုင်အီ၊ ဖိလစ်ပိုင်၊ ကင်ညာ၊ မက္ကဆီကို၊ တရုတ်တိုင်ပေ၊ ထိုင်းနှင့်မလေးရှားတို့တွင် Cayene, Queen, Hilo စသည့် နာနတ်မျိုးသစ်များကို စိုက်ပျိုးကြသည်။ ယခင်က Cayene နာနတ်မျိုးတွင် ဆူးပါသော မျိုးနှင့် ဆူးမဲ့မျိုးဟူ၍ နှစ်မျိုးရှိခဲ့သော် လည်း နောက်ပိုင်းတွင် ဆူးမဲ့မျိုးကို သာစိုက်ပျိုးလာကြသည်။