ခရိုမိုဆုမ်း: တည်းဖြတ်မှု မူကွဲများ

"==ခရိုမိုဆုမ်း(Chr..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၁၃:၁၅၊ ၂၆ ဖေဖော်ဝါရီ ၂၀၁၅ ရက်နေ့က မူ

ခရိုမိုဆုမ်း(Chromosomes)

အဖို၏ သုတ်ပိုး ဇီဝကလာပ်နှင့် အမမျိုးဥ ဇီဝကလာပ်တို့တွင် တွေ့ရှိရသည့် ထိုအဖို အမတို့မှ မျိုးရိုးဆက်ခံ ပါရှိလာသော ဗီဇပစ္စည်းများ ဖြစ်သည်။ သန္ဓေတည်လျက် ရှိသော သန္ဓေဥ၏ ဇီဝကလာပ်ဆဲလ်များသည် အဆင့်ဆင့် ကွဲပွားသွားရာ ဇီဝကလပ်တိုင်း၌ အမိ၏ ဇီဝပစ္စည်း ၂၃-ခုနှင့် အဖ၏ ဇီဝပစ္စည်း ၂၃-ခု အညီအမျှစီ ပါရှိသည်။ ထိုဗီဇပစ္စည်းခေါ် ကိုယ်ပွားဗီဇများအရ သန္ဓေသား၏ ဖိုမ ကွဲပြားမှုသည်လည်း ဖြစ်လာရလေသည်။ ခရိုမိုဆုမ်းမှာ အဓိကအားဖြင့် ဒီအောက်ဇီရီ ဗိုနျူကလိုက် အက်ဆစ်နှင့် ပရိုတိန်းဓာတ်ပစ္စည်းများ ဖွဲ့စည်းထားသည်ကို တွေ့ရသည်။ [၁]

ကိုးကား

  1. လှသမိန် ၏ ဗဟုသုတစွယ်စုံ