ဒူးလင်းလူမျိုး: တည်းဖြတ်မှု မူကွဲများ

"ဒူလင်းလူမျိုးတ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
အရေးမကြီးNo edit summary
စာကြောင်း ၁ -
ဒူလင်းလူမျိုးတို့သည် ဂျိန်ဖော့လူမျိုးတို့နှင့်[[ဂျိန်ဖော့လူမျိုး]]တို့နှင့် အမျိုးတူအနွယ်တူပင် ဖြစ်သည်။ တိဗက်-မြန်မာအစုဝင် ကချင်အစုခွဲတွင် ပါဝင်သည်။ ယင်းတို့နေထိုင်ရာဒေသမှာ [[မေခမြစ်|မေခ]]နှင့် [[မေလိခမြစ်]]နှစ်သွယ်ဆုံရာ တြိဂံနယ်၏ မြောက်ဘက်စွန်းတွင် ဖြစ်သည်။
 
မေလိခမြစ်လက်တက်ဖြစ်သော ရှမ်းခ (ခေါ်) နမ့်တဆန်မြစ်ဝှမ်း တစ်လျှောက်၎င်း၊ မလိခမြစ်ဝဲဘက်ကမ်းမှ ကုန်းထူစခန်းသို့ တိုင်အောင်၎င်း ဒူးလင်းရွာကလေးများ အနှံ့အပြား တည်ရှိလေသည်။ ရွာဟုဆိုရသော်ငြားလည်း တစ်ချို့ရွာကလေးများ၌ အိမ်ခြေပေါင်း သုံးအိမ်၊ လေးအိမ်မျှသာ ရှိသည်။ များသောအားဖြင့် ၁၀ အိမ်ခန့်မျှသာရှိသော ရွာကလေးများဖြစ်သည်။
 
ဒူးလင်းလူမျိုးတို့၏ အသွင်အပြင်၊ ဝတ်စားပုံ၊ အိမ်ဆောက်ပုံ၊ ဓလေ့ထုံးစံ စသည်တို့သည် ကချင်လူမျိုးတို့ကဲ့သို့ပင်[[ကချင်လူမျိုး]]တို့ကဲ့သို့ပင် ဖြစ်သည်။ ယင်းတို့ကို ခခူးဂျိန်ဖော့၊ သို့မဟုတ် မြစ်ဖျားဒေသနေ ဂျိန်ဖော့၊ အညာသား ကချင်များဟုအညာသားကချင်များဟု ခေါ်တွင်ကြသည်။ ဂျိန်ဖော့စကားကိုသာ ပြောဆိုကြသည်။ သို့သော် အောက်ပိုင်းရှိ မြစ်ကြီးနား ဂျိန်ဖော့တို့နှင့် လေယူလေသိမ်း မတူ။ စကားဝဲသည်။ ဒူးလင်းလူမျိုးတို့၏ ဝတ်ပုံ၊ ဆင်ယင်ပုံသည်လည်း ကချင်လူမျိုးတို့၏ ဝတ်စားဆင်ယင်ပုံနှင့် အတန်ငယ်တူသည်။
 
ရှေးအခါက ဒူးလင်းတို့သည် ပန်းပဲလုပ်ငန်းနှင့်[[ပန်းပဲ]]လုပ်ငန်းနှင့် နာမည်ကျော်သည်။ ရှမ်းခမြစ်ဖျား၏ တောင်ခြေတွင် သံရိုင်းထွက်သည်။ ဒူးလင်းတို့သည် ထိုသံရိုင်းကို ကျို၍ ကျောက်တူနှင့် ထုကာ ဓားလုပ်လေ့ရှိသည်။[[ဓား]]လုပ်လေ့ရှိသည်။ ထိုဓားများသည် ရှေးအခါက အတော်နာမည်ကြီးခဲ့သည်။
 
ဒူးလင်းလူမျိုးတစ်ချို့မှာ [[ခရစ်ယာန်]] အယူဝါဒ သက်ဝင်သူများ ဖြစ်ကြသည်။ နတ်ကိုးကွယ်မှုလည်း ရှိသည်။ ဒူးလင်းလူမျိုးတို့သည် အသုဘကို[[အသုဘ]]ကို အခမ်းအနားပွဲပေး၍ သင်္ဂြိုဟ်လေ့ရှိသည်။ တစ်ခါတစ်ရံ ရပ်ဝေးမှ ဆွေးမျိုးမိတ်သင်္ဂဟများကို စောင့်၍ လူစုံမှ ပွဲပေးကြလေရာ အသုဘကို နှစ်လ၊ သုံးလကြာထားပြီးမှ သင်္ဂြိုဟ်ခြင်း ပြုကြလေသည်။ <ref>မောင်ပုဆိုးကြမ်း ရေး တိုင်းရင်းသား လူမျိုးများ အဘိဓာန်စာအုပ်မှ</ref>
==ကိုးကား==
<references/>