ကျောက်ဖြူခရိုင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
clean up using AWB
စာကြောင်း ၂ -

== ပထဝီဝင် ==
နယ်နိမိတ်အားဖြင့် မြောက်ဖက်တွင် [[စစ်တွေခရိုင်]]၊ အရှေ့ဖက်တွင် [[ရခိုင်ရိုးမ]]တောင်တန်း၊ တောင်ဘက်တွင် [[သံတွဲခရိုင်]]၊ အနောက်ဖက်တွင် [[ဘင်္ဂလားပင်လယ်အော်]]တို့ တည်ရှိ၏။ ကျောက်ဖြူခရိုင်၏ မြောက်ပိုင်းနှင့် အရှေ့ပိုင်းမှာ တောတောင်များ ထူထပ်လျက် တောပိုင်း၌မူ မြစ်ငယ်ချောင်းငယ်များစွာတို့သည် တစ်ခုနှင့်တစ်ခု ယှဉ်ကပ် စီးဆင်းလျက် ရှိကြလေသည်။ ကမ်းရိုးတန်းနှင့် ရမ်းဗြဲကျွန်းအကြားတွင် ကျွန်းငယ်ကလေးပေါင်း များစွာရှိသဖြင့် အရှေ့မြောက်ဖက်ရှိ ကျောက်ဖြူ သင်္ဘောဆိပ်ကမ်းကို သဘာဝအားဖြင့် လုံခြုံစေသည်။ ကျောက်ဖြူခရိုင်သည် အရှေ့ဖက်တွင် [[မင်းဘူးခရိုင်]]နှင့် နယ်နမိတ်ချင်း စပ်လျက်ရှိသော်လည်း ရခိုင်ရိုးမ တောင်ကြီး ခြားလျက် ရှိသောကြောင့် ကူးသန်းဆက်သွယ်ရန် အလွန်ခဲခက်၏။ ထိုရိုးမတောင်တန်းကို ဖြတ် ကျော်သည့် တောင်ကြား လမ်းထွက်ပေါက် ၂ ခုသာရှိရာ ယင်းတို့မှာ ဒလက်နှင့် အမ်းတောင်ကြားလမ်းများ ဖြစ်ကြ၏။ ဒလက်နှင့် အမ်းတောင်ကြားလမ်းမှာ ဖြတ်သန်းရန် အတော်ပင်ခက်ခဲ၏။ အမ်းတောင်ကြားလမ်းမှာမူ ပင်လယ်ပြင်အထက် ပေပေါင်း ၄၆၆၄ အထိ မြင့်သော်လည်း နွားလှည်းများပင် ဖြတ်ကျော်နိုင်လေသည်။ ဒလက်မြစ်တွင် ဒလက်ရွာအထိ၊ အမ်းမြစ်တွင် [[အမ်းမြို့]]အထိ လှေများဖြင့် ဆန်တက်နိုင်၏။ ကျွန်းများတွင် ချောင်းငယ်မြောင်းငယ်များ ရှိ၍ လှေငယ်များဖြင့် သွားလာနိုင်၏။ ကုန်းလမ်းခရီး၌ကား လမ်းပန်း အဆက်အသွယ် ကောင်းစွာ မရှိချေ။ ခရိုင်အတွင်းရှိ တောင်ကုန်းများပေါ်တွင် သစ်တောကြီးများရှိ၍ ပျဉ်းကတိုး၊ ကညင် စသည့်သစ်ကြီးများနှင့် ဝါးတောကြိမ်တောများ ဖြစ်ထွန်းသည်။

== စီးပွားရေး ==
စာကြောင်း ၁၉ -

ကျောက်ဖြူမြို့ပေါ်တွင် ယခုအခါ ရထားပွဲသဘင်ကို ဆင်ယင်ခြင်းမပြုလုပ်သော်လည်း ကျောက်ဖြူခရိုင် အတွင်း၌မူ အနှံ့အပြား ပြုလုပ်ကျင်းပမြဲ ကျင်းပလျက်ရှိသေးသည်။ မြန်မာသက္ကရာဇ် ၉၅ဝ ခန့်တွင် ရခိုင်ဘုရင် မင်းရာဇာကြီး၏ သားတော် မင်းခမောင်းနှင့်အတူ ဟံသာဝတီ နေပြည်တော်တွင် ရှိနေသော ရခိုင်စာဆိုတော် ဥက္ကာပျံသည် ရထားသဘင်နှင့် စပ်လျဉ်း၍ မင်းခမောင်းထံသို့ ဆက်သွင်းသော ဆယ့်နှစ်ရာသီရတုတွင်-
* ရာသီကုံလွဲ၊ တပို့ထွေးသည်၊

လွန်းပွေပင်၊ ပျော်ရွှင်လုရတ်မြေ။

* ရထားသဘင်၊ နှစ်စဉ်ငယ်ငင်သည်၊

သောင်းခွင် ဤလုပြည်ထက်။

* ရွှင်ပျော်ဖွေလူတို့၌

ရာဇဌာနေ၊ မင်းနေပြည်ဝယ်၊

ထိုထိုဇနပုတ်၌၊ ကျူးသံရိုက်

စာကြောင်း ၃၅ -

ကျောက်ဖြူခရိုင်သည် စတုရန်းမိုင်ပေါင်း ၄၇၉၃ ခန့် ကျယ်ဝန်း၍ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၄၃၉,၆၇၄ ရှိလေသည်။<ref>{{Citation |date=26 August 2014|title= Provisional Results Census 26 August 2014 FINAL|publisher= ပြည်သူ့အင်အားဦးစီးဌာန|page= ၃၀|url= http://www.dop.gov.mm/wp-content/uploads/2012/12/Census_Provisional_Results_2014_ENG1.pdf|accessdate=February 25, 2015}}</ref>

== ကိုးကား ==
<references/>

{{ရခိုင်ပြည်နယ်}}