ရိုမန် အေဘရာမိုဗစ်ချ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
clean up using AWB
စာကြောင်း ၁၁ -
| လူမျိုး =
| ပညာ =
| လုပ်ငန်း = စီးပွားရေးသမား</br />(ဆီကုမ္ပဏီ နှင့် ချယ်လ်ဆီး ဘောလုံးအသင်းပိုင်ရှင်)၊</br />နိုင်ငံရေးသမား
| ကြွယ်ဝမှု= အမေရိကန်ဒေါ်လာ ၁၁.၂ ဘီလျံ
| မွေးဖွားရာ =
စာကြောင်း ၂၄ -
| ဆု=
}}
ရိုမန် အာခဒဲဗစ်ချ် အေဘရာမိုဗစ်ချ် ကို ၁၉၆၆ အောက်တိုဘာ ၂၄ တွင် မွေးဖွားခဲ့ပြီး ရှရှားလူမျိုး စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ဖြစ်ပြီး ပုဂ္ဂလိက ရင်းနှီးမြုပ်နှံမှုကုမ္ပဏီ တခုဖြစ်သော Millhouse LLC Company ၏ အဓိကပိုင်ဆိုင်သူ တယောက်ဖြစ်သည်။ ရှရှား စီးပွားရေး မဂ္ဂဇင်းတစ်စောင်ဖြစ်သော Expert Magazine မှ ၂၀၀၃ တွင် အေဘရာမိုဗစ်ချ် ကို Person of the Year အဖြစ်ရွေးချယ်ခန့်အပ်ခဲ့သည်။ ထို ဘွဲ့ကို Mikhail Khodorkovsky နှင့်အတူ ယှဉ်တွဲသတ်မှတ်ခဲ့ခြင်းဖြစ်သည်။
 
ရှရှားနိုင်ငံ ပြင်ပတွင် အင်္ဂလိပ် ပရီးမီးယားလိဂ် ဘောလုံးအသင်းတသင်းဖြစ်သော ချယ်လ်ဆီး အသင်းကို ပိုင်ဆိုင်သူ တစ်ယောက်အဖြစ် လူသိများသည်။ ဥရောပဘောလုံးလောကတွင် သူ၏ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ပက်သက်မှုများမှာလဲ လူသိများ သည်။
စာကြောင်း ၃၉ -
သူသည် မော်စကိုရှိ Gubkin Institute of Oil and Gas ( Gubkin ရေနံနှင့် သဘာဝဓါတ်ငွေ့ အသက်မွေးဝမ်းကျောင်းသိပ္ပံ ) ကိုတက်ရောက်ခဲ့သည်။ ( ထိုသို့တက်ရောက်သင်ကြားနေစဉ် ကားတာယာများ ပြန်လည်ရောင်းချသည့် အလုပ်ကိုအရန်ထား လုပ်ကိုင်ခဲ့သည်။ ) ဆွစ် ကုန်သွယ်ရေး ကုမ္ပဏီတခုဖြစ်သော Runicom နှင့် လူသုံးကုန်ပစ္စည်းအသုံးအဆောင်များကို အရောင်းအဝယ် ပြုလုပ်ခဲ့သည်။
 
၁၉၈၈ တွင် ဆိုဗီယက် ပြည်ထောင်စုတွင် စီးပွားရေးလုပ်ငန်းရှင်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖွင့်ပေးသည့်အချိန်တွင် သူနှင့် သူဇနီးတို့သည် ကစားစရာ အရုပ်များပြုလုပ်သည့် ကုမ္ပဏီတခုကို တည်ထောင်ခဲ့သည်။ “ အဲဒီလုပ်ငန်းမှာ ချက်ချင်းဆိုသလို ငါတို့ အောင်မြင်ကြီးပွားသွားတာပဲ “ ဟု သူဇနီး အိုလ်ဂါ ကပြောခဲ့သည်။
 
အေဘရာမိုဗစ်ချ် ၏ စီးပွားရေးအမြင်ထက်သန်မှုကြောင့် နှစ်အနည်းငယ်အတွင်း သူ၏ ပိုင်ဆိုင်မှုမှာ ပိုမိုတိုးပွားလာခဲ့ပြီး ရေနံလုပ်ငန်းများ မှတဆင့် ဝက်မွေးမြူရေးလုပ်ငန်းနှင့် အခြားရင်းနှီးမြုပ်နှံမှုလုပ်ငန်းများကိုပါ တိုးချဲ့လုပ်ကိုင်လာခဲ့သည်။ ၁၉၉ဝ နှစ်များအစပိုင်းတွင် အနည်းဆုံး ကုမ္ပဏီ ၂ဝ ခန့်ကိုစုစည်းပြီး တာယာပြန်လည်အရောင်းအဝယ်ပြုလုပ်သည့် လုပ်ငန်းနှင့် သက်တော်စောင့်စုစည်းထား ရှိသည့် လုပ်ငန်းကို တည်ထောင်လုပ်ကိုင်ခဲ့သည်။ ၁၉၉၂ မှ ၁၉၉၅ အထိ တဆင့်ပြန်လည်ရောင်းချခြင်း၊ လူသုံးကုန်ပစ္စည်းများထုတ်လုပ်ခြင်းစသည့်လုပ်ငန်းများ လုပ်ကိုင်သည့် ကုမ္ပဏီ ၅ ခုကိုတည်ထောင်ခဲ့သည့်အပြင် ပွဲစားဆန်ဆန်အလုပ်များကိုလုပ်ကိုင်ခဲ့ပြီး နောက်ဆုံးတွင် ရေနံနှင့် ရေနံထွက်ပစ္စည်းများ ထုတ်လုပ် ရောင်းချသည့် လုပ်ငန်းကို အဓိကလုပ်ကိုင်ခဲ့သည်။
စာကြောင်း ၅၀ -
ထိုအရောင်းအဝယ်လုပ်ငန်းတွင် အငြင်းပွားဖွယ် ရှယ်ယာအစုများအတွက်ချေးငွေပေးရန် အစီအစဉ်နှင့် ရှယ်ယာဈေးကွက်တွင် ရင်းနှီးမြုပ်နှံထားသည့်ငွေမှာ အမေရိကန် ဒေါ်လာ သန်း ၁၅ဝ အောက်တွင်ရှိနေချိန်တွင် အစုစပ်တယောက်စီက ကုမ္ပဏီ၏ တဝက်တန်ဖိုးအတွက် အမေရိကန်ဒေါ်လာ သန်း ၁၀ဝ ပေးခဲ့ကြပြီး ဘီလျံများအဖြစ် အလွန်လျင်မြန်စွာ ပြောင်းလဲမြှင့်တင်ခဲ့သည်။
 
စောင့်ကြည့်လေ့လာသူများက ပြန်လည်သုံးသပ်ခဲ့ရာ ထိုသို့ ကုမ္ပဏီ၏ တန်ဖိုးအလွန်လျင်မြန်စွာမြင့်တက်လာမှုကြောင့် ကုမ္ပဏီ၏ အမှန်တကယ်ရင်းနှီးမြုပ်နှံထားသည့်ငွေသည် ဒေါ်လာဘီလျံများစွာရှိလိမ့်မည်ဟု ခန့်မှန်းဖော်ထုတ်ခဲ့ကြသည်။ နောက်ပိုင်း အေဘရာမိုဗစ်ချ် သည် တရားရုံးတွင် အစိုးရအရာရှိများအား ဒေါ်လာ ဘီလျံပေါင်းများစွာ လာဘ်ထိုးခဲ့ကြောင်းနှင့် ကုမ္ပဏီမှ ဒေါ်လာဘီလျံပေါင်းများစွာနှင့် အခြားပိုင်ဆိုင်သည့် အဖိုးတန်ပစ္စည်းများ (အလူမီနီယံစစ်ပွဲအတွင်း အလူမီနီယံလုပ်ငန်းမှ အဖိုးတန်ပစ္စည်းများ) ကို လူဆိုးဂိုဏ်းများ၏ လုယက်မှုရန်မှ ကာကွယ်ပေးမှုရရှိခဲ့ကြောင်းကို ထုတ်ဖော် ပြောကြား ခဲ့သည်။
 
ထို့ကြောင့် အေဘရာမိုဗစ်ချ် ၏ ငွေကြေးစီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်း အလုပ်အကိုင်၏ အရေးကြီးသော လုပ်ငန်းအဆင့်ဆင့်များမှာ.. Comfort co-op (ပလက်စတစ် အရုပ်များထုတ်လုပ်သည့် ကုမ္ပဏီ) တွင် ဥက္ကဌ အဖြစ် ၁၉၈၉ ဇန်နဝါရီ မှ ၁၉၉၁ မေလ အထိ ၊ မော်စကို ရှိ ABK အင်တာပရိုက် လုပ်ငန်းအငယ်စား တွင် ဒါရိုက်တာအဖြစ်၁၉၉၁ မေ လ မှ ၁၉၉၃ မေ လထိ ဖြစ်သည်။ မတူညီသော သတင်းဖော်ပြချက်များအရ ရိုမန် အေဘရာမိုဗစ်ချ် သည် ၁၉၉၂ မှ ၁၉၉၅ အတွင်း လူသုံးကုန်ပစ္စည်းများထုတ်လုပ်သည့် လုပ်ငန်းအပါအဝင် ကုမ္ပဏီ ၅ ခုကိုတည်ထောင်ခဲ့ပြီး အရောင်းအဝယ်ပြုလုပ်ခဲ့သည်။
စာကြောင်း ၆၈ -
ဆိုဗီယက်ရေနံ ကုမ္ပဏီကြီးတခုဖြစ်သော Sibneft တွင် ကုမ္ပဏီကို ချယ်လှယ်အုပ်စိုးနိုင်လောက်အောင် ရှယ်ယာအများစုကို ပိုင်ဆိုင် ရရှိခဲ့သည်။ အေဘရာမိုဗစ်ချ် သည် ဘောရစ် ဘာရက်ဇော့ဗ်စကီး နှင့် ပေါင်းစည်းလုပ်ကိုင်ခဲ့ပြီး ရှရှားရေနံ ကုမ္ပဏီ Sibneft ကို ဒေါ်လာ ၁၀၀.၃ သန်း ပေးပြီး ဝယ်ယူခဲ့သည်။ ( လက်ရှိ ဒေါ်လာပေါက်ဈေးအရ ၂.၇ ဘီလျံတန်ဖိုးရှိသည် )
 
Sibneft ရေနံ ကုမ္ပဏီမှ တနှစ်လျှင် ဒေါ်လာ ၃ ဘီလျံဖိုး ရေနံထုတ်လုပ်နိုင်ခဲ့သည်။ အေဘရာမိုဗစ်ချ် သည် Sibneft Company မှ ရင်းနှီးထားသော ရှယ်ယာများကို ရယူရန်အတွက် သူ့၏ သူငယ်ချင်းဖြစ်သူ ဘောရစ် ဘာရက်ဇော့ဗ်စကီး နှင့် ပေါင်းပြီး အကျိုးအမြတ်လျင်မြန်စွာ ရမည့် မရိုးသားသော အလုပ်များကိုလုပ်ကိုင်ခဲ့သည်။ နောက်ဆုံးတွင် ရေနံလုပ်ငန်းပိုင်ရှင်သူဌေးက စတော့ရှယ်ယာများကို ဈေးကွက်ပေါက်ဈေးထက် ၂၅ ဆ လျော့ပြီး ပေးရန် စီစဉ်ပေးခဲ့သည်။ သူအား ဘက်ဒရီ ပတ်တာကက်စီရှဗီလီ က ကူညီခဲ့သည်ဟု Times Magazine မှ အခိုင်အမာပြောဆိုခဲ့သည်။ ထိုသို့ရှယ်ယာများရရှိခဲ့မှုမှာ သမ္မတ ဘောရစ် ယဲ့ဆင် စတင်လုပ်ဆောင်ခဲ့သော အငြင်းပွားဖွယ် ရှယ်ယာအတွက်ချေးငွေအစီအစဉ်ကို အသုံးချပြီးရရှိခဲ့ခြင်း ဖြစ်သည်။
 
ရေနံလုပ်ငန်းစု တခုဖြစ်သော Sibneft ကို ရရှိခဲ့ပြီးနောက်တွင် အေဘရာမိုဗစ်ချ် သည် အလူမီနီယံလုပ်ငန်းကိုဦးဆောင်လုပ်ကိုင်နိုင်ရန် အဓိကထားခဲ့သည်။ ပုဂ္ဂလိကပိုင်ဆိုင်မှုအဖြစ်လွဲပြောင်းပေးရေးအတွက် အပြန်အလှန်အကြီးအကျယ်ဒုက္ခ ပေးခဲ့ကြသော သတ္တုကျိုချက်စက်ရုံ မန်နေဂျာများ၊ သတ္တုကုန်သည်များနှင့် သတင်းထောက်များက ဦးဆောင်ပြီး အလူမီနီယံလုပ်ငန်းကို လက်ဝါးကြီးအုပ် ထိန်းချုပ် လုပ်ကိုင်နိုင်ရန် အတွက် အလူမီနီယံစစ်ပွဲအဖြစ် အုပ်စုဖွဲ့ရင်ဆိုင် တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြပြီး အေဘရာမိုဗစ်ချ် သည် ထို အလူမီနီယံစစ်ပွဲတွင် အောင်နိုင်သူတစ်ယောက်အဖြစ် ထင်ရှားစွာ ပေါ်ထွက်လာခဲ့သည်။
 
ရေနံလုပ်ငန်းစု တခုဖြစ်သော Sibneft ကို ရရှိခဲ့ပြီးနောက်တွင် အေဘရာမိုဗစ်ချ် သည် အလူမီနီယံလုပ်ငန်းကိုဦးဆောင်လုပ်ကိုင်နိုင်ရန် အဓိကထားခဲ့သည်။ ပုဂ္ဂလိကပိုင်ဆိုင်မှုအဖြစ်လွဲပြောင်းပေးရေးအတွက် အပြန်အလှန်အကြီးအကျယ်ဒုက္ခ ပေးခဲ့ကြသော သတ္တုကျိုချက်စက်ရုံ မန်နေဂျာများ၊ သတ္တုကုန်သည်များနှင့် သတင်းထောက်များက ဦးဆောင်ပြီး အလူမီနီယံလုပ်ငန်းကို လက်ဝါးကြီးအုပ် ထိန်းချုပ် လုပ်ကိုင်နိုင်ရန် အတွက် အလူမီနီယံစစ်ပွဲအဖြစ် အုပ်စုဖွဲ့ရင်ဆိုင် တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြပြီး အေဘရာမိုဗစ်ချ် သည် ထို အလူမီနီယံစစ်ပွဲတွင် အောင်နိုင်သူတစ်ယောက်အဖြစ် ထင်ရှားစွာ ပေါ်ထွက်လာခဲ့သည်။
 
၂၀၀၁ ခုနှစ်တွင် မစ္စတာ ဘက်ဒရီ ပတ်တာကက်စီရှဗီလီ က သူအား မစ္စတာ ဘာရက်ဇော့ဗ်စကီး သို့အမေရိကန် ဒေါ်လာ ၁.၃ ဘီလျံ ( ပေါင် ၉၂၅ သန်း) ပေးဖို့ပြောခဲ့လို့ ပတ်တာကက်စီရှဗီလီ နှင့် သူ ဆွစ်ဇာလန်နိုင်ငံ စိန့်မောရစ် လေယာဉ်ကွင်းမှာ အသေအကြေ တိုက်ခိုက်ခဲ့ကြတယ် လို့အေဘရာမိုဗစ်ချ် က ဖော်ထုတ် ပြောကြားခဲ့သည်။ အေဘရာမိုဗစ်ချ် က မစ္စတာ ဘာရက်ဇော့ဗ်စကီး နဲ့ပက်သက်လို့ နောက်ဆုံးပေးချေမှုအဖြစ် သဘောထားပြီး ပေးဖို့ကို သဘောတူခဲ့သည်။ ထို့နောက် မစ္စတာ ဘာရက်ဇော့ဗ်စကီးနဲ့ မစ္စတာ ပတ်တာကက်စီရှဗီလီတို့ အချင်းချင်း အေဘရာမိုဗစ်ချ် နဲ့သူ့ရဲ့ လုပ်ငန်းတွေနဲ့ ပက်သက်ပြီး လူအများသိစေမယ့် အပြုအမူမျိုးကို ရပ်တန့် သွားလိမ့်မယ် လို့ လည်း မျှော်လင့်ခဲ့တယ်။
Line ၉၅ ⟶ ၉၄:
=== ဘောရစ် ဘာရက်ဇော့ဗ်စကီး စွပ်စွဲချက်များ ===
==== ခြိမ်းခြောက်ငွေညှစ်သည်ဟု စွပ်စွဲခံရခြင်း ====
ယခင်စီးပွားရေးလုပ်ဖော်ကိုင်ဖက်တဦးဖြစ်သူ ဘောရစ် ဘာရက်ဇော့ဗ်စကီး က ၂၀၀၈ တွင် အေဘရာမိုဗစ်ချ် သည် သူပိုင်ဆိုင်သည် အရေးပါပြီး တန်ဖိုးကြီးရှယ်ယာများကို သူ့တို့၏အမှန်တကယ် ပေါက်ဈေးထက်လျော့ချပြီး ရောင်းရန် ခြိမ်းခြောက်ကြိမ်းဝါးခြင်းဖြင့် ထပ်တလဲလဲ နှောက်ယှက် တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲခဲ့သည်။ ထိုစွပ်စွဲချက်အတွက် အေဘရာမိုဗစ်ချ် သည် အမေရိကန်ဒေါ်လာ ၃.၃ ဘီလျံ ( ယူရို ၂.၃၅ ဘီလျံ၊ ပေါင် ၂ ဘီလျံ ) လျော်ကြေးပေးခဲ့ရသည်။
 
ဘာရက်ဇော့ဗ်စကီး က သူရောင်းချခဲ့သော Sibneft ရှိ သူ၏ရှယ်ယာသည် ယနေ့ပေါက်ဈေးအရ ဒေါ်လာသန်း ၆၅ဝ ( ယူရို ၄၆၂ သန်း/ ပေါင် ၃၂၆ သန်း ) တန်ကြေးရှိကြောင်း ပြောကြားခဲ့သည်။ Rusal ရှိ ရှယ်ယာများအတွက် ဒေါ်လာ သန်း ၄၅ဝ ( ယူရို သန်း ၃၂၀/ ပေါင် ၂၇၂ သန်း ) ရရှိခဲ့သည်။ Sibneft ရှိ ရှယ်ယာများအတွက် အမေရိကန် ဒေါ်လာ ၂ ဘီလျံ ( ယူရို ၁.၄၂ ဘီလျံ/ ပေါင် ၁.၂ ဘီလျံ ) ထက်ပိုပြီးရသင့်ကြောင်းနှင့် Rusal ရှယ်ယာများအတွက် အမေရိကန်ဒေါ်လာ ၁.၅ ဘီလျံ ( ယူရို ၁.၀၆ ဘီလျံ/ ပေါင်သန်း ၉၀ဝ ) ထက်ပိုပြီးရသင့်သည်ဟု အခိုင်အမာပြောဆိုခဲ့သည်။ သစ်တောအမှုထမ်း အင်ဂျင်နီယာဟောင်းနှင့် တပတ်ရစ်ကားအရောင်းစာရေးက အေဘရာမိုဗစ်ချ် သည် အမေရိကန်ဒေါ်လာ ၁၇.၉ ဘီလျံ ( ယူရို ၁၂.၇၃ ဘီလျံ/ပေါင် ၁၀.၈ ဘီလျံ ) ခန့်ပိုင်ဆိုင်သည့် အနက် အဓိကကျသော အစိတ်အပိုင်းဖြစ်သည့် အမေရိကန်ဒေါ်လာ ၃.၃၆ ဘီလျံ ( ယူရို ၂.၃၉ ဘီလျံ/ ပေါင် ၂.၀၃ ဘီလျံ ) သည် ဘာရက်ဇော့ဗ်စကီး ထံမှရခဲ့ကြောင်း အခိုင်အမာ ပြောဆိုခဲ့သည်။ ဘာရက်ဇော့ဗ်စကီး ကို ပေါင်သန်း ၅၀ဝ ခန့်သာပေးဖို့ထိုက်တန်ကြောင်း ထင်မြင်ယူဆကြသည်။
Line ၁၁၇ ⟶ ၁၁၆:
 
=== ရုရှားတွင် တရားဥပဒေ ချိုးဖောက်မှုများ ===
နိုင်ငံတကာ အခြေခံ လူတန်းစား သံတော်ဆင့် International Herald Tribune မှ အစီရင်ခံရာတွင် “ရုရှား၏ စီးပွားရေး ဥပဒေ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ မှ Wednesday သို့ ကရင်မလင် နှင့် ရင်းနှီးကျွမ်းဝင်တဲ့ စီးပွားရေး လုပ်ငန်းရှင် ရိုမန် အေဘရာမိုဗစ်ချ် တစ်ဝက်ပိုင်ဆိုင်နေတဲ့ Evraz Holding လုပ်ငန်းက လက်ဝါးကြီးအုပ်စီးပွားရေးကိုကာကွယ်ထားသည့် ဥပဒေများ ကိုချိုးဖောက်၍ စားသုံးသူများကို ကျောက်မီးသွေး များ ကိုဈေးတင် ရောင်းချခဲ့သည် ဟု ပြောခဲ့သည်။” ဟု ဖော်ပြပါရှိသည်။
 
 
== အေဘရာမိုဗစ်ချ် နှင့် ဥရောပ ဘောလုံး ==
Line ၁၃၀ ⟶ ၁၂၈:
ထိုနှစ်ဘောလုံးရာသီပြီးဆုံးချိန် ၂၀၀၅ ဇွန်တွင် ချယ်လ်ဆီး အသင်းသည် ပေါင်သန်း ၁၄ဝ ( ယူရို ၁၆၅ သန်း ) အရှုံးပေါ်ခဲ့ပြီး ၂၀၁ဝ မရောက်ခင်အထိ အကျိုးအမြတ်မရနိုင်တော့ကြောင်းထုတ်ပြန်ကြေငြာခဲ့သည်။ သို့သော် ၂၀၀၆ ဘောလုံးရာသီပြီးဆုံးချိန်တွင် ချယ်လ်ဆီး အသင်း၏ ဆုံးရှုံးမှုသည် ပေါင် ၈၀.၂ သန်း ( ယူရို ၉၄.၃ သန်း ) အထိ လျော့ကျခဲ့ကြောင်း ထုတ်ပြန် ကြေငြာချက်ခဲ့သည်။ ၂၀၀၆ ဒီဇင်ဘာ အေဘရာမိုဗစ်ချ် နှင့် တွေ့ဆုံမေးမြန်းခန်းတွင် လာမည့်နှစ်အပြောင်းအရွေ့ရာသီတွင် ချယ်လ်ဆီး ၏ အသုံးစရိတ်သည် လျော့နည်းသွားမည်ဟု မျှော်လင့်ကြောင်း၊ သို့သော် နောက်ဆုံးတွင်ထိုအခြေအနေမှ လွန်မြောက်သွားလိမ့်မည်ဟုထင်မြင်မိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
 
သူသည် ချယ်လ်ဆီး ဘောလုံးအသင်းကစားသည့်ပွဲတိုင်းလိုလိုကို သွားရောက်ကြည့်ရူခဲ့ပြီး ဘောလုံးအားကစားကို ကြိုက်နှစ်သက်ပြီး ထောက်ခံအားပေးသူတယောက်ပုံစံဖြင့် ပွဲကစားနေချိန်တွင် စိတ်လှုပ်ရှားမှုများကို မြင်သာထင်ရှားအောင် ပြသလေ့ရှိပြီး ပွဲပြီးချိန်တွင် အားကစားသမားများ၏ အဝတ်လဲခန်းများသို့ သွားရောက်လည်ပတ်လေ့ရှိသည်။ သို့သော် ၂၀၀၇ အစောပိုင်းတွင် အထူးသဖြင့် အန်ဒရီ ရှက်ဗ်ချန်ကို လို ကစားသမားများရောက်ရှိလာခဲ့သည့် ကိစ္စရပ်များနှင့် ပက်သက်ပြီး သူတို့ နှစ်ယောက်ကြား သဘောထားခြင်း မတိုက်ဆိုင်ပဲ စကားများခဲ့ကြပြီး အေဘရာမိုဗစ်ချ် နှင့် အသင်းမန်နေဂျာ မော်ရင်ဟိုတို့ အကြား ရန်ငြိုးရန်စရှိသည်ဟူသော ကောလဟာလ သတင်းများ သတင်းစာများတွင် ပေါ်ထွက်လာခဲ့ပြီးနောက်တွင် ထိုအပြုအမူများမှာ ရပ်ဆိုင်း သွားခဲ့သည်။
 
ဂျိုစ့် မော်ရင်ဟိုမှ ၂၀၀၇ စက်တင်ဘာ ၂ဝ နေ့စောစောပိုင်းတွင် အသင်းအုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးအပြီးတွင် အပြန်အလှန်သဘော တူညီမှုအရ ချယ်လ်ဆီး အသင်း မန်နေဂျာအဖြစ်မှ နုတ်ထွက်ကြောင်း ကြေငြာခဲ့သည်။
 
ယခင် အစ္စရေးနည်းပြနှင့် ချယ်လ်ဆီး အသင်း ဒါရိုက်တာဟောင်း အီဗရာ ဂရန့် ကို မော်ရင်ဟိုနေရာတွင် ခန့်အပ်ခဲ့သည်။ ချယ်လ်ဆီး အသင်းကို ဂရန့် စတင်တာဝန်ယူသည့်အချိန် ( ၂၀၀၇ နွေရာသီ ) မှစပြီး သူနှင့် မော်ရင်ဟိုအကြားတွင် ပဋိပက္ခများဖြစ်ပွားခဲ့သည်။
 
မော်ရင်ဟိုမှ ဂရန့်အား အသင်းကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုလုပ်ရန်လူသိရှင်ကြားထုတ်ဖော် ပြောကြားခဲ့သော်လည်း အုပ်ချုပ်ရေးအဖွဲ့တွင် အဖွဲ့ဝင်တယောက်ဖြစ်ခဲ့ပြီးနောက်တွင် အေဘရာမိုဗစ်ချ် ၏ ထောက်ခံအားပေးမှုဖြင့် ဂရန့် သည် အသင်းတာဝန်ရှိ သူများစာရင်းတွင် ပါဝင်ခဲ့သည်။ ထိုအဖြစ်အပျက်သည် မော်ရင်ဟိုနှင့် ဆက်ဆံမှုအခြေအနေအား ပိုမိုမကောင်းမွန်စေခဲ့သည့်အပြင် မော်ရင်ဟိုအား ရုတ်တရက်ထွက်ခွာစေဖို့ အထောက်အကူဖြစ်စေသည့် အကြောင်းရင်းတချက် ဖြစ်စေခဲ့သည်။
 
မော်ရင်ဟိုမှ ဂရန့်အား အသင်းကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုလုပ်ရန်လူသိရှင်ကြားထုတ်ဖော် ပြောကြားခဲ့သော်လည်း အုပ်ချုပ်ရေးအဖွဲ့တွင် အဖွဲ့ဝင်တယောက်ဖြစ်ခဲ့ပြီးနောက်တွင် အေဘရာမိုဗစ်ချ် ၏ ထောက်ခံအားပေးမှုဖြင့် ဂရန့် သည် အသင်းတာဝန်ရှိ သူများစာရင်းတွင် ပါဝင်ခဲ့သည်။ ထိုအဖြစ်အပျက်သည် မော်ရင်ဟိုနှင့် ဆက်ဆံမှုအခြေအနေအား ပိုမိုမကောင်းမွန်စေခဲ့သည့်အပြင် မော်ရင်ဟိုအား ရုတ်တရက်ထွက်ခွာစေဖို့ အထောက်အကူဖြစ်စေသည့် အကြောင်းရင်းတချက် ဖြစ်စေခဲ့သည်။
 
အီဗရာ ဂရန့် သည် ချယ်လ်ဆီး အသင်းအား အင်္ဂလိပ်ပရီးမီးယားရှစ် နှင့် ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲများတွင် ဒုတိယနေရာလုပွဲအထိရောက်အောင်ပို့ပေးနိုင်ခဲ့ပြီး ပြိုင်ပွဲ နှစ်ခုလုံးတွင် မန်ချက်စတာယူနိုက်တက် အသင်းကိုနောက် ဒုတိယနေရာ သို့ရောက်ရှိခဲ့သည်။ သို့သော်ငြားလည်း မေ ၂၄ နေ့တွင် အေဘရာမိုဗစ်ချ် သည် ဂရန့် ကို မန်နေဂျာနေရာမှ ထုတ်ပယ်ခဲ့သည်။ ၂၀၀၈ ဇွန် ၁၁ နေ့တွင် လူးဝစ် ဖိလစ် စကိုလာရီ မှ ၂၀၀၈ ဇူလိုင် ၁ နေ့မှ စပြီး အသင်း မန်နေဂျာ တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ကြေငြာ ခဲ့သည်။
Line ၁၅၁ ⟶ ၁၄၈:
=== ရုရှားအမျိုးသား ဘောလုံးအသင်း ===
'''ဂျာမနီ ကမ္ဘာ့ဖလားမှ အေဘရာမိုဗစ်ချ် '''
အေဘရာမိုဗစ်ချ် သည် ရှရှားအမျိုးသားဘောလုံးအသင်း၏ နည်းပြအဖြစ် ရှရှားသို့ခေါ်ဆောင်ခဲ့ရာတွင် ကျယ်ပြန့်သော ကဏ္ဍအခန်းကမှ ပါဝင်ခဲ့သည်။ ဟစ်ဒင့် ၏ PSV Eindhoven ဘောလုံးအသင်း ကင်းထောက်အဖွဲ့ခေါင်းဆောင်ဟောင်း နှင့် အေဘရာမိုဗစ်ချ် ၏ ချယ်လ်ဆီး အသင်းမှ ကိုယ်ရေးအရာရှိ ဖြစ်သူ ပီယတ် ဒီ ဗစ်ဆာ သည် ချယ်လ်ဆီး အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ် အား ဟစ်ဒင့် ကိုခေါ်ယူရန် ထောက်ခံအားပေးခဲ့သည်။
 
ဒီ ဗစ်ဆာ သည် ၂၀၀၈-၀၉ ဘောလုံးရာသီ၏ နောက်ဆုံးလများတွင် ဟစ်ဒင့် ကို ယာယီ ချယ်လ်ဆီး အသင်းမန်နေဂျာအဖြစ်ခန့်အပ်နိုင် ရန် အတွက် အရေးပါအရာရောက်သူတယောက်ဖြစ်ခဲ့သည်။
 
===အမျိုးသားဘောလုံးပညာသင်တန်းကျောင်း==
Line ၁၆၇ ⟶ ၁၆၄:
ကရင်မလင် မှ တချို့ လူနည်းစုဖြစ်သော လက်ဝါးကြီးအုပ်စီးပွားရေးသမားများအား ၎င်းတို့၏ အတိတ်က အောင်မြင်ခဲ့သော လုပ်ငန်းများနှင့်ပက်သက်၍ တာဝန်ယူ ပေးရန် ကရင်မလင်မှ ဆုံးဖြတ်ချက်ချဖို့ အရိပ်အရောင် သန်းလာသောအခါ Sibneft နှင့် Yukos လုပ်ငန်းများကို ပေါင်းစည်းလိုက်ဖို့ အဆိုပြုခြင်းသည် အများစု၏ အမြင်တွင် သူ၏ ရုရှားမှ ထွက်ခွာရန် လှုပ်ရှားမှု တစ်ခု ဟု မြင်ကြသည်။
 
Sibneft မှ ဘောရစ် ဘာရက်ဇော့ဗ်စကီး ပိုင်ဆိုင်သည့် ရှယ်ယာများကို အငြင်းပွားဖွယ်ရာ ရောင်းချခဲ့မှုတွင် အေဘရာမိုဗစ်ချ် သည် အလွန်နီးကပ်စွာ ပါဝင်ပက်သက်မှုရှိခဲ့သည်။ သို့သော် ဘာရက်ဇော့ဗ်စကီး က ၂၀၀၅ ဇူလိုင်တွင် “ သူတိုင်းပြည်မှ ထွက်ခွာခဲ့ပြီးနောက် သူပိုင်ဆိုင်သည့် ရှရှားမှ တန်ဖိုးကြီးရှယ်ယာများအားလုံးကို အေဘရာမိုဗစ်ချ် သို့ အလွန်သက်သာသည့် ဈေးနှုန်းဖြင့်ရောင်းချရန် ဖိအားပေးခံခဲ့ရမှုနှင့် ပက်သက်ပြီး အေဘရာမိုဗစ်ချ် ကို ဗြိတိန်တရားရုံးတွင် တရားစွဲဆိုမည် ” ဟု ကြေငြာခဲ့သည်။
 
အေဘရာမိုဗစ်ချ် အားအုပ်ချုပ်သူအဖြစ် နောက်ထပ်ရာထူးသက်တမ်းတခု ထပ်မံတာဝန်ထမ်းဆောင်ရန် ၂၀၀၅ အောက်တိုဘာ ၂၁ နေ့တွင် အတည်ပြုခန့်အပ်ခဲ့ပြီး ချော့ကော့တ်ကာ ၏ ဒေသတွင်း ဥပဒေပြုအဖွဲ့သို့သဘောတူညီချက်ရယူရန်အတွက်ပေးပို့ ပြီးဖြစ်ကြောင်း ကရင်မလင် ပုံနိုပ်သတင်းဌာနမှ အစီရင်ခံဖော်ပြခဲ့သည်။
 
=== ဗလာဒီမာ ပူတင် ===
ရှရှားဝန်ကြီးချုပ် ဗလာဒီမာပူတင် ၏ အတ္ထုပ္ပတ္တိရေးသူ ခရစ် ဟွတ်ချင်းစ် က ယခင်ရှရှား သမ္မတ နှင့် အေဘရာမိုဗစ်ချ် တို့၏ ဆက်ဆံရေး သည် အဖေနှင့် သူ့အချစ်ဆုံးသားတယောက်တို့၏ ကြားရှိဆက်ဆံသကဲ့သို့ပင်ဖြစ်ကြောင်း ရေးသားဖော်ပြခဲ့သည်။ အေဘရာမိုဗစ်ချ် က ပူတင်နှင့် သူ၏ ဆက်ဆံရေးသည် ကျွမ်းကျင်သည့် စီးပွားရေးသမားများကဲ့သို့ပင်ဖြစ်ကြောင်း၊ သူ၏ အသုံးအနှုန်းကို ပူတင်အား သမားရိုးကျမဆန်ဟူသော စကားလုံး “ты” ( ပြင်သစ်လို “tu” ) ၏ ဆန့်ကျင်ဘက် ဖြစ်သော သမားရိုးကျဆန်သည်ဟူသော - “Вы” ( ပြင်သစ်လို “vous” ) စကားလုံးဖြင့်ဖော်ပြခဲ့သည်။
 
== ပုဂ္ဂိုလ်ရေးဘဝ ==
Line ၁၈၈ ⟶ ၁၈၅:
=== အခြားစိတ်ဝင်စားမှုများနှင့် လှုပ်ရှားမှုများ ===
==== အနုပညာ ====
Roman အေဘရာမိုဗစ်ချ် သည် လန်ဒန်မြို့ Somerset House ရှိ Gilbert Collection တွင် ၂၀၀၆ နိုဝင်ဘာ ၂၉ နေ့ တွင် စတင်ဖွင့်လှစ်ခဲ့သော နာမည်ကျော် ဆိုဗီယက်ဓါတ်ပုံဆရာ Max Penson ( 1893 – 1959 ) ၏ Uzbekistan တွင် ရိုက်ကူးထားသော ဓါတ်ပုံများကို ခင်းကျင်းပြသသော ဓါတ်ပုံပြပွဲကို အကုန်အကျခံကာ ကြီးမှူးကျင်းပပေးခဲ့သည်။
 
ယခင် ၂၀၀၅ ခုနှစ်တုန်းကလည်း ထိုပြခန်းတွင်ပင်ကျင်းပခဲ့သော"Quiet Resistance: Russian Pictorial Photography 1900s–1930s" ဓါတ်ပုံပြပွဲကို ကြီးမှူးကျင်းပပေးခဲ့ဖူးသည်။ ထိုပြပွဲ ၂ ခုလုံးကို Moscow House of Photography မှ စီစဉ်ကျင်းပခဲ့ခြင်းဖြစ်သည်။
Line ၂၁၀ ⟶ ၂၀၇:
Pelorus ( ၁၁၅ မီတာ/ ၃၇ရ ပေ ရှည် ) – Lurssen မှ အခြားဝယ်သူတဦးအတွက် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အေဘရာမိုဗစ်ချ် ကမ်းလှမ်းသည့်ဈေးကို လက်မခံမီနှင့် အလုံးစုံတည်ဆောက် မပြီးစီးခင်မှာပင် Pelorus ကို ရောင်းရန်အတွက် ၆ ကြိမ်တိုင်တိုင် ကမ်းလှမ်းခြင်း ခံခဲ့ရသည်။
 
အတွင်းပိုင်းအပြင်အဆင်မှာ Terence Disdale မှ အလွန်ခေတ်မီသောဒီဇိုင်းဖြင့် ပြင်ဆင်ထားခြင်းဖြစ်ပြီး ထိုပုံများကို သူတို ့ကိုယ်ပိုင် Website တွင်တွေ့နိုင်သည်။ ၂၀၀၅ ခုနှစ်တွင် Blohm ¬+ Voss တို့မှ သူ၏ ဟယ်လီကော်ပတာ ရပ်နားထားစဉ် အခြားဟယ်လီ ကော်ပတာတစီး ထပ်မံဆင်းသက်နိုင်ရန် တီထွင်ထားသည့် ရှေ့ကိုရွေ့နိုင်သည့် ဟယ်လီကော်ပတာကွင်းတကွင်းနှင့် ရပ်နားထားစဉ် တိမ်းစောင်းခြင်းမရှိပဲ တည်ငြိမ်နေစေရန်အတွက် zero speed stabilisers တို့ကိုထပ်မံတပ်ဆင်ထားသည်။
 
၂၀၀၇-၂၀၀၈ တွင် Blohm + Voss တို့မှပင်တချို့အစိတ်အပိုင်းများကို ထပ်မံတပ်ဆင်ခဲ့သည်။ ၂၀၀၈ နွေရာသီတွင် ထိုရွက်လှေသည် Wastern Med ( ပြင်သစ်တောင်ပိုင်းနှင့် ဆာဒီနီးယား ) တွင် ရှိနေခဲ့ပြီး ဒီဇင်ဘာတွင် Canary Islands တွင် ခရီးတထောက်နားခဲ့ပြီး Atlantic သမုဒ်ဒရာကို ဖြတ်ကျော်ခဲ့သည်။ အေဘရာမိုဗစ်ချ် သည် St Bart’s တွင် နှစ်သစ်ကူးအကြိုပွဲအခမ်းအနားကို မကြာခဏကျင်းပလေ့ ရှိသည်။
Line ၂၁၈ ⟶ ၂၁၅:
Le Grand Bleu ( ၁၁၂ မီတာ/ ၃၇ဝ ပေရှည် လေ့လာရေးခရီးသွားရွက်လှေ ) - ယခင်က John McCaw ပိုင်ဆိုင်ခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် အေဘရာမိုဗစ်ချ် က ဝယ်ယူခဲ့ပြီး ၁၆ ပေ ( ၄.၉ မီတာ ) ရှိ ရေကူးစင်နှင့် ကစားကွင်းကို ထပ်မံတပ်ဆင်ခဲ့သည်။ ၂၀၀၆ ဇွန်တွင် သူ၏ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းဖြစ်သူ Eugene Shvidler ကို ထိုရွက်လှေအား လက်ဆောင်အဖြစ် ပေးခဲ့သည်။
 
Ecstasea ( ၈၅ မီတာ/ ၂၈၂ ပေ ရှည် ) – ယနေ့ထိတိုင် Feadship ဆောက်လုပ်ခဲ့သော ရွက်လှေများတွင် အကြီးဆုံးရွက်လှေ တစီးဖြစ်သည်။ သမားရိုးကျ ဒီဇယ်ဆီသုံးမောင်းနှင်နိုင်သည့်စနစ်အပြင် ဓါတ်ငွေ့သုံးတာဘိုင်ကိုပါ တပ်ဆင်ထားသဖြင့် အလွန် လျင်မြန်သောအရှိန်အဟုန်ဖြင့် ခုတ်မောင်းနိုင်သည်။ ၂၀၀၉ ခုနှစ်တွင် အမည်မဖော်လိုသူတယောက်ထံသို့ ရောင်းချခဲ့သည်။
 
==== အေဘရာမိုဗစ်ချ် ပိုင် လေယာဉ်များ ====
Line ၂၂၇ ⟶ ၂၂၄:
 
အနက်ရောင်အောက်ခံပေါ်တွင် အပြာရောင်ရှိ Bugatti Veyron, Maserati MC12 Corsa, Ferrari 360, Porsche Carrera GT, နဂိုမူလကတည်းက အိုင်ယာလန် သမ္မတနိုင်ငံတွင် မှတ်ပုံတင်ထားသော VIP-1 နံပါတ်ပြားဖြင့် Rolls Royce Corniche, Porsche 911 GT1 နှင့် Mercedes-Benz CLK GTR စသည့် ကားအမျိုးအစားများကို လဲပိုင်ဆိုင်သည်။
 
 
[[Category:သန်းကြွယ်သူဌေးများ]]