ဗန်းမော်ဆရာတော်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Robot: Cosmetic changes
အရေးမကြီးNo edit summary
စာကြောင်း ၄၁ -
ဆရာတော်သည် [[မင်းတုန်းမင်း|မင်းတုန်းမင်းတရားကြီး]] လက်ထက်တွင် အလွန်ထင်ရှား ကျော်စောသည်။ [[သင်္ဂဇာဆရာတော်]] ၊ [[ရွှေကျင်ဆရာတော်]] ၊ [[သက်ပန်းဆရာတော်]] တို့နှင့် ခေတ်ပြိုင်ဖြစ်သည်။ မင်းတုန်းမင်းတရားကြီးက`'''ပဏ္ဍိတ ဝံသာဘိဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု'''´ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းသည်။
 
ဆရာတော်သည် စကားအရာ၌ လိမ္မာပါးနပ်ပြီး တရားဟောလည်းကောင်းသည်။ ထိုခေတ်က ဗန်းမော်ဆရာတော်အပြင် ထိုနည်းတူဆရာတော်တစ်ပါးလည်းရှိလေသည်။ ထိုဆရာတော်မှာ [[ထွဋ်ခေါင် ဆရာတော်ထွဋ်ခေါင်ဆရာတော်]] ဖြစ်လေသည်။ ဆရာတော်နှစ်ပါးတို့သည် စကားပရိယာယ်ကြွယ်ဝကြသဖြင့် တစ်ပါးနှင့်တစ်ပါး စကားနာထိုးတက်ကြလေသည်။
 
ဆရာတော်သည် ဘာသာရေး၊ တိုင်းရေးပြည်ရေး တို့တွင် အမှုမဲ့ အမှတ်မဲ့ မနေ၊ တစ်ပါးသူတို့၏ ကောင်းကျိုးဆိုးပြစ်များကိုလည်း အမြဲပင် ဆင်ခြင်သုံးသပ်လေ့ရှိပေသည်။ ဆရာတော်သည် မိမိမှန်သည်ထင်လျှင် ဆိတ်ဆိတ်မနေဘဲ ပြောတတ် ရေးတတ်သည်။ ထို့ကြောင့်လည်း တခါက မင်းဒဏ်သင့်ဘူးသည်။ ဗန်းမော်သို့ ပြောင်းရွေ့ သီတင်းသုံးစေသည်။ ကာလအတန်ကြာမှ မိဖုရားကြီး၏ လျှောက်ထားမှုကြောင့် ဗန်းမော်မြို့မှ ပြန်လည်ပင့်ခေါ်သည်။ ဆရာတော်သည် မန္တလေးသို့ မပြန်ဘဲ [[မင်းကွန်း]] ဘက်၌သာ သီတင်းသုံးနေထိုင်တော်မူသည်။ ဗန်းမော်ဆရာတော်သည် ထက်သည်။ [[ဝိနည်း]] အရာတွင် ကျွမ်းကျင်နှံ့စပ်သည်။ ဆရာတော်သည် ရုပ်လက္ခဏာကြံ့ခိုင်ခံ့ညားသည်။ အသံတော်သည်လည်း လွန်စွာ နက်ကျယ်ပြတ်သားသည်။ ဆွမ်းဘောဇဉ် ဘုဉ်းပေးရာ၌လည်း သာမန်ရဟန်းတော်တို့ထက် ပိုမိုဘုဉ်းပေးတော်မူ နိုင်သည်။