ကလောမြို့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ကိုးကား
အရေးမကြီးNo edit summary
စာကြောင်း ၁ -
 
===တည်နေရာနှင့်သမိုင်း===
ကလောမြို့သည် [[ရှမ်းပြည်နယ်]]တောင်ပိုင်းတွင် တည်ရှိသည်။ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၁၄၃၀ ခန့်တွင် တည်ရှိသည်။အမှတ် (၂)ပြည်ထောင်စုလမ်းမကြီးသည်တည်ရှိသည်။ပြည်ထောင်စုလမ်းမကြီးသည် ကလောမြို့မှဖြတ်သန်းသွားသည်။ကလောမြို့၏အရှေ့ဘက်တွင် [[အောင်ပန်းမြို့]]ရှိပြီး အနောက်ဘက်သည် မန္တလေးတိုင်းဒေသကြီးနှင့် ဆက်စပ်လျှက်ရှိသည်။ရှမ်းပြည်တောင်ပိုင်းမှ မြန်မာနိုင်ငံအလယ်ပိုင်းသို့ဆင်းရာ တံခါးပေါက်ကဲ့သို့ဖြစ်သည်။မြို့အရှေ့ဘက်တွင် တောင်တန်းများမှရေများ စီးဆင်းရာ ကလောချောင်းရှိပြီး ၄င်းချောင်းသည် [[အင်းလေးကန်]]အတွင်းသို့စီးဝင်သည်။ကလောမြို့၏သမိုင်းကြောင်းကို ရှေးမြန်မာ ဘုရင်များလက်ထက်တွင် ရှမ်းပြည်နယ်သို့လာရာလမ်း၏နားခိုရာနေရာတစ်ခုသာဖြစ်ခဲ့သည်။ကိုလိုနီခေတ်တွင် အင်္ဂလိပ်လူမျိုးများသဘောကျနှစ်ခြိုက်သဖြင့် မြို့အင်္ဂဂါရပ်နှင့်ညီအောင် ဖွဲ့စည်းတည်ဆောက်နေထိုင်ခဲ့ကြသည်။ကလောဟူသော အမည်သည် ဒေသခံလူမျိုးများဖြစ်သော ပလောင်လူမျိုးများ၏ကလောက် ဟူသော အသံထွက်မှဖြစ်ပေါ်လာသည်။ပလောင်စကားအရ ကလောက်သည် ဒယ်အိုး(သို့)ဇလုံ ဟုအဓိပ္ပါယ်ရသည်။ကလောမြို့အားအရပ်လေးမျက်နှာ တောင်တန်းများဝန်းရန်နပုမှာ ဒယ်အိုးပုံစံနှင့် တူသောကြောင့်ထိုသို့ ခေါ်ဆိုခဲ့ကြသည်။
 
===လူနေထိုင်မှုနှင့်စီးပွားရေး===