ကွမ်းခြံကုန်းမြို့: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၁ -
'''ကွမ်းခြံကုန်း '''
{{Infobox settlement
|official_name = ကွမ်းခြံကုန်းကွမ်းခြံကုန်းမြို့
|pushpin_label_position = bottom
|pushpin_map = Myanmar
|pushpin_map_caption = ကွမ်းခြံကုန်းကွမ်းခြံကုန်းမြို့ တည်နေရာ၊ မြန်မာ။
|pushpin_mapsize = 300
|subdivision_type = Countryနိုင်ငံ
|subdivision_name = {{flag|Myanmar}}
|subdivision_type1 = [[မြန်မာနိုင်ငံ တိုင်းဒေသကြီးများ|တိုင်းတိုင်းဒေသကြီး]]
|subdivision_name1 = [[ရန်ကုန်တိုင်းဒေသကြီး|ရန်ကုန်]]
|subdivision_type2 = [[မြန်မာနိုင်ငံမြန်မာနိုင်ငံရှိ ခရိုင်များ|ခရိုင်]]
|subdivision_name2 = [[Yangon (South)ရန်ကုန်တောင်ပိုင်းခရိုင်]]
|subdivision_type3 = [[မြန်မာနိုင်ငံ မြို့နယ်များ|မြို့နယ်]]
|subdivision_name3 = [[ကွမ်းခြံကုန်း]]
|subdivision_type4 = [[မြန်မာနိုင်ငံ ကျေးရွာစုများ|ကျေးရွာစု]]
|subdivision_name4 =Hpayagon<ref>GAD, Feb 2011.</ref>
|latNS = N
|latd = 16.71971
|longEW = E
|longd = 96.26903
|P-code = 152340
}}
 
==ကိုးကား==
'''ကွမ်းခြံကုန်းမြို့'''သည် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်တွင် တည်ရှိသည်။ ကွမ်းခြံကုန်း
မြောက်ပိုင်းနှင့် ကွမ်းခြံကုန်းတောင်ပိုင်း မြို့နယ် ၂ နယ်၏
ရုံးစိုက်ရာမြို့ ဖြစ်သည်။ ထိုမြို့နယ် ၂ နယ်သည် မြောက်ဖက်
ဒလတောကြီးတန်းမှ နေ၍ တောင်ဖက်ပင်လယ်အထိ ရောက်
သည်။ တောကြီးတန်းသည် မြေရင့်မြေကျက်ကုန်းတန်းဖြစ်၍၊
သစ်တော၊ ဝါးတော၊ ကော်ဖတ်တောနှင့် ဥယျာဉ်တို့ဖြင့် ဖုံးလွှမ်း
တည်ရှိသည်။ ကျန်မြေနိမ့်ပိုင်းမှာကား မြစ်ချောင်းတို့ဖြင့်
သွယ်ဖြာယှက်သန်းလျက် မြေဩဇာကောင်းမွန်သော ပယ်လယ်
တိမ် ပင်လယ်ကောမြေနုကျွန်းပေါ် ကွင်းပြင်ရပ်ဖြစ်သည်။
ကွမ်းခြံကုန်းမြို့မှာ မူလက ရန်ကုန်ခရိုင် အံ့ကြီးမြို့နယ်
လှဝတီတိုက်တွင် ပါဝင်သောရွာတစ်ရွာမျှသာ ဖြစ်သည်။
ခရစ်နှစ် ၁၈၅၈ မှ ၁၈၇၇ ခုနှစ်အတွင်း အိမ်ခြေ ၂ဝ⁠ဝ
ကျော်နှင့် လူဦးရေ ၁ဝ⁠ဝဝ ကျော်မျှသာ ရှိခဲ့ဘူးသည်။
များသောအားဖြင့် မွန်လူမျိုးများသာ ဖြစ်ကြသည်။ ထိုစဉ်က
ရွာသူရွာသားတို့၏ အလုပ်အကိုင် မှာ ဆားဦးများ ဖုတ်လုပ်
ခြင်း ဖြစ်သည်။ ဆားဦးဖုတ်ရန် မြေစေးကို ရွာ၏မြောက်ဘက်
တောကြီးတန်းရှိ အတွတ်အိုင်မှ ရသည်။
 
နှောင်းခေတ်တွင် အရှေ့ဘက်ကွမ်းခြံကုန်းရွာနှင့် အနောက်
ဘက်တော်ပလွဲရွာ ၂ ရွာပေါင်း၍ ကွမ်းခြံ ကုန်းမြို့ဟု ဖြစ်ပေါ်
လာသည်။ ဟံသာဝတီခရိုင် ကွမ်းခြံကုန်းမြို့နယ်၏ ရုံးစိုက်ရာ
ဖြစ်သည်။ ထိုမှတစ်ဖန် ကွမ်းခြံကုန်းမြို့နယ်ကို တောင်နှင့်
မြောက် ၂ နယ်ခွဲပြန်သည်။ ကွမ်းခြံကုန်းမြို့ကို ကွမ်းခြံကုန်း
ချောင်းက အရှေ့အနောက် ဖြတ်သန်းစီးသွား၍ ကွမ်းခြံကုန်း
ချောင်း၏ လက်တက်များဖြစ်သော တော်ပလွဲချောင်းနှင့်
တုတ်ခေါင်ချောင်းတို့က တောင်မြောက်ဖြတ်သန်းစီးသွားကြ
သည်။ ကွမ်းခြံကုန်းမြို့သည် ကွမ်းသီးပင် အုန်းပင်တို့ဖြင့်
စိမ်းလန်းသာယာစိုပြည်သည်။ ကွမ်းခြံကုန်းမြို့နယ်များတွင်၊
ကုန်းပိုင်းရှိလူများသည် ဥယျာဉ်လုပ်ကိုင် စားကြ၍၊ ကွင်းပိုင်း
ရှိလူများမှာ လယ်ယာလုပ်ကိုင်စားကြသည်။
 
မြို့မြောက်ဘက်တွင် ၁၂၆၇ ခုနှစ်က သွန်းလုပ်ပူဇော်သော
တိလောကမှန်ကူ သွန်းဘုရားကြီးရှိသည်။ ဘုရားကြီးအနီး၌
ဗုဒ္ဓဂါယာမဟာဗောဓိမှ ပင့်ဆောင်လာသည့် ဗောဓိပင်တစ်ပင်
ရှိသည်။ မြို့ဦးမြို့ထိပ်၌မူ လည်ပေါ်ကျောင်းကြီးခေါ် အရှေ့
ကျောင်းရှိသည်။ သင်္ဂဇာဆရာတော်ဘုရားအား သာမဏေဘဝက
အဘိဓမ္မတ္ထ သင်္ဂဟကျမ်းကို ပို့ချပေးသော မေဓာလင်္ကာရ
မထေရ်ကြီးသည် ထိုကျောင်း၌ ကျောင်းထိုင်ပေသည်။ ထို့ပြင်
ရွှေမင်းဝံဆရာတော် စတင်တည်ထောင်ခဲ့သော ငှက်တွင်း
ကျောင်းခေါ် မဟာသတိပဋ္ဌာန်ကျောင်း၊ လယ်တီ ဆရာတော်၏
တပည့်ရင်း ဦးသူရိန္ဒ ကျောင်းထိုင်ခဲ့ရာ ကွင်းကျောင်းခေါ်
ဓမ္မိကာရုံကျောင်း၊ မဟာဝိသုဒ္ဓါရုံ ဆရာတော်၏ တပည့်ရင်း
ဦးဣန္ဒဝံသ ကျောင်းထိုင်ခဲ့ရာ ကြားကျောင်းခေါ် ရွှေကျင်
ကျောင်း၊ ပျဉ်ထောင်ကျောင်း စသည့်ကျောင်းများသည် မြို့ကို
ဝန်းရံ တည်ရှိကြကုန်သည်။ နိုင်ငံတော်အထက်တန်းကျောင်း
ကြီးသည် မြို့လယ်တွင် တည်ရှိသည်။
 
ကွမ်းခြံကုန်းမြောက်ပိုင်းမြို့နယ်တွင် (၁)ကော့မှူးတိုက် (၂)
ဣန္ဒာပူရတိုက် (၃) ထမ်းမနိုင်တိုက် (၄) မုတ်ကျွန်းတိုက် (၅)
ကိုးတောင်တိုက်ဟူ၍ တိုက်ငါးတိုက် ကျေးရွာ ၅၈ ရွာ ရှိ
သည်။ (၁) မြို့ကုန်းတိုက် (၂) တော်ကူးတိုက် (၃) ကညင်
ကုန်းတိုက် (၄) ဈေးမသွယ်တိုက် (၅) ကမာပါတိုက်ဟူ၍
တိုက်ငါးတိုက် ကျေးရွာ ၄၅ ရွာတို့သည် ကွမ်းခြံကုန်း
တောင်ပိုင်းမြို့နယ်၌ ပါဝင်ကြသည်။ တောကြီးတန်းနှင့် ကွင်း
အစပ်ကို လျှောက်ကာ ပေတစ်ရာလမ်းဖောက်၍ ကွမ်းခြံကုန်း
မြို့နှင့် တွံတေးမြို့ကို ဆက်ထားသည်။ ထိုလမ်းတစ်လျှောက်
တွင် စေတီတော်အများသည် ကုန်းတန်းစောင်း၌ တည်ရှိကြ
ကုန်သည်။ သမိုင်းဆရာတို့က ထိုစေတီတို့ကို တဖုဿ
ဘလ္လိကတို့ ဆံတော်ပင့်ခဲ့စဉ်က ဆီးကြိုရာအရပ်တို့တွင် တည်
အပ်သော ဆံတော်ကြို ဘုရားများဟု အသိအမှတ်ပြုကြပေ
သည်။ ယင်းတို့အနက် အချို့မှာကား ဒေးဒနောရွာတွင်
ကျိုက်ဒေးကနောင် (စစ်ပင်ကုန်းဘုရား)ခေါ် ဒေးဒနောဘုရား၊
အင်္ဂလုံးရွာတွင် ကျိုက်အံ့ခလွန်း(ချောင်အင်းဘုရား)ခေါ် အင်္ဂလုံး
ဘုရား၊ ဆပဂန်ရွာ (မုံ့ဆန်းစားရွာ)တွင် ကျိုက်လှာပဂန် (မုံ့
ဆန်းအိုင်ဘုရား)ခေါ် ဆပဂန်ဘုရား၊ ကလျာဏီ သိမ်ကျောက်
စာ၌ လက္ခိယပုရဟုရေးသော လက္ခိုက်ရွာတွင် လက္ခိုက်ဘုရား၊
ကော့မှူးရွာတွင် ကျိုက်ကော့မှူး (ကျွန်းငူဘုရား)ခေါ် ကော့မှူး
ဘုရား၊ ဖရကြီးရွာတွင် ဖရကြီးဘုရားတို့ ဖြစ်ကြပေသည်။
အဆိုပါလမ်းမကြီးပေါ်တွင် မြို့ရိုးကျုံးမြောင်းအပျက်များ အထင်
အရှားရှိသေး၍ မြို့ကုန်းရွာဟုတွင်သော ရွာတစ်ရွာလည်း ရှိပေ
သည်။ ကွမ်းခြံကုန်းမြို့မြောက်ဖက် မရန်းရွာဟောင်း သင်္ဂဇာ
ဆရာတော်ဘုရား ဝါကပ်ခဲ့ရာ ကျိုက်ပတ်တောရမှာ ယခုအခါ
ပျက်စီးလျက်ရှိလေပြီ။ ကွမ်းခြံကုန်းတောင်ပိုင်းမြို့နယ်၏
တောင်ဘက်ပိုင်းတွင် ကျယ်ပြန့်သော ပင်လယ်သောင်ပြင်တို့ဖြင့်
အပန်းဖြေစခန်း ဖြစ်ခဲ့ဘူးသည့် လက်ခုပ်ကုန်းရွာ ရှိသည်။
မုတ်ကျွန်းတိုက်တွင် ရှေးက ရန်ကုန်မြစ်ကို စောင့်ရှောက်သော
ဓနုတ်ကင်းရွာနှင့် ရှေးဟောင်း[[ဓနုတ်စေတီတော်ကြီး(ဒလ)]] တည်ရှိ
သည်။ ထမ်းမနိုင်တိုက်တွင် ပင်လယ်ရေကို ဆားချက်၍
ကြီးပွားခဲ့သော ထမ်းမနိုင်ရွာရှိသည်။ ကို⁠ကိုကျွန်း နှစ်ကျွန်း
သည်လည်း ဤတောင်ပိုင်းမြို့နယ်တွင် ပါဝင်ကြသည်။
 
 
ကွမ်းခြံကုန်းမြို့၏ လူဦးရေမှာ ၁၉၅၃-ခုနှစ် သန်းခေါင်စာရင်းအရ ၄၉၇၂ ဖြစ်၍ အိမ်ခြေ ၈၂၉
ရှိသည်။
<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)</ref>
 
== ကိုးကား ==
<references/>
 
[[Category:မြန်မာနိုင်ငံ ရွာများ]]
[[Category:ရန်ကုန်ဒေသကြီး]]
[[Category:BotUpload]]
{{ရန်ကုန်တိုင်း}}
{{မြန်မာတိုင်းနှင့် ပြည်နယ်များ}}
 
[[Category:မြန်မာနိုင်ငံရှိ မြို့များ]]
[[Category:ရန်ကုန်တိုင်းဒေသကြီး]]