မဟာပီတာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Migrating 1 interwiki links, now provided by Wikidata on d:q8479 (translate me)
စာကြောင်း ၁၆ -
== ရုရှားတွင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း ==
၁၆၉၈တွင် ရုရှားသို့ ပြန်ရောက်လာပြီး အမတော် ဆိုဖီယာကို ဖယ်ရှားကာ ရေရှည်တွင် အကျိုးဖြစ်ထွန်းမည့် ပြုပြင်ပြောင်းခဲရေးတို့ကို ပြုလုပ်ရန် အားထုတ်တော့သည်။ အနောက်တိုင်း နည်းပညာများကို ယူငင်သုံးစွဲရန် တိုက်တွန်းအားပေးပြီး အနောက်တိုင်း ပညာရှင်များကို ရုရှားသို့ ခေါ်ဆောင်ကာ ပညာပြန့်ပွားစေသည်။ အနောက်တိုင်း ဓလေ့ကိုလည်း ကျင့်သုံးစေသောအားဖြင့် နိုင်ငံသားများကို မုတ်ဆိတ်များ ဖယ်ရှားစေသည်။ နန်းတွင်းသားများကိုလည်း အနောက်တိုင်း ဝတ်စုံများ ဝတ်ဆင်စေသည်။ အစဦးတွင် ဆန့်ကျင်မှုများတွေ့ရသော်လည်း နောက်ပိုင်းတွင် ပီတာ့ဆန္ဒအတိုင်း အနောက်တိုင်းဓလေ့ကို လက်ခံကျင့်သုံးလာကြသည်။ ဘာသာရေးတွင်လည်း အော်သိုဒေါ့ကျောင်းတော်ကို ရှေးရိုးစွဲအဖြစ်
ရှုမြင်ပြီး ကျောင်းတော်၏ အာဏာကို ကန့်သတ်လျှော့ချရန် ဆောင်ရွက်သည်။ စာသင်ကျောင်းများကို တည်ထောင်ပေးကာ သိပ္ပံပညာရပ်များကို သင်ကြားစေပြီး ခေတ်ဆန်ရန် တွန်းအားပေးခဲ့သည်။ ရုရှား အက္ခရာများ ကိုလည်း ခေတ်မှီစေရန် ပြုပြင်ပေးသည်။ အနောက်တိုင်းသုံး [[ဂျူလီယန်ပြက္ခဒိန်]]ကိုပြောင်းလဲသုံးစွဲစေသည်။ စစ်တပ်ကိုလည်း ခေတ်မှီတပ်မတော် အဖြစ်ရောက်ရန် ပြုပြင်သည်။ စစ်ဝတ်စုံများကို စနစ်တကျဝတ်ဆင်စေပြီး သေနတ်များကို စွဲကိုင်စေသည်။ ခေတ်မှီစစ်ရေးလေ့ကျင့်နည်းများကို သုံးစွဲစေသည်။ ရေတပ်ကို ပထမဆုံးအနေဖြင့် ဖွဲ့စည်းပေးသည်။ ပထမဆုံး ရုရှားသတင်းစာကို ရိုက်နှိပ်ထုတေ်၀ပေးသည်။ရိုက်နှိပ်ထုတ်ဝေပေးသည်။
 
ထိုပြုပြင်ရေးများကြောင့် နိုင်ငံတွင်း လူလတ်တန်းစားဦးရေ သိသာစွာမြင့်မားလာပြီး ခေတ်သစ်တစ်ရပ်ဆီသို့ ဦးတည်ပြောင်းလဲလာတော့သည်။