ကျော်ဇော၊ ဗိုလ် (ရဲဘော်သုံးကျိပ်): တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၂၃ -
 
==ဗိုလ်မှူးချုပ် ကျော်ဇော (၁၉၁၉)==
ဗိုလ်မှူးချုပ် ကျော်ဇောသည် ရဲဘော် သုံးကျိပ်ဝင်များအနက်သုံးကျိပ်တွင်ပါဝင်သော သက်ရှိထင်ရှား ကျန်ရှိနေသူ နှစ်ဦးအနက်မှ တစ်ဦးဖြစ်သည်။ရဲဘော်တစ်ဦးဖြစ်သည်။ မျိုးချစ်စိတ်ဓာတ် ပြင်းထန်ပြီး လက်ဝဲဝါဒီတစ်ဦးဖြစ်သူ ဗိုလ်ကျော်ဇောသည် ၁၉၄၄ ခုနှစ်တွင် [[ဗမာပြည် ကွန်မြူနစ်ပါတီ]]သို့ ဝင်ခဲ့သည်။ ပါတီမှ ရွေးချယ်တင်မြှောက်ခြင်းခံရသည့် ပါတီ ဗဟိုကော်မတီဝင် တစ်ဦး ဖြစ်သည့်တိုင် ပါတီတွင်း လှုပ်ရှားမှု များထက် သူ၏စစ်မြေပြင်တွင် သူရသတ္တိ ပြောင်မြောက်မှုတို့ကိုသာ လူသိ များသည်။
 
ဗိုလ်ကျော်ဇော၏ ထင်ရှား ကျော်ကြားခြင်းသည် ၁၉၄၉ ခုနှစ်က ဖြစ်ပွားခဲ့သည့် အင်းစိန်တိုက်ပွဲတွင် ဖြစ်သည်။ ရန်ကုန်မြို့ မြောက်ဘက် ဆင်ခြေဖုံး နေရာအတော်များများအား သိမ်းပိုက်ထားသည့် ကရင် သူပုန်တို့ကို တိုက်ထုတ်ခဲ့သော သုံးလကျော်ကြာ တိုက်ပွဲသည် သူ၏ စစ်မှုထမ်းသက် တစ်လျှောက် မေ့မရနိုင်သော အရှည်လျားဆုံး စစ်ပွဲ၊ အခက်ခဲဆုံး၊ အပင်ပန်းဆုံးနှင့် အန္တရာယ် အများဆုံး စစ်ပွဲဟူ၍ သူ၏ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွင် မှတ်တမ်းတင်ရေးသားခဲ့သည်။ အင်းစိန်တိုက်ပွဲအတွင်း ဗိုလ်ကျော်ဇောသည် တပ်ဖွဲ့များနှင့်အတူ ရင်ပေါင်တန်း တိုက်ပွဲဝင်တတ်သူ၊ သတ္တိ ပြောင်မြောက်သည့် တပ်မှူး တဦး အဖြစ် အထက် အရာရှိများ၊စစ်သားဟောင်းကြီးများက အမှတ်ရ ကြသည်။