အလိုတော်ပြည့်ဂူဘုရား: တည်းဖြတ်မှု မူကွဲများ

"အလိုတော်ပြည် ဂ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
အရေးမကြီး added photo
စာကြောင်း ၁ -
[[File:Alopye, Pagan 0215.jpg|thumb|အလိုတော်ပြည့်ဂူဘုရား]]
အလိုတော်ပြည်'''အလိုတော်ပြည့် ဂူဘုရားသည်ဂူဘုရား'''သည် အနော်ရထာလမ်းမကြီး၏မြောက်ဘက်ခြမ်း၊ [[ထီးလိုမင်းလိုဘုရား]]၏ အရှေ့တောင်အရပ်တွင် တည်ရှိသည်။
== ဂူဘုရားသမိုင်း ==
[[ကျန်စစ်သား]]သည် မင်းမဖြစ်မီ စစ်သူကြီးအဖြစ် [[အနော်ရထာ]]မင်းကြီးထံ ခစားနေစဉ် စစ်ထွက်ရန် အမိန့်တော် (ထွေတော်) ချမှတ်လေသည်။ ကျန်စစ်သားသည် စစ်သည်ဗိုလ်ပါ အလုံးအရင်းဖြင့် စစ်ထွက်ခဲ့ရာ ပေါက္ကံနေပြည်တော်၏ အရှေ့တောင်အရပ် (ယခု အလိုတော်ပြည့်ဘုရားတည်ရာ ) ကုန်းမို့မိုအရောက်တွင် စိတ်လက်လေးလံခြင်းဖြစ်ရကား ထိုကုန်းမို့မို့ထက်၌ ဒူးထောက်ထိုင်ချ၍ အဓိဋ္ဌာန်ပြုလေသည်။ "မိမိသည် ယခုစစ်ထွက်လာရသော်လည်း စစ်တိုက်လိုစိတ်မရှိပါ။ တစ်ဖက် စစ်ပြိုင်ဖက်များသည် ပုဂံစစ်သည်များ စစ်ချီလာကြောင်းကြားရုံမျှနှင့် စစ်အောင်နိုင်သူ ဖြစ်ရပါလို၏။ မိမိပေါက္ကံပြည် ထီးနန်း၌ မင်းအဖြစ် ရရှိသောအခါ ယခုအဓိဋ္ဌာန်ပြုသည့်နေရာတွင် ဘုရားတည်ပြီး သာသနာပြုလိုပါ၏" ဟူ၍ အဓိဋ္ဌာန်ပြုခဲ့လေသည်။ ကျန်စစ်သားစစ်သူကြီးသည် အဓိဋ္ဌာန်ပြုရာကုန်း မှခွာ၍ စစ်ချီသောအခါ အဓိဋ္ဌာန်စိတ်အကြံအတိုင်း ပေါက်မြောက်အောင်မြင်ခဲ့လေသည်။ <br /><br />