ခရစ်ယာန်ဘာသာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၃၀ -
== ယေရှု၏ သေဆုံးခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း ==
 
ခရစ်ယာန်တို့က ယေရှု၏ သေလွန်ပြီးမှ ပြန်လည် ရှင်ပြန်ထမြောက်တော်မူခြင်းသည် ၎င်းတို့ယုံကြည်ခြင်း၏ အဓိက အကြောင်းအရင်း ဖြစ်ပြီး (၁ ကောရိန်သုကောရိန္သု ဩဝါဒစာပဌမစောင် ၁၅ တွင်ရှု) လူ့သမိုင်းကြောင်းတွင် အရေးအကြီးဆုံး ဖြစ်ရပ် ဖြစ်သည်ဟု မှတ်ယူကြသည်။ခရစ်ယာန်ယုံကြည်မှုများထဲတွင် ယေရှု၏ အသေခံခြင်းနှင့် ပြန်လည် ရှင်ပြန်ထမြောက်တော်မူခြင်းသည် ခရစ်ယာန် အယူဝါဒနှင့် ဘာသာရေးဆိုင်ရာ ယုံကြည်မှုတို့ တွင်အခြေခံကျသော အဓိက ဖြစ်ရပ်နှစ်ခု ဖြစ်သည်။ဓမ္မသစ်ကျမ်းအရ ယေရှုသည် လက်ဝါးကပ်တိုင်တွင် တင်၍အသတ်ခံခဲ့ရပြီး ခန္ဓာကိုယ်အားဖြင့် သေဆုံးခဲ့သည်၊ သချိုင်းတွင်သင်္ချိုင်းတွင် မြှပ်နှံခံခဲ့ပြီးမှ သုံးရက်အကြာတွင် သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့သည်။
[ယောဟန်. ၁၉၊ ၃၀-၃၁-] [မာကု. ၁၆၊ ၁-] [၁၆၊ ၆-] ယေရှု ကောင်းကင်သို့ တက်ကြွခြင်းမတိုင်မီ အချိန်အမျိုးမျိုးတွင် “တစ်ပြိုင်နက်ညီအစ်ကိုငါးရာမက” အပါအဝင်[1 ကောတို့နှင့် နောက်လိုက်များအား ယေရှု ရှင်ပြန်ထမြောက်ပြီးမှ ကြိမ်ဖန်များစွာ ကိုယ်ထင်ရှားပြခြင်းအကြောင်း ဓမ္မသစ်ကျမ်းတွင် ဖော်ပြထားသည်။ ယေရှု၏ သေဆုံးခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းကို ခရစ်ယာန်တို့က ဝတ်ပြုကိုးကွယ်ခြင်းအားလုံးတွင် အမှတ်ရကျင်းပသည်။ အထူးသဖြင့် မင်္ဂလာ သောကြာ နှင့် အီစတာတနင်္ဂနွေ အပါအဝင် သန့်ရှင်းသော ရက်သတ္တပတ် အတောအတွင်းတွင် ကျင်းပကြသည်။
ယေရှု၏ အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်တော်မူခြင်းကို ခရစ်ယာန် ဘာသာရေးဆိုင်ရာ ယုံကြည်မှုတွင် အရေးအကြီးဆုံးသော ဖြစ်ရပ်နှစ်ခုဟု အများအားဖြင့် ယူဆကြသည်။ ဤဖြစ်ရပ်တို့သည် ယေရှုတွင် အသက်ရှင်ခြင်းနှင့် သေခြင်းအပေါ် ပိုင်စိုးသောအစွမ်းရှိပြီး ထို့အတွက်ကြောင့် လူသားများကိုလည်း ထာဝရအသက်တာကို ပေးရန် အာဏာနှင့်အစွမ်း ရှိသည်ကို ဖော်ပြသောကြောင့် ဖြစ်သည်။ခရစ်ယာန် အသင်းတော်များသည် ဓမ္မသစ်ကျမ်းတွင် ဖော်ပြပါရှိသော ယေရှု၏ သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူခြင်းအကြောင်းကို ချွင်းချက် အနည်းငယ်မျှနှင့် လက်ခံပြီး သွန်သင်ကြသည်။အချို့ ခေတ်သစ်ပညာရှင်များက ယေရှုနောက်လိုက်များ၏ ယုံကြည်ချက်ဖြစ်သော သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းကို သမိုင်းဝင် ယေရှုကို ဆက်လက်တည်ရှိစေခြင်းနှင့် ရှေးကနဦး အသင်းတော်များ၏ကြေညာချက်များကိုဖယ်ရှားမှုအချက်တစ်ခုအဖြစ်အသုံးပြုသည်။ အချို့လွတ်လပ်ခွင့်ကို လိုလားသောခရစ်ယာန်များသည် ကိုယ်ခန္ဓာနှင့်တကွပြန်လည်ရှင်ပြန်ထမြောက်သည်ကို လက်မခံကြပေ။ ထိုအဖြစ်အပျက်ကို အလွန်သင်္ကေတဆန်ပြီး ဝိညာဉ်ရေးရာ အားပေးသော ဒဏ္ဍာရီအဖြစ် ရှုမြင်ကြသည်။