ပလွေ: တည်းဖြတ်မှု မူကွဲများ

၁၄ ဘိုက် ဖယ်ရှားခဲ့သည် ,  ပြီးခဲ့သည့် ၇ နှစ်
clean up using AWB
အရေးမကြီး (→‎ကိုးကား)
(clean up using AWB)
ရှေးဟောင်းပစ္စည်းများနှင့် နံရံဆေးရေးပန်းချီများကို ထောက်ထားကြည့်လျှင် မြန်မာ့သမိုင်းအစောပိုင်းခေတ်တွေ ဖြစ်သော ပျူခေတ်နှင့် ပုဂံခေတ်များတွင် ကျော်ပလွေ ကိုပဲ သုံးခဲ့ကြလိမ့်မယ်ဟု မှန်းဆရပါသည်။ ကျော်ပလွေ ဆိုသည်မှာ အသံထွက်သော ‘မြင့်မိုရ်’ ခေါ် ‘ပင်လယ်ကူး’ အပေါက်၏အပေါ်မှာ လေကို ကျော်ပြီးမှုတ်ရ၍ ကျော်ပလွေဟု ခေါ်ကြပါသည်။ ကျော်ပလွေကို ဘေးတိုက်မှုတ်ရသောကြောင့် ဘေးတိုက်ပလွေ၊ ဘေးစောင်းပလွေ ဟုလည်း ခေါ်တတ်ပါသေးသည်။ ဘယ်ခေတ် ဘယ်အချိန်လောက်ကတည်းက မြန်မာပြည်တွင်းမှာ ကျော်ပလွေများ တိမ်ကောသွားခဲ့သလဲဆိုတာကို ပြောနိုင်ဖို့မလွယ်ကူပါ။ ယနေ့ခေတ်အချိန်မှာ မြန်မာ့ရိုးရာဂီတတွင် ခင်ပလွေ ကိုသာ သုံးကြပါသည်။
===ခင်ပလွေ===
ခင်ပလွေ ဆိုသည်မှာ အခင် ဟုခေါ်သော အသံထွက်စရာ လေတိုးပေါက် ပါသည်။ ထို့ကြောင့် ခင်ပလွေဟု နာမည်ရပါသည်။ မြင့်မိုရ် ခေါ် ပင်လယ်ကူး အပေါက်မှာ ပွဲ့လျက်(ပွဲညက်) သို့မဟုတ် ပျားဖယောင်းနှင့် လေကိုတားထားပြီး အပေါ်က ထန်းရွက်ပြားကလေးနှင့် အုပ်ထားပါသည်။ ခင်ပလွေကို ထိပ်ဖျားပိုင်းကနေပြီး မှုတ်လိုက်သောအခါ လေလမ်းကြောင်းကလေးက မြင့်မိုရ် ၏ ချွန်နေသော အပိုင်းကို တိုးဝှေ့မိ၍ ပလွေသံ ထွက်လာစေပါသည်။
 
မြန်မာ့ရိုးရာ ခင်ပလွေများကို အုပ်စုခွဲလိုက်လျှင်-
* ဝံသာနု ပလွေကြီး၊
* ပလွေကြီး၊
* ပလွေကလေးဟု အရွယ်အစား သုံးမျိုးရှိပါသည်။ <br>
ခင်ပလွေ များထဲတွင် အရွယ်အစား အကြီးဆုံးဖြစ်ပြီး၊ ဝံသာနု နှဲကြီး၏ အသံစဉ်နှင့် တူသောကြောင့် '''ဝံသာနုပလွေကြီး'''ဟု ခေါ်ကြသည်။ ဝံသာနုပလွေကြီးတွင် လက်ပေါက်များကို အားလုံးပိတ်ပြီးမှုတ်သော် မြန်မာ့ ၄ ပေါက်သံ ရပါသည်။ အစဉ်လိုက် တစ်ပေါက်စီ ဖွင့်သွားလျှင် ၄ ၃ ၂ ၁ ၇ ၆ ၅ ၄ ဆိုသည့် အသံစဉ်ကို ရပါသည်။
 
အနားကို သင်္ကြန်ယာဉ်ရောက်လာတဲ့အခါမှ တီဝိုင်းသမားတွေ တီးမှုတ်လာကြတဲ့ တူရိယာတွေက ဝါးပလွေ အလက် ၆၀၊ သားရေကျက်ထားတဲ့ သံစည်ပိုင်းပြတ် တလုံး၊ မန်ကျည်းစေ့တွေထည့်ထားတဲ့ ဘူးသီးခြောက် တလုံး၊ ထန်းသီးမှုတ် တလုံးနဲ့ နိုင်ငံခြားဖြစ်ဆိုလို့ ကလဲရီနက် တလက်သာ ပါတာကို အံ့ဩစရာ တွေ့ကြရလေတယ်။
 
အဲဒီ ‘အေအမ်ဘီအေ’ ရေသဘင်အဖွဲ့ကြီးကို ဆရာမြို့မငြိမ်းက ဦးစီး စီစဉ်ခဲ့တယ်။ ပလွေသမား ၆၀ ကို အမှတ် ၁၊ ၂၊ ၃ လို့ နာမည်ပေးထားတဲ့ အုပ်စုသုံးစု ခွဲထားပြီး၊ သီချင်းတီးလုံးမှာ ကိုယ့်အစုနှင့်ကိုယ် ဝင်ရောက်မှုတ်ကြဖို့ ဆရာမြို့မငြိမ်းက စီမံခန့်ခွဲပေးထားတယ်။
 
တီးမှုတ်သူတွေကလည်း ဂီတပညာရှင်တွေမဟုတ်ကြဘဲ ‘အေအမ်ဘီအေ’ မော်တော်ယာဉ် အသင်းသား သာမန်အရပ်သားများသာ ဖြစ်ကြတယ်။ ဆရာမြို့မငြိမ်းက ဂီတပညာဆိုလို့ ဘာတခုမှ သင်ကြားမထားကြတဲ့ အဲဒီ အရပ်သားတွေကို သီချင်းတပိုဒ်ချင်း အလွတ်ချပေးပြီး လေ့ကျင့်ပေးခဲ့တယ်။ သီချင်းအလိုက်ကို ငါးဦးလောက်ကသာ သံပြိုင်မှုတ်ကြပြီး ကျန်တဲ့သူတွေက ကိုယ့်အလှည့်နဲ့ကိုယ် ဝင်ရောက်မှုတ်ကြတော့ အသံထုထည်ကိုအခြေခံပြီး ဖွဲ့စည်းတဲ့ အနောက်တိုင်း ဂီတသံမျိုး ဖြစ်လာတော့တယ်။<br>
<center>'''အေအမ်ဘီ ခေါ် အသင်းတော်သားများက မာပါစေ'''</center>
<center>တောင်သမန်၊ မြို့မငြိမ်း</center>
ဆရာမြို့မငြိမ်းရဲ့ စောင်းကောက်ရေသဘင် တီးဝိုင်းကြီးမှာ တီးမှုတ်ခဲ့ကြတဲ့ ဝါးပလွေတွေရဲ့ လက်ရာရှင်ကတော့ အမရပူရမြို့ အိုးတော်ရပ်က နှဲဆရာကြီး ဆရာထပ်ပါပဲ။ နှဲဆရာကြီး ဆရာထပ်က ဆရာမြို့မငြိမ်းရဲ့ဆန္ဒအတိုင်းပဲ အနောက်တိုင်းက ၁၂ သံစဉ် ခရိုမက်တစ်စကေး အသံစုံထွက်တဲ့ ဝါးပလွေတွေကို အောင်အောင်မြင်မြင် တီထွင်နိုင်ခဲ့တယ်။ အသံစဉ်တွေကိုမူတည်ပြီး ပလွေတွေက အတိုအရှည် အကြီးအသေး အရွယ်အမျိုးမျိုးရှိကြတယ်။ လက်ပေါက်တွေကလည်း ၆ ပေါက်ပဲ ရှိပါတော့တယ်။ ခြောက်ပေါက်ပလွေလို့ ခေါ်ကြတယ်။
 
ဆရာမြို့မငြိမ်းရဲ့ စောင်းကောက်ရေသဘင် တီးဝိုင်းကြီးမှာ တီးမှုတ်ခဲ့ကြတဲ့ ဝါးပလွေတွေရဲ့ လက်ရာရှင်ကတော့ အမရပူရမြို့ အိုးတော်ရပ်က နှဲဆရာကြီး ဆရာထပ်ပါပဲ။ နှဲဆရာကြီး ဆရာထပ်က ဆရာမြို့မငြိမ်းရဲ့ဆန္ဒအတိုင်းပဲ အနောက်တိုင်းက ၁၂ သံစဉ် ခရိုမက်တစ်စကေး အသံစုံထွက်တဲ့ ဝါးပလွေတွေကို အောင်အောင်မြင်မြင် တီထွင်နိုင်ခဲ့တယ်။ အသံစဉ်တွေကိုမူတည်ပြီး ပလွေတွေက အတိုအရှည် အကြီးအသေး အရွယ်အမျိုးမျိုးရှိကြတယ်။ လက်ပေါက်တွေကလည်း ၆ ပေါက်ပဲ ရှိပါတော့တယ်။ ခြောက်ပေါက်ပလွေလို့ ခေါ်ကြတယ်။
 
အဲဒီအချိန်ကစပြီး အသံစဉ်မျိုးစုံအတွက် ဝါးပလွေ အမျိုးမျိုးကို ဆရာထပ်က ဆက်လက် တီထွင်လာခဲ့တာ သူ ကွယ်လွန်တဲ့အချိန်မှာ စုစုပေါင်း ဝါးပလွေ ၂၇ မျိုး တီထွင်ပြီးစီးခဲ့ကြောင်း မှတ်သားရပါတယ်။ အသံစဉ်တွေကိုထောက်ပြပြီး အဲဒီပလွေတွေကို မြန်မာ့ရိုးရာ ဝါးပလွေစစ်စစ်တွေ မဟုတ်ကြဘူးလို့ စောဒကတက်နိုင်ပေမယ့် ထပ်ဆင့်တီထွင်ထားတဲ့ မြန်မာ့ဝါးပလွေတွေပါပဲလို့ ဆိုနိုင်ပါတယ်။
 
ဆရာကြီး ဆရာထပ်က သူတီထွင်ထားတဲ့ ပလွေတွေနဲ့ အနောက်တိုင်းရဲ့ ၁၂ သံစဉ်တွေကို မှုတ်ပြခဲ့ပါတယ်။ လက်ပေါက် လေးပေါက်ထည်းသာပါတဲ့ ပလွေတလက်ကတော့ အသံစဉ် အပြည့်အစုံ ပါလို့ ထူးခြားပါတယ်။ အဲဒီပလွေနဲ့ လေဘာတီ မမြရင် ဆိုခဲ့တဲ့ ‘ရွှေပြည်စိုး’သီချင်း မှုတ်ပြတာကိုလည်း စာရေးသူ ကြားခဲ့ရဖူးပါတယ်။ ဆရာကြီး ဆရာထပ်က မြန်မာ့ဂီတကို ကမ္ဘာ့ဂီတနဲ့ ရင်ဘောင်တန်းနိုင်စေချင်တဲ့ တီထွင်သူ ပညာရှင်တဦးပါပဲ။ ဒါကြောင့်ပဲ ရည်ရွယ်ချက်ချင်း၊ အကြံအစည်ချင်းတူကြတဲ့ ဆရာမြို့မငြိမ်း နဲ့ ဆရာထပ် တို့က ‘သူတော်အချင်းချင်း သီတင်းလွေ့လွေ့ ပေါင်းဖက်တွေ့’ မိခဲ့ကြတာ ဖြစ်ပေလိမ့်မယ်။
<center>'''ချောင်းပေါက်ပါလို့ မကူးနိုင်။'''</center>
<center>'''ပလွေတို ရောင်မှာထိုးပါလို့'''</center>
<center>'''ချောင်းရိုးကမှိုင်။'''</center><br>
 
<center>'''မမလေးတို့ နှင်းဆီခိုင်'''</center>
၃၀၂၈

တည်းဖြတ်မှုများ