ကျောက်မျက် ရတနာ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၆ -
[[ပတ္တမြား]] နှင့် [[နီလာ]] တို့သည် သဘာဝ အားဖြင့် ကိုရိုဒမ် အုပ်စုဝင်ဖြစ်၍ အတူတူပင်ဖြစ်သည်။ [[ဓါတုဗေဒ]] ပေါင်းစပ်မှု မှာလည်း အလူမီနီယမ် အောက်ဆိုက်ဒ် ဒြပ်ပေါင်းသာဖြစ်၍ ပတ္တမြား တွင် ခရိုမီယံ ဒြပ်စင်အနည်းငယ် ပါဝင်ပြီး၊ နီလာတွင် တိုက်တေနီယံ ဒြပ်စင်အနည်းငယ် ပါဝင်သောကြောင့် အရောင် နှင့် ပုံသဏ္ဍန် ကွဲပြားသွားရခြင်းဖြစ်ပါသည်။ ထိုခရိုမီယံ နှင့် တိုက်တေနီယံ ဒြပ်စင်များ၏ ပါဝင်မှုနှုန်းမှာ ၂ ရာခိုင်နှုံးထက် မများသင့်ချေ။ အကယ်၍ ထိုရာခိုင်နှုံးထက် များခဲ့လျှင် ပတ္တမြား၏အရောင်မှာ ပြည့်ဝလွန်းအားကြီးပြီး အနီရင့်ရင့်(အမဲဖက်သို့) ပြောင်းသွားတတ်သကဲ့သို့ နီလာတွင်လည်း အပြာရင့်ရင့်(အမဲဖက်သို့) ပြောင်းသွားတတ်ပြီး ကျောက်၏ အရောင်မှာလူကိုဆွဲဆောင်နိုင်စွမ်း နည်းသွားပါသည်။ မာဆင့်မှာ မိုးလ်စကေးအရ စိန် (၁၀) နှင့် မွိုက်ဇိုနိုက် (၉.၂၅) တို့၏ အောက်တစ်ဆင့် (၉) နေရာတွင်ရှိပါသည်။ ပတ္တမြားကို [[မြန်မာ]]၊ [[ဗီယက်နမ်]] ၊ [[ပါကစ္စတန်]] ၊ [[အာဖဂန်နစ္စတန်]] ၊ [[ထိုင်း]] ၊ [[ကမ္ဘောဒီယား]] ၊ [[သီရိလင်္ကာ]] နှင့် [[တန်ဇန်းနီးယား]] တို့တွင် အဓိကထွက်ရှိပြီး မြန်မာ့ပတ္တမြား ၏အရည်အအသွေးမှာ အကောင်းဆုံးအဖြစ် ကမ္ဘာကျော်ပါသည်။ နီလာကို [[သီရိလင်္ကာ]] ၊ [[သြစတေးလျ]] ၊ [[ကတ်ရှ်မီးယား]] ၊ [[မြန်မာ]] ၊ [[ထိုင်း]] ၊ [[ကမ္ဘောဒီယား]] နှင့် [[အမေရိကန်ပြည်ထောင်စု]] တို့တွင်အဓိကထွက်ရှိပြီး သီရိလင်္ကာ နီလာမှာ အရည်အသွေး အကောင်းဆုံးဖြစ်ပြီး မြန်မာ့နီလာမှာ ၄င်း၏နောက်တွင် ရပ်တည်ပါသည်။ ကိုရိုဒမ် အုပ်စုဝင်ဖြစ်သော အခြားကျောက် ရောင်စုံများကို အရောင်အလိုက် ရှေ့တွင် နီလာတပ်ကာ နီလာဝါ၊ နီလာဖြူ (အရောင်မဲ့နီလာ) ၊ နီလာပန်းရောင် အစရှိသဖြင့် ခေါ်ဝေါ်ကြပါသည်။
 
[[Image:rubyruby01.jpg|thumb|ပတ္တမြား]]
=== ပတ္တမြားနှင့်နီလာဂေါ်ကြိုး(Star Ruby & Sapphire)===
ပတ္တမြားနှင့်နီလာတို့၏ထူးခြားမှုတစ်ခုမှာ ကြိုးခေါ် ဂေါ်ကြိုးများတွေ့ရှိရတတ်ခြင်းပင်ဖြစ်သည်။ထိုကဲ့သို့ကြိုးများပေါ်ရခြင်းမှာ ပတ္တမြားနှင့်နီလာတို့၏အတွင်းတွင်ရှိသည့် ပိုးကြိုးကဲ့သို့သော ရူတိုင်းအောင်းဝင်များကြောင့်ဖြစ်သည်။