"အာနန္ဒာဘုရား" ၏ တည်းဖြတ်မှု မူကွဲများ

၇၇၁ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၅ နှစ်
အရေးမကြီး
အရေးမကြီး (→‎ဘွဲ့အမည်တော်)
*တောင်အရပ် - ဟိမဝန္တာမှ ရရှိသော [[ထင်းရှူးသား]]ဖြင့် ထုလုပ်ထားသော ကဿပမြတ်စွာဘုရား
*မြောက်အရပ် - ဥဿပဲခူးပြည်မှရရှိသော [[စံကားသား]]ဖြင့် ထုလုပ်ထားသော ကကုသန္ဓမြတ်စွာဘုရား
ကန့်ကူဆံတုံး၊ သို့မဟုတ် အလယ်မဏ္ဍိုင်ကြီး၏ ပတ်လည်လေးဘက် လေးမျက်နှာ၌ မတ်ရပ်ဆင်တုတော်ကြီး တစ်ဆူစီ အသီးသီးကိန်းဝပ်ရာ ဂန္ဓကုဋိတိုက်များရှိသည်။ ထိုမတ်ရပ်တော်တို့ကား ဤကမ္ဘာ၌ ပွင့်တော်မူပြီးကုန်သော ဘုရားရှင်လေးဆူတို့ကို ရည်မှန်း၍ ပူဇော်ထားသော ၁၈ တောင်အရပ်တော်ရှိသည့် ရုပ်တုတော်များ ဖြစ်ကြသည်။ အရှေ့မျက်နှာ၌ စံပယ်သော ဆင်းတုတော်ကား မလ္လာယုကျွန်းမှရအပ်သော သရက္ခာန်နံ့သာနှစ်ဖြင့် ထုလုပ်အပ်သည့် ကောဏာဂမန မြတ်စွာဘုရားတည်း။ အနောက်မျက်နှာမှ ရှင်တော် ဘုရားကား ပဉ္စလောဟာဖြင့်ပြီးသော ဂေါတမမြတ်စွာဘုရား၊ တောင်မျက်နှာမှ ဘုရားရှင်ကား ဟိမဝန္တာမှ ရအပ်သော ထင်းရှူးသားဖြင့် ထုလုပ်ထားသည့် ကဿပမြတ်စွာဘုရား၊ မြောက်မျက်နှာမှ ရုပ်ထုတော်ကား ဥဿပဲခူးပြည်မှ ဆက်သအပ်သော စံကားသားဖြင့် ထုလုပ်ထားသည့် ကကုသန္ဓမြတ်စွာဘုရားတည်း။ ထိုဆင်းတုတော် အသီးအသီး၏ မျက်နှာတော် တူရူအမိုးတွင် မုခ်ပြတင်းငယ်များ ရှိသည်ဖြစ်ရာ ဘုရားရှင် အသီး အသီးတို့၏ ကိုယ်တော်အထက်ပိုင်းပေါ်သို့ အလင်းရောင်ကျရောက်၍ လင်းလင်းချင်းချင်းရှိအောင် ဖန်တီးစီရင်ထားလေသည်။ ထိုရုပ်ပွားတော်များအနက် မြောက်မျက်နှာနှင့် တောင်မျက်နှာမှ ရုပ်ပွားတော်များသာလျှင် မူလများဖြစ်ကြသည်။ မြောက်ဘက်နှင့် တောင်ဘက်များရှိ မတ်ရပ်ရုပ်ပွားတော်ကြီး နှစ်ဆူမှာ လက်နှစ်ဖက်ကို ရင်တွင်ကပ်၍ စက်လှည့်နေဟန် (ဝါ) ဓမ္မာစကြာ တရားဟောဟန် လက်အနေအထားဖြင့် ရှိကြသည်။ <ref>ဦးကျော်အောင်(စာတည်းမှူး)၊ တက္ကသိုလ် ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေးဌာန၊အဆင့်မြင့်ပညာဦးစီးဌာန - ပုဂံစေတီပုထိုးများ</ref> အရှေ့နှင့် အနောက်အရပ်မှ ရုပ်ပွားတော်များသည်ကား မူလရုပ်ပွားတော်များ ယိုယွင်းပျက်စီးခဲ့ သဖြင့် အသစ်တစ်ဖန် ပြန်လည်မွမ်းမံထားခြင်းများ ဖြစ်လေသည်။ သက္ကရာဇ် ၁၂၁၈ ခုနှစ်က အရှေ့မျက်နှာမှ သရက္ခာန်ရုပ်ပွားတော်ကြီးကို တေဇောဓာတ် သင့်သဖြင့် [[မင်းတုန်းမင်း]] တရားကြီးက စံကားသားဖြင့် အထက်တည်ရင်းစနစ်အတိုင်း ထုလုပ်ပူဇော်ခဲ့ပေသည်။ သက္ကရာဇ် ၁၁ဝ၇ ခုနှစ် ဟံသာဝတီရောက်မင်း လက်ထက်တွင် တစ်ကြိမ်၊ သက္ကရာဇ် ၁၂၄၇ ခုနှစ်တွင် တစ်ကြိမ်၊ အနောက်မျက်နှာမှ ပဉ္စလောဟာ ရပ်တော်မူကိုယ်တော်ကြီးသည် ရန်သူဘေးကြောင့် ပျက်စီးချို့ယွင်းခဲ့ပြန်သည်။ ထိုပျက်စီးမှုများကို ပြည်ပိုင်အစိုးရက ကမကတပြု၍ ပြည်သူလူထု၏ စေတနာသဒ္ဓါတရား အကူအညီဖြင့် မူလကဲ့သို့ ပဉ္စလောဟာမဟုတ်သော်လည်း ကျွန်းသစ်ဖြင့် ရှေးမူလတည်လုပ်ခဲ့သော စနစ်အတိုင်း ပြုပြင်မွမ်းမံ ပူဇော်ခဲ့ ကြလေသည်။ <ref name="မြန်မာ့စွယ်စုံကျမ်း"/>
 
=== အတွင်းနံရံအလှဆင်ထားပုံ ===
စင်္ကြံများရှိ လိုဏ်ကြီးလိုဏ်ငယ်များ၌ ဆင်းတုတော်ငယ် အမြောက်အမြားကိုလည်း ပူဇော်ထားရာ ထိုဆင်းတူတော်များကို လိုဏ်နံရံရှိ မုခ်တုရင်ကွက်များတွင်း ထည့်ထားသည်။ ပထမစင်္ကြံ၏ လိုဏ်နံရံတွင် ဗုဒ္ဓဝင်အခန်းပေါင်း၈ဝ ကို ပန်းတမော့ပညာဖြင့် နဂါးရစ် ကျောက်ရုပ်တုတို့ကို အဆန်းတကြယ် စီရင်ထားသည်။ မုခ်ဦးအထွက် လေးဘက်လေးမျက်နှာတို့၌ ဘုရားအလောင်း ပဋိသန္ဓေ နေတော်မူဟန်၊ ဖွားမြင် တော်မူဟန်၊ ပရိနိဗ္ဗာန်ပြုတော်မူဟန်စသော ဗုဒ္ဓဝင်လာ အခန်းခန်းတို့ကိုကျောက်ရုပ်တု ၆၄ ဆူဖြင့် သရုပ် ဖော်ထားပေသည်။ နံရံမုခ်အထွတ်အထက် အမိုးနှင့် အခြားအခြားသော လိုဏ်မုခ်တို့၌ သွန်းထားအပ်သော ရုပ်တုတော်များကား ဂေါတမဘုရားရှင်သည် ၄၅ ဝါ ပတ်လုံး လူနတ်ဗြဟ္မာ အပေါင်းအား တရားရေအေး တိုက်ကျွေးဟန်ကို ရုပ်လုံးဖော်ထားရာ ရုပ်တုပေါင်း ၁Ý၃ဝ၄ ဆူ ရှိလေသည်။အနောက်မျက်နှာ ဂန္ဓကုဋိတိုက်အတွင်းရှိ ရပ်တော်မူရုပ်ပွားတော်၏ ဝဲယာရုပ်တုတို့တွင် မြောက်ဘက် ရုပ်တုကား ရှင်အရဟံ၊ တောင်ဘက်ရုပ်တုကား ကျန်စစ်မင်းကြီး၏ ရုပ်တုဟုဆိုကြသည်။ အနောက်မုခ် အလယ်၌ တစ်ရာ့ရှစ်ကွက် စက်လက္ခဏာတို့ဖြင့် ပြည့်စုံသော စက်တော်ရာနှစ်ဆူရှိသည်။ ထိုစက်တော်ရာ တို့ကို အချို့က ကျန်စစ်မင်းကြီး၏ကောင်းမှု၊ အချို့က နှောင်းကုသိုလ်ရှင်တို့၏ ကောင်းမှုဟု ဆိုကြသည်။<ref name="မြန်မာ့စွယ်စုံကျမ်း"/> အာနန္ဒာဘုရား၏ အတွင်းနံရံပတ်လည်တွင် ဗုဒ္ဒဝင်ဆိုင်ရာ ကျောက်ဆင်းတုတော်များ၊ နံရံဆေးရေးပန်းချီများ၊ မင်စာများဖြင့် အလှဆင်ထားသည်။ ယခုအခါ ခေတ်ကာလ ကြာမြင့်လာသည်နှင့်အမျှ သဘာဝဘေး အန္တရာယ်ကြောင့်လည်းကောင်း၊ လူတို့၏တန်ဘိုးမထား ဖျက်စီးမှုကြောင့်လည်းကောင်း အချို့နေရာများတွင်သာ နံရံဆေးရေးပန်းချီနှင့် မင်စာများကို မြင်တွေ့နိုင်တော့သည်။ ကျောက်ဖြင့် ထုလုပ်ထားသော ကျန်စစ်သားမင်းကြီး၏ ရုပ်ထုကို ယနေ့တိုင်တွေ့မြင်နိုင်သည်။ <ref name="အလင်းစေတမန်"/> (ဘေးပုံမှာ ကျန်စစ်သားရုပ်ပုံဖြစ်ပါ သည်။)
၈၇၂၂

တည်းဖြတ်မှုများ