ဂူပြောက်ကြီး (မြင်းကပါ): တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁ -
ပုဂံတွင် ဂူပြောက်ကြီး နှစ်ဆူရှိသည်။ ဝက်ကြီးအင်းအရပ်ရှိ ဂူဘုရားကို ''ဝက်ကြီးအင်းဂူပြောက်ကြီး'' ဟုခေါ်ကြပြီး မြင်းကပါအရပ်ရှိ ဂူဘုရားကို ''မြင်းကပါဂူပြောက်ကြီး'' ဟု ခွဲခြားခေါ်ကြသည်။
ဂူပြောက်ကြီးဘုရားသည် ပုဂံ၊ မြင်းကပါ အရပ်၌ ဝက်ကြီးအင်းရွာ အနီးတွင် တည်ရှိသော ရှေးဟောင်းဘုရားတစ်ဆူ ဖြစ်သည်။ ဝက်ကြီးအင်း ဂူပြောက်ကြီး ဟုလည်း ခေါ်သည်။ မုခ်အရှေ့ဘက်လှည့်သော လိုဏ် နှစ်ဆင့်ရှိ ဂူဘုရားဖြစ်သည်။ ကုလားကျောင်း အထက်ရှိ ကွမ်းတောင်မှာ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာရှိ မဟာဗောဓိ ပုံသဏ္ဌာန်ဖြစ်သည်။ ထိုဂူဘုရားကို (၁၃) ရာစုအတွင်းတွင် တည်ခဲ့သည်။ <ref>ဦးကျော်အောင်(စာတည်းမှူး)၊ တက္ကသိုလ် ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေးဌာန၊အဆင့်မြင့်ပညာဦးစီးဌာန - ပုဂံစေတီပုထိုးများ</ref>
 
== သမိုင်း ==
စာကြောင်း ၁၁ -
ဂူပြောက်ကြီး (မြင်းကပါ) ဘုရား၏ အပြင်မျက်နှာစာ များရှိ ဘီလူးပန်းဆွဲ၊ ထောင့်ဘောင်ပန်း အင်္ဂတေပန်း စသည့် အင်္ဂတေ၊ ပန်းတော့ လက်ရာများနှင့် ဘုရားရှိ ကျောက်လေသာ ပြူတင်းပေါက်များ ဖောက်ထားပုံကို လေ့လာနိုင်သည်။ ဂူဘုရားရှိ အလယ်ဗဟို ဂန္ဓကုဋီတိုက် ပတ်လည်တွင် စင်္ကြပတ်လမ်းရှိပြီး စင်္ကြအတွင်း နံရံ မုခ်ကပ်များရှိ ဗုဒ္ဓရုပ်ပွား ကျောက်ဆစ် ပန်းတမော့ လက်ရာများကို လေ့လာနိုင်သည်။
<ref>ဦးမောင်မောင် - ရန်ကုန်တက္ကသိုလ် ၏ ပုဂံစေတီပုထိုးများ</ref>
 
== ဂူပြောက်ကြီး ကျောက်စာ ==
လှူဒါန်းခဲ့သော ကောင်းမှု အစုစုကို ပျူ၊မွန်၊ ပါဠိ၊ မြန်မာဘာသာဖြင့် လေးမျက်နှာပါ ကျောက်စာနှစ်တိုင်ကို ရေးထိုးခဲ့သည်။ ထို ကျောက်စာတိုင်များကို [[မြစေတီတော် (ပုဂံ)|မြစေတီ]]ဘုရားအနီးမှာ တွေ့သဖြင့် ရှေးက '''[[မြစေတီကျောက်စာ]]'''ဟူ၍ တွင်ခဲ့သည်။ ယခုအခါ အချို့က '''ရာဇကုမာရ် ကျောက်စာ'''ဟု လည်းကောင်း၊ '''ဂူပြောက်ကြီး ကျောက်စာ''' ဟု လည်းကောင်း ခေါ်ကြသည်။ ကျောက်စာအငယ်တစ်တိုင်မှာ ပုဂံပြတိုက်တွင် ထားရှိ၍ အကြီးတစ်တိုင်မှာ ကျိုးပဲ့လျက်ရှိပြီး ဆက်စပ်ကာ မြစေတီဘုရားအနီး၌ စောင့်ရှောက်ထားလေသည်။ ဘာသာလေးမျိုးဖြင့် ရေးထိုးထားသဖြင့် စာပေနှင့် သမိုင်းအတွက် အထူးအရေးပါသည်။ ဤကျောက်စာပါ ပျုစာများသည် အရှည်ဆုံးဟု ဆိုရပေမည်။ ပျူစာကို အဓိပ္ပါယ်ဖော်နိုင်ရန် ကြိုးစားခဲ့သော ဒေါက်တာ စီ၊ အို၊ ဗလက်ဒင်သည် ဤကျောက်စာ၏ အကူအညီဖြင့် ၁၉၁၁ ခုနှစ်တွင် အောင်မြင်စွာ အဓိပ္ပါယ်ဖော်နိုင်ခဲ့လေသည်။ <ref>ဦးကျော်အောင်(စာတည်းမှူး)၊ တက္ကသိုလ် ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေးဌာန၊အဆင့်မြင့်ပညာဦးစီးဌာန - ပုဂံစေတီပုထိုးများ</ref>
 
== ကိုးကား ==