"အစ္စလာမ်ဘာသာ" ၏ တည်းဖြတ်မှု မူကွဲများ

၁၆၉၉ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၅ နှစ်
မွတ်စလင်များသည် လူသားများ တည်ရှိနေခြင်းသည် ဘုရားသခင်အား ခယကိုးကွယ်ရန်အတွက်သာ ဖြစ်သည်ဟု ယုံကြည်ကြသည်။ ဘုရားသခင်သည် ၎င်းတို့နှင့် ခန္ဓာကိုယ်တွင်းရှိ သွေးကြောများထက်ပင် ပို၍ နီးကပ်နေပြီး ၎င်းတို့ ဘေးဒုက္ခရောက်နေပါက တုံပြန်ဖြေကြားလိမ့်မည်ဟု ယုံကြည်ကြသည်။
 
မွတ်စလင်များသည် ဘုရားသခင်အား အများကိန်းမဲ့ပြီး နပုလ္လိင်ဖြစ်သည့် အလ္လာဟ်ဟူသော ဝေါဟာရဖြင့် ညွှန်းဆိုကြသည်။ အခြားသော နတ်ဘုရားများကိုမှု အီလာ(ʾilāh)ဟု သုံးနှုန်းကြသည်။ အာရဗ်မဟုတ်သော မွတ်စလင်များကမူ ဘုရားသခင်အား တန်ရီဟူ၍ တူရကီဘာသာတွင်လည်းကောင်း၊ "ခိုဒါ" ဟူ၍ ပါးရှန်းဘာသာတွင်လည်းကောင်း အသီသီး သုံးနှုန်းခေါ်ဝေါ်ကြသည်။ ကိုးကွယ်ရာအရှင် ဟူသော အတိကျဆုံးသော အဓိပ္ပါယ်သတ်မှတ်ချက်ကို စူရာဟ် အိခ်လာဆ် (ကုရ်အာန်ကဏ္ဍ အမှတ် ၁၁၂)ရှိ အာယသ်တော်(၄)ခုက အတိအကျဖွင့်ဆိုထားပါသည်။
(၁)(အို−နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ ထို အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်းဖြစ်တော်မူ၏။
(၂)အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်တခြင်း လုံးဝကင်းရှင်းတော်မူသောအရှင်၊ သူတစ်ပါးတို့၏ မှီခို အားထားရာအရှင်၊ အနှိုင်းမဲ့ထာဝရအရှင်ဖြစ်တော်မူ၏။
(၃)ထိုအလ္လာဟ်အရှင်မြတ်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မွေးဖွားတော်မူခဲ့သည် မဟုတ်ပေ။ မည်သူတစ်ဦးတစ်ယောက်၏ မွေးဖွားခြင်းကိုလည်း ခံရတော်မူသည် မဟုတ်ပေ။
(၄)ထိုမှတစ်ပါး ထိုအလ္လာဟ်အရှင်မြတ်၌ ဂုဏ်ရည်တူသူ ဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် မရှိပေ။
 
=== ကောင်းကင်တမန်များ ===
အမည်မသိ အသုံးပြုသူ