အစ္စလာမ်ဘာသာ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၅ -
မွတ်စလင်များသည် လူသားများ တည်ရှိနေခြင်းသည် ဘုရားသခင်အား ခယကိုးကွယ်ရန်အတွက်သာ ဖြစ်သည်ဟု ယုံကြည်ကြသည်။ ဘုရားသခင်သည် ၎င်းတို့နှင့် ခန္ဓာကိုယ်တွင်းရှိ သွေးကြောများထက်ပင် ပို၍ နီးကပ်နေပြီး ၎င်းတို့ ဘေးဒုက္ခရောက်နေပါက တုံပြန်ဖြေကြားလိမ့်မည်ဟု ယုံကြည်ကြသည်။
 
မွတ်စလင်များသည် ဘုရားသခင်အား အများကိန်းမဲ့ပြီး နပုလ္လိင်ဖြစ်သည့် အလ္လာဟ်ဟူသော ဝေါဟာရဖြင့် ညွှန်းဆိုကြသည်။ အခြားသော နတ်ဘုရားများကိုမှု အီလာ(ʾilāh)ဟု သုံးနှုန်းကြသည်။ အာရဗ်မဟုတ်သော မွတ်စလင်များကမူ ဘုရားသခင်အား တန်ရီဟူ၍ တူရကီဘာသာတွင်လည်းကောင်း၊ "ခိုဒါ" ဟူ၍ ပါးရှန်းဘာသာတွင်လည်းကောင်း အသီသီး သုံးနှုန်းခေါ်ဝေါ်ကြသည်။ အရဗီဝေါဟာရ "အလ္လာလ်"သည် "သန့်ရှင်းစင်ကြယ်သော၊ အတုမရှိသော၊ ပြိုင်ဖက်ကင်းသော" ဟူသော အနက်များပါဝင်သည်။ အဂ်လိပ် ဝေါဟာရ "God" နှင့် ၄င်း၏ဝေါဟာရ အနွယ်ဝင် စကားလုံးများနှင့် အဓိပ္ပါယ်ကွားခြားပါသည်။ ကိုးကွယ်ရာအရှင် ဟူသော အတိကျဆုံးသော အဓိပ္ပါယ်သတ်မှတ်ချက်ကို စူရာဟ် အိခ်လာဆ် (ကုရ်အာန်ကဏ္ဍ အမှတ် ၁၁၂)ရှိ အာယသ်တော်(၄)ခုက အတိအကျဖွင့်ဆိုထားပါသည်။
(၁)(အို−နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ ထို အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်းဖြစ်တော်မူ၏။
(၂)အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်တခြင်း လုံးဝကင်းရှင်းတော်မူသောအရှင်၊ သူတစ်ပါးတို့၏ မှီခို အားထားရာအရှင်၊ အနှိုင်းမဲ့ထာဝရအရှင်ဖြစ်တော်မူ၏။