ဘုရားပင့်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁၂ -
 
တတောပိ-တောင်တကာထွတ်မှူး လွန်ကျူးမြင့်ပို ထိုမြင့်မိုရ်တောင်မင်း၏ တင့်တယ်ခြင်းထက်လည်း။ အတိက္ကန္တောဝ-ဤ၍ဤမျှ ဂဏန်းချ၍ မမှန်းဆနိုင်အောင် ကဲလွန်၍သာလျှင်။ ယောဇိနော-အကြင်ငါးမာရ်အောင်မြင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်။ ဆဟိ ရသ္မီဟိ-ကြာညိုရောင် မည်းညိုရောင် ပုလဲညိုရောင် ဖဲညိုရောင် မြစိမ်းညိုရောင်အဆင်းကဲ့သို့ ညိုဝင်းသော နီလရောင်ခြည်တော်, နေမင်းအရောင် ရွှေအဆင်းအရောင် ပယင်းအဝါအရောင် သလင်းအဝါအရောင် သလွဲအဝါအရောင် ရွဲအဝါအရောင်ကဲ့သို့ ဝါဝင်းသော ပီတရောင်ခြည် တော်,တိမ်နီရောင် စိန်နီရောင် ကြာနီရောင် ကမ္ဗလာနီရောင် ပတ္တမြားအနီရောင်အဆင်းကဲ့သို့ နီဝင်းသော လောဟိတရောင်ခြည်တော်, ဘောသာခွါရောင် သော်တာလရောင် မကာရ်းအဖြူရောင် ဂွမ်းအဖြူရောင် ပုလဲ အဖြူရောင် ရွဲအဖြူရောင် စံပယ်အဖြူရောင် ကြယ်အဖြူရောင် ဝရဇိန်အဖြူရောင် ပွတ်သစ်စ ခရုသင်းကဲ့သို့ ဖြူဝင်းသော ဩဒါတရောင်ခြည်တော်, မည်းရောင် နီရောင် ညိုရောင်ထည့်လောင်း ယှက်ကူးပေါင်းသဖြင့် မှည့်မောင်း မှိုင်းအုံ ရည်မှုန်သော အဆင်းရှိသော မဉ္ဖိဋ္ဌရောင်ခြည်တော်,မင်းလွင်မြူးခုန် ကဆုန်မာသ သမယ၌ မိုးဝပြင်ကျယ် ကောင်းကင်လယ်က လျှပ်ပန်းနွယ်ယှက်ကူး ပိုးစုန်းကြူးသဏ္ဍာန် မီးပန်းတွေပျံသလို အလျှံတလက်လက် တက်တဲ့ခြည် သက်တဲ့ခြည် ဝဲတဲ့ခြည် ပျံတဲ့ခြည် ဤမှထိုမှ ထိုမှဤမှ ကူးကာပြိုးပြက် တခဲနက်သော ပဘဿရရောင်ခြည်တော် တည်းဟူသော ခြောက်ပါးသော ရောင်ခြည်တော်တို့ဖြင့်။ ဝိရောစတိ-ဖူးမြင်ရသူ နတ်လူဗြဟ္မာ သတ္တဝါဟူသမျှ ဖူးမြော်၍မဝအောင် ခြောက်ရောင်ခြည်စုံဖြာလင်း၍ ထွန်းလင်း တောက်ပတော်မူပါပေ၏ ဧဝမာဒိ ဂုဏောပေတော-ဤသို့ ဆိုအပ်ခဲ့ပြီး ရောင်ခြည်ခြောက်လီ တင့်ထူးစည်သည့် များဘိလုံးစုံ ဂုဏ်ကျေးဇူးတော် အပေါင်းနှင့် ပြည့်စုံတော်မူသော ငါးမာရ်အောင်မြင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်။ မေ-မမ-ရှင်ပင့်ကိုးဂုဏ် ကြယ်ယုံမပြတ် ပွားများအပ်သော အကျွန်ုပ်၏။ ဝရသီသကေ-ကိုယ်အင်္ဂါတွင် အမြတ်တင်သည့် ဥတ္တမင်္ဂ ဦးသီသ၌။ ဌာတု-မယိမ်းမယိုင် ကျောက်စာတိုင်သို့ ခိုင်ခိုင်မတ်မတ် ရပ်တန့်ရွှင်ပြုံး သီတင်းသုံးတော်မူလှည့်ပါ ရောင်ခြည်တော် နေတနှုန်းတမျှကဲ့သို့ ရွှေဘုန်းတော် အလျှံကြွပါသည့် အောင်တော်မူသခင် အရှင်မြတ်ကြီးဘုရား။
 
 
 
===ဆွမ်းရေချမ်းပန်းဆီမီး ကပ်ရန်===
(မဟာဂန္ဓာရုံဆရာတော်ကြီး)
 
ဆွမ်းတော်ကပ်ရန်
 
ဘုန်းတော်အနန္တ ကံတော်အနန္တ ဉာဏ်တော်အနန္တ
စကြဝဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းကျိုးမျှ တန်ခိုးတော်အနန္တတို့နှင့်
ပြည့်စုံတော်မူသော မြတ်စွာဘုရား
ရှင်တော်မြတ်ဘုရားအား
ခဲဘွယ်ချိုချဉ် ဆွမ်းဘောဇဉ်ကို
ဖြူစင်သဒ္ဓါ စေတနာဖြင့်
ရွှင်ကာစိတ်လန်း လှူဒါန်းပါ၏။
 
ဆုတောင်း
ရသာမွှေးကြူ ဆွမ်းဖွေးဖြူကို
ပေးလှူပါရ ဤပုညကြောင့်
ဘဝတိုင်းဝယ် ပညာကြွယ်လျှက်
မြနှယ်ရွှေနှင့် အနေတင့်
အဆင့်ဆင့်မြင့်ရလို ***
 
ရေချမ်းကပ်ရန်
ဘုန်းတော်အနန္တ ကံတော်အနန္တ ဉာဏ်တော်အနန္တ
စကြဝဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းကျိုးမျှ တန်ခိုးတော်အနန္တတို့နှင့်
ပြည့်စုံတော်မူသော မြတ်စွာဘုရား
ရှင်တော်မြတ်ဘုရားအား
စမ်းသီတဂူ ရေဖြူဖြူကို
ဖြူစင်သဒ္ဓါ စေတနာဖြင့်
ရွှင်ကာစိတ်လန်း လှူဒါန်းပါ၏။
 
ဆုတောင်း
ကြည်လင်အေးမြ ရေလှူရ၍
ဘဝတိုင်းဝယ် ပညာကြွယ်လျှက်
ကိုယ်ဝယ်တွင်းပြင် ညစ်ကြေးစင်
ကြည်လင်အေးမြလို ***
 
ပန်းကပ်ရန်
ဘုန်းတော်အနန္တ ကံတော်အနန္တ ဉာဏ်တော်အနန္တ
စကြဝဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းကျိုးမျှ တန်ခိုးတော်အနန္တတို့နှင့်
ပြည့်စုံတော်မူသော မြတ်စွာဘုရား
ရှင်တော်မြတ်ဘုရားအား
ရနံ့မွေးကြူ ပန်းဆူဆူကို
ဖြူစင်သဒ္ဓါ စေတနာဖြင့်
ရွှင်ကာစိတ်လန်း လှူဒါန်းပါ၏။
 
ဆုတောင်း
အနံ့လည်းသင်း အဆင်းလည်းလှ
ပန်းလှူရ၍ ဘဝတိုင်းဝယ်
ပညာကြွယ်လျှက် သွယ်သွယ်ဂုဏ်နှင့်
အစုံဆင့် ထုံသင်းကြိုင်ရလို ***
 
ဆီမီးကပ်ရန်
ဘုန်းတော်အနန္တ ကံတော်အနန္တ ဉာဏ်တော်အနန္တ
စကြဝဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းကျိုးမျှ တန်ခိုးတော်အနန္တတို့နှင့်
ပြည့်စုံတော်မူသော မြတ်စွာဘုရား
ရှင်တော်မြတ်ဘုရားအား
ရောင်ဝါထိန်ညီး မြတ်ဆီမီးကို
ပိုပြီးသဒ္ဓါ စေတနာဖြင့်
ရွှင်ကာစိတ်လန်း လှူဒါန်းပါ၏။
 
ဆုတောင်း
ထွန်းလင်းတောက်ပ မီးလှူရ၍
ဘဝတိုင်းဝယ် ပညာကြွယ်လျှက်
လနှယ်နေနှင့် အသေရေတင့်
ဆင့်ဆင့်ထွန်းတောက်လို***
 
==ရောင်ခြည်တော်ဖွင့် ဘုရားပင့်==