ဗုဒ္ဓဂါယာ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၄၄ -
ဆိုခဲ့ပြီးသော မဟာဗောဓိပင်နှင့်တကွ သတ္တဌာနတို့ တည်ရှိရာ နယ်မြေကို ဘုရားရှင်လက်ထက်တော်အခါက ဂါယာဟု မခေါ်သေးပေ။ ထိုစဉ်က ဂါယာဟူသည် သီးခြားဒေသတခု၏ အမည်ဖြစ်သည်။ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီးနောက် ဓမ္မစကြာတရားဦး ဟောတော်မူရန် မဟာဗောဓိပလ္လင်မှ ၁၈ ယူဇနာကွာဝေးသော မိဂဒါဝုန်တောသို့ ခြေလျင်ကြွတော်မူရာ မဟာဗောဓိပင်နှင့် ဂါယာ၏ စပ်ကြား၌ ဥပကအမည်ရှိ တက္ကတွန်းနှင့် တွေ့ဆုံကြောင်း ဝိနည်းမဟာဝါ ပါဠိတော်နှင့် အဋ္ဌကထာတို့၌ ပါရှိသည်။ ဋီကာ၌ည်း မဟာဗောဓိနှင့် ဂါယာသည် သုံးဂါဝုတ် ကွာကြောင်း ပြောဆိုသည်။ မဟာဗောဓိ ပလ္လင်ရှိရာ နယ်မြေသည် ဂါယာနယ်တွင် အပါအဝင်ဖြစ်ခဲ့သော် ဤသို့ ပြဆိုရန် မရှိပေ။ သို့ဖြစ်၍ မြတ်စွာဘုရား ပွင့်တော်မမူမီကပင် မဟာဗောဓိပင်နှင့် သုံးဂါဝုတ် ဝေးသောအရပ်၌ ဂါယာဟုခေါ်သောအရပ် သီးခြားရှိသည်။ ဘုရား ပရိနိဗ္ဗာန်ပြုပြီးနောက်တွင် ဂါယာနယ် ကျယ်ပြန့်လာ၍ မဟာဗောဓိပင်ရှိသော အရပ်သည် ဂါယာနယ်အတွင်း ဝင်သွားပြီးလျှင် ဗုဒ္ဓဘုရားရှင် သဗ္ဗညုတ ရွှေဉာဏ်တော်ရခြင်းနှင့် စပ်လျဉ်းသော ဒေသတဝိုက်ကို ဗုဒ္ဓဂါယာဟု ခေါ်တွင်လာသည်။ ဗုဒ္ဓဂါယာ၌ ဘုရားရှင် သဗ္ဗညုတ ဉာဏ်ရရှိခြင်းနှင့် စပ်လျဉ်းသော နေရာများတွင် အဓိက အထိမ်းအမှတ်များ စတင်စိုက်ထူခဲ့သူမှာ [[အသောက]] ခေါ် သီရိဓမ္မာ သောကမင်းကြီး ဖြစ်သည်။
 
 
 
==ဗုဒ္ဓမြတ်စွာ ပွင့်တော်မူရာ ဂယာ၊ မဟာဗောဓိ သို့ တစ်ကျော့ပြန်==
(24.3.2014) နံနက်စာ စားပြီးနောက် ရာဇဂြိုဟ်မှ (၆၁)မိုင်ဝေးသော ဂယာသို့ ခရီးဆက်ကြသည်။ ဂယာသို့သွားသောလမ်းသည် ရာဇဂြိုဟ်မြို့တွင်းမှ ဖြတ်သွားရသောကြောင့် မြို့တွင်းရှိကျောက်လှည်းဘီးရာကို ဆင်း၍ လေ့လာကြသည်။ ကျောက်တောင်ထူထပ်သော ရာဇဂြိုဟ်၌ မြို့တွင်းရှိ သဘာဝကျောက်သားပေါ်တွင် လှည်းများ ဖြတ်သန်းသွားလာထားကြသည်မှာ လှည်းဘီးရာထင်၍ ကျန်ရစ်ခဲ့သည်။ ထိုနေရာကို ရှေးဟောင်းသုတေသနဌာနက အုတ်တံတိုင်းခတ်၍ ထိန်းသိမ်းစောင့်ရှောက်ထားသည်။ မဟာဘာရတခေတ် အမှတ်အသားဟုလည်း ဆိုင်းဘုတ်တင် ရေးထားသည်။
ထိုနေရာ၏တောင်ဘက် ခပ်လှမး်လှမ်းကားလမ်းနံဘေးရှိ ကျောက်တိုင်လေးများ စိုက်ထားသောနေရာသည် အရှင်မောဂ္ဂလာန်ကို ခိုးသား(၅၀၀)က ရိုက်နှက်သောနေရာဖြစ်သည်။ ဣသိဂိလိတောင်နံပါး ကာဠသိလာကျောက်ဖျာ နေရာဖြစ်သည်။ အနီးတွင် စေတီပျက်တစ်ဆူရှိသည်။ “ကမ္မဝိပါကော နာမ န သက္ကာ ကေနစိ ပဋိဗာဟိတုံ” ကံအကျိုးပေးမည်သည် တစ်စုံတစ်ယောက်ကမှ တားဆီးခြင်းငှာမတတ်နိုင် ဟူသော ဒေသနာတော်အရ တန်းခိုးအရာ၌ အသာလွန်ဆုံးအဖြစ် ဧတဒဂ်ဘွဲ့ထူးကို ရတော်မူသော အရှင်မြတ်ကြီးသည်ပင်လျှင် အတိတ်ကံအကျိုးပေးကို ရှောင်လွှဲ မရနိုင်ပုံကို သံဝေဂယူမိပါသည်။
ဗုဒ္ဓဂယာ၊ မဟာဗောဓိ သို့မရောက်မီ ဂယာမြို့ကို ဖြတ်ကျော်ရသည်။ ဂယာမြစ်ကမ်းနားတွင် တည်ထားသော မြို့ဖြစ်ပြီး ဘုရားရှင်လက်ထက်တော်အခါက ရွာငယ်အဆင့်မျှသာ ဖြစ်ပေလိမ့်သည်။ ဥပကနှင့် မဆာပါတို့သည်လညး် ဤအနီးနားတစ်ဝိုက်၌ နေထိုင်ခဲ့ခြင်းဖြစ်လိမ့်မည်။ ဂယာမြစ်သည် ဟိန္ဒူဘာသာဝင်များက အထွဋ်အမြတ်ထားကြရာ မြစ်တစ်ခုဖြစ်ပြီး မကောင်းမှုများ သန့်စင်သွားစေနိုင်ဟူသော အယူအဆဖြင့် ရေချိုးပွဲကျင်းပကြသည်။ဘုရားရှင်က “မကောင်းမှု အမြဲတမ်းပြုနေသော လူမိုက်တစ်ဦးသည် ဂယာအစရှိသောမြစ်များသို့ အမြဲတမ်းရေချိုးဆင်းနေစေကာမူ မကောင်းမှုမှ စင်ကြယ်ခြင်းမရှိနိုင်။ မြစ်သည် အဘယ်ကို ပြုလုပ်ပေးနိုင်ပါအ့ံနည်း။ ဤသာသနာတော်၌သာ ရေချိုးလော့။ ကံ(၃)ပါးလုံး စင်ကြယ်နေသူအား မကောင်းမှုမှ ကင်းစင်ပြီးဖြစ်၏။ ဂယာမြစ်သို့ ရေချိုးသွားခြင်းဖြင့် အဘယ်အကျိုးရှိ အံ့နည်း။ သင့်အိမ်မှ ရေတွင်းသည်လည်း ဂယာမြစ်နှင့် အတူတူပင်ဖြစ်၏” ဟု ဟောတော်မူသည်။
ဂယာမြို့သို့အဝင် လမ်း၏လက်ဝဲဘက်ရှိတောင်သည် ဂယာသီသတောင်ဖြစ်သည်။ ဤတောင်ပေါ်ရှိကျောက်ဖျာ ပေါ်တွင် ဘုရားရှင်သည် ဥရုဝေလကဿပ အစရှိသော ရသေ့ညီနောင်၊ ရှင်တစ်ထောင်တို့အား “အာဒိတ္တ ပရိယာယ သုတ်” ကို ဟောကြားတော်မူခဲ့သည်။ မီးလုပ်ကျွေးသောရသေ့ ဖြစ်ခဲ့ဖူးသူများကို မီးဥပမာပေး၍ ဒွါရ(၆)ပါး၊ အာရုံ(၆)ပါး၊ ဝိညာဏ်(၆)ပါး၊ ဖဿ(၆)ပါး၊ ဝေဒနာ(၆)ပါးတို့၌ ရာဂမီး၊ ဒေါသမီး၊ မောဟမီးစသော (၁၁)ပါးသောမီးတို့ တစ်ဟုန်းဟုန်းတောက်လောင်နေကြောင်း ဟောပြတော်မူကာ ရဟန္တာအရှင်မြတ်များအဖြစ်သို့ ရောက်စေတော်မူခဲ့သည်။ အရှင်ဒေဝဒတ်သည် သံဃာသင်းခွဲပြီးနောက် ရဟန်း(၅၀၀)ကို ခေါ်ဆောင်ကာ ဤဂယာသီသသို့ လာရောက် နေထိုင်သည်။ ဘုရားရှင်က အဂ္ဂသာဝကကြီးနှစ်ပါးကို စေလွှတ်၍ ရဟန်း(၅၀၀)ကို အမြင်မှန်ရအောင် ဟောပြစေပြီး ပြန်လည်ခေါ်ဆောင်စေခဲ့သည်။
 
 
**ဒုက္ကရစရိယာတောင်သို့
မဟာဗောဓိသို့မရောက်မီ အချိန်စောနေသေး၍ ရှေးဦးစွာ ဒုက္ကရစရိယာတောင်သို့ သွားကြသည်။ ဒေသခံ များမှာ အလွန်ဆင်းရဲကြသည်။ ဗုဒ္ဓဘာသာနိုင်ငံများမှ ကျောင်းများ လာရောက်ဆောက်လုပ်ထားကြသည်။ မြန်မာနိုင်ငံမှ လာရောက်ဆောက်လုပ်ထားသော ဥရုဝေလတောစခန်းရိပ်သာကိုလည်း တွေ့ခဲ့ရသည်။ အလောင်းတော် တရားရှာစဉ် အခါကမူ ဤနေရာတစ်ဝိုက်သည် သူတော်စင်တို့ တရားအားထုတ်ရာ တောကြီးမျက်မည်းဖြစ်ခဲ့သော်လည်း ယနေ့ အချိန်၌ ကျေးရွာများနှင့် လယ်ယာစိုက်ခင်းများကိုသာ တွေ့ရတော့သည်။ ဒုက္ကရစရိယာတောင်ပေါ်သို့ အသက်အရွယ် ကြီးသူများက အထမ်းဖြင့် တက်ကြသည်။ အတက်အဆင်းထမ်းခ ရူပီ(၃၀၀)ပေးရသည်။ အချို့က ဆိုင်ကယ်ကယ်ရီဖြင့် တက်ကြသည်။ ဝါးတောင်ဝှေးယူမလားဟုမေးသူလည်းရှိကြသည်။ ကုသိုလ်ဖြစ်အနေဖြင့်ပေးခြင်းမဟုတ်၊ မသိ၍ယူမိလျှင် ပြန်အဆင်းကျမှ ရူပီ(၁၀၀)မရမက တောင်းတတ်သည်။
တောင်ပေါ်တွင် တိဗက်ဘုန်းတော်ကြီးကျောင်းရှိပြီး ရောက်လာသော ဧည့်သည်များကို တိဗက်ဘုန်းတော်ကြီး များက ရေနွေးကြမ်းဖြင့် ဧည့်ခံသည်။ ဤကဲ့သို့သော နေရာမျိုး၌ ပင်ပန်းဆင်းရဲခံ၍ ထိန်းသိမ်းစောင့်ရှောက်နေကြ သည်ကို ချီးကျူးစရာကောင်းလှသည်။ ဒုက္ကရစရိယာတောင်တစ်ခုလုံး ကျောက်သားများဖြစ်ပြီး ထီးထီးမားမားတည်ရှိနေ သောကြောင့် သုဇာတာသူဌေးသမီး၏ သေနာနိဂုံးမှပင် လှမ်းမြင်နိုင်သည်။ မြင့်မားမတ်စောက်သော ဤတောင်ပေါ်သို့ တက်ရောက်ကြသူများ၏ သဒ္ဓါတရားသည်လညး် သာမာန်သဒ္ဓါတရားမျှသာမဟုတ်။ မိမိတို့ ကိုးကွယ်သည့် ဘုရားရှင် အပေါ်၌ လှိုက်လှိုက်လှဲလှဲ ကြည်ညိုသည့် သဒ္ဓါတရားမျိုးဖြစ်သောကြောင့်သာ အရောက်တက်နိုင်ကြခြင်း ဖြစ်ပေသည်ဟု ချီးကျူးမိပါသည်။ တောင်ထိပ်တွင် အလောင်းတော်တရားအားထုတ်ခဲ့ရာ လိုဏ်ဂူရှိသည်။ လိုဏ်ဂူအတွင်း၌ ဒုက္ကရစရိယာ ကျင့်ပုံရုပ်ပွားတော်ကို ဖူးတွေ့ရသည်။ နိုင်ငံတကာမှ ဘုရားဖူးအဖွဲ့များဖြင့် စည်ကားနေသောကြောင့် လိုဏ်ဂူအတွင်း၌ ကြာကြာဖူးခွင့်မရဘဲ အပြင်ဘက်၌သာ အာရုံပြု ပူဇော်ရတော့သည်။ မဟာဆီ၊ မဟာသွေး တစ်ဦးအနေဖြင့် အလွန် ခြိုးခြံခက်ခဲပြင်းထန်သော အကျင့်ကို ကျင့်တော်မူနိုင်သော ဇွဲလုံ့လဝီရိယကို ချီးကျူးမိသလို လောကသားတို့အတွက် အငြိမ်းဓာတ်ကိုပေးနိုင်ရန် သစ္စာတရားရှာပုံတော်ဖွင့်ခဲ့သော မဟာကရုဏာတော်ကိုလည်း လှိုက်လှိုက်လှဲလှဲ ကြည်ညို မိပါသည်။ ပါသရာသိသုတ်၊ ဗောဓိရာဇကုမာရသုတ်၊ မဟာသစ္စကသုတ်၊ ဘယဘေရဝသုတ် တို့၌ ဟောတော်မူခဲ့သော အလောင်းတော်ဘဝတွင် တရားရှာခဲ့ပုံများကို အာရုံပြု၍ ဗုဒ္ဓါနုဿတိပွားကြည်ညိုပူဇော်ခဲ့သည်။
 
 
ဒုက္ကရစရိယာတောင်၌ ဖူးမြော်ကြပြီး မဟာဗောဓိသို့ဆက်ကြရာ မြန်မာကျောင်းသို့ နေ့လယ်စာစားချိန်အမီ ရောက်ရှိကြသည်။ နေ့လယ်ခင်းခေတ္တအနားယူပြီး မဟာဗောဓိစေတီသို့ သွားကြသည်။ အလာတုန်းက အေးအေး ဆေးဆေး မဖူးခဲ့ရသဖြင့် အပြန်ကျမှ ဂယာတွင် (၂)ညအိပ်ပြီး အားရပါးရ ဖူးကြရသည်။ ဥဒါန်းပါဠိတော်လာ မဟာဗောဓိ အနီးတစ်ဝိုက်တွင် ဥဒါန်းကျူးရင့်ခဲ့သောသုတ်များကို ရွတ်ဆိုပူဇော်ခဲ့သည်။ ဝေရဥ္ဇာသုတ်လာ ပု၊ဒိ၊အာ ဝိဇ္ဇာဉာဏ်(၃)ပါး ရရှိတော်မူပုံကို ပြန်လည်ဟောပြခဲ့သောပါဠိများ ရွတ်ဆိုပူဇော်သည်။ မိုးချုပ်သော်လည်း မပြန်သေးဘဲ မဟာဗောဓိပင် အောက်၌သာ လှည့်လည်ပူဇော်သည််။ မဟာဗောဓိစေတီ၌ တာဝန်ကျနေသော ဆရာတော်ထံချဉ်းကပ်၍ ရုပ်ပွား တော်ကြီးမှ ပြန်စွန့်ထားသော သင်္ကန်းတော်ကို ရယူပူဇော်လိုကြောင်း လျှောက်ထားရာ ရွှေဝါရောင်ပိုးသင်္ကန်း တစ်ထည် ချီးမြှင့်သည်။ မိမိနေထိုင်ရာကျောင်းသို့ ပြန်ရောက်လျှင် သိမ်တော်ကြီးအတွင်းရှိ ရှေးဟောင်းကျောက်ဆင်းတုကြီးတွင် လွှမ်းခြုံပူဇော်ရန် ကြံရွယ်ထားသည်များ အထမြောက်သွားသဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရသည်။ အချိန်ရသရွေ့ မဟာဗောဓိစေတီ၌ လှည့်လည်ဖူးမြော်ရင်း ည(၉)နာရီတွင် တံခါးပိတ်ရန် ခေါင်းလောင်းခေါက်မှသာ ပြန်ခဲ့ကြသည်။
(25.3.2014) နံနက်စာစားပြီး မဟာဗောဓိစေတီသို့ သွားဖူးကြပြန်သည်။ နံနက်အရုဏ်တက် မဟာဗောဓိစေတီ တော်စတင်ဖွင့်လှစ်ချိန်မှစတင်၍ နိုင်ငံတကာဘုရားဖူးအဖွဲ့များမှ ကပ်လှူသောပိုးသင်္ကန်းများ မည်မျှများပြားမည်မသိ။ တာဝန်ကျသောဆရာတော်က အကြိမ်ကြိမ်လဲလှယ်ပေးရ၏။ တစ်ခါတစ်ရံ၌ များလွန်း၍ လွှမ်းခြံုမပေးနိုင်တော့ဘဲ အခေါက်လိုက်ပင် ကပ်လှူထားကြရ၏။ နံနက်(၇)နာရီ၌ပင် အထုပ်ကြီးထုပ်၍ ခေါင်းပေါ်ရွက်ယူသွားရလောက်အောင် များပြား၏။ မိမိသည် လက္ခဏသုတ်ကို အမှတ်ရမိ၏။ ဘုရားအလောင်းတော်သည် အတိတ်ဘဝများစွာက နူးည့ံသော အဝတ်အထည်တို့ကို လှူဒါန်းတော်မူခဲ့၏။ ထိုကံ၏အကျိုးကြောင့် ရွှေအဆင်းကဲ့သို့ ဝါဝင်းသောအသားအရေရှိခြင်း ဟူသော လက္ခဏာတော်နှင့် ပြည့်စုံတော်မူ၏။ ထိုလက္ခဏာတော်၏အကျိုးဆက်အဖြစ် နူးညံ့ချောမွေ့သော အဝတ် အထည်တို့ကို များစွာသုံးဆောင်တော်မူရ၏ ဟူသော ဟောကြားချက်ကို သက်သေခံနေသည်။ သက်တော်ထင်ရှား မြတ်စွာဘုရားကို မဆိုထားဘိ။ ဘုရားရှင်၏ ရုပ်ပွားတော်သည်ပင်လျှင် ပါရမီတော်တို့၏ စွမ်းရည်သတ္တိကြောင့် အဖိုးတန်သင်္ကန်းတို့ဖြင့် အမြဲမပြတ် ပူဇော်ခြင်းကို ခံယူရတော်မူသည်ဟု ဝမ်းမြောက်ဝမ်းသာ ကြည်ညိုသဒ္ဓါ ပွားမိပါသည်။
 
**သတ္တဋ္ဌာနကို နောက်တစ်ကြိမ် ထပ်ဖူးပြီး ရတနာဃရသတ္တာဟတွင် ပဋ္ဌာန်းရွတ်ဆိုပူဇော်သည်။ နေ့စဉ်နေ့တိုင်း မြန်မာနိုင်ငံမှ ထပ်မံရောက်ရှိလာသော ဘုရားဖူးအဖွဲ့များကို တွေ့ရသည်။ မည်သည့်နိုင်ငံမှ ဘုရားဖူးအဖွဲ့ကိုကြည့်ကြည့် ကြည်ညိုသဒ္ဓါစိတ်ဖြင့် ရွှင်လန်း တက်ကြွနေသော မျက်နှာများကိုသာ မြင်တွေ့ရသည်။ ကုသိနာရုံ၌မူ ဘုရားရှင်ကို လွမ်းဆွေးတသ,သော မျက်နှာများ ကိုယ်စီကိုယ်စီနှင့်၊ မဟာဗောဓိမှာမူကား ဘုရားရှင်အဆူဆူ ပွင့်တော်မူသည့် နေရာပါလားဟူသောအသိဖြင့် ဝမ်းသာကြရသည်။ ထိုရွှင်လန်းဝမ်းမြောက်မှုသည် မိမိတို့နေရပ်သို့ ပြန်ရောက်သည့် တိုင်အောင် ရုတ်တရက်အရှိန်သေမသွားသေးဘဲ ရက်ပေါင်းကြာသည်အထိ နေရာယူဆဲဖြစ်၏။ ပြန်စဉ်းစားလိုက်တိုင်းလည်း အားရကျေနပ်မှုကို ဖြစ်စေ၏။ ဤမျှ အားကောင်းသော ကုသိုလ်စေတနာသည် သံသရာခရီး မပြီးဆုံးသေးသော သူများအတွက် အလွန်အားကိုးထိုက်သော သံသရာရိက္ခာ အထောက်အပံ့ကောင်း ဖြစ်စေနိုင်ပါ၏။ ထို့ကြောင့်လည်း ဘုရားရှင်က ဖွား၊ပွင့်၊ဟော၊စံ သံဝေဇနိယ (၄)ဌာနကို လှည့်လည်ဖူးမြော်၍ ကြည်ညိုသဒ္ဓါစိတ်ဖြင့် သေဆုံးသူတို့သည် ကောင်းသောသုဂတိဘဝ ဘုံဌာနများသို့ ရောက်ကြလိမ့်မည်ဟု ဟောတော်မူခဲ့ခြင်းဖြစ်၏။
 
==ဖွားတော်မူရာ လုမ္ဗိနီနှင့်ပတ်သတ်သော နောက်ဆုံးတွေ့ရှိချက်==