မိဂဒါဝုန်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Migrating 1 interwiki links, now provided by Wikidata on d:q324394 (translate me)
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၅၈ -
တွင် အရှင်ဘဒ္ဒိယ၊ ၃ ရက်နေ့တွင် အရှင်မဟာနာမ်၊ ၄ရက်
်နေ့တွင် အရှင်အဿဇိတို့ အသီးအသီး သောတာပန်အဖြစ်သို့
ရောက်ကြသည်။ <ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)</ref>
 
 
==တရားဦးဓမ္မစကြာဟောတော်မူရာ ဣသိပတနမိဂဒါဝုန်==
မိဂဒါဝုန်သို့ အဝင်တွင် လမ်းဘေး၌ ချောက်ခဏ္ဍီစေတီကို ဝင်ဖူးကြသည်။ ဘုရားရှင်ကို ပဥ္စဝဂ္ဂီငါးပါးက ခရီးဦးကြိုပြုရာ ဌာနဖြစ်သည်။ အသောကမင်းကြီးက ထိုနေရာ၌ စေတီတည်ခဲ့သည်။ ဘာသာခြားမဂိုဘုရင် အက္ကဘာမင်းက သူ့ခမည်းတော် စစ်ရှုံးစဉ်အခါတွင် ပုန်းအောင်းခဲ့သောနေရာဟုဆိုကာ ထိုစေတီအပေါ်၌ မျှော်စင်တည်ဆောက်လိုက်လေ သည်။ သမိုင်းဝင်ဌာနဖြစ်၍ စနစ်တကျထိန်းသိမ်းထားသည်။ ၎င်းနောက် မိဂဒါဝုန်ရှိ ဓမ္မစကြာတရားဟောတော်မူရာ ဓမ္မရာဇိကစေတီနေရာတွင် ဓမ္မစကြာသုတ်တော်ကို စုပေါင်းရွတ်ဆို ကြသည်။ မိမိကမူ သုတ္တနိပါတ်ပါဠိတော်၌လာသော ဟေမဝတသုတ်နှင့် နာလကသုတ်ကိုပါ ရွတ်ဆိုပူဇော်သည်။
ဓမ္မစကြာတရားတော်ကို ဘုရားရှင်ထံမှ နာကြားခဲ့ရသော သာတာဂိရနတ်စစ်သူကြီးက သူငယ်ချင်းဖြစ်သူ ဟေမဝတနတ်စစ်သူကြီးထံသွား၍ ဘုရားရှင်ကိုဖူးမြော်ရန် ဖိတ်ခေါ်သောအခါ ဟေမဝတက ဘုရားစင်စစ်ဟုတ်၊မဟုတ် စစ်တမ်းထုတ်သည်။ အားရကျေနပ်မှုရှိသဖြင့် ဘုရားရှင်ကိုဖူးမြော်၍ တရားနာယူကာ သောတာပန်များ ဖြစ်သွားကြသည်။ ယင်းနတ်စစ်သူကြီး(၂)ဦးတို့ အပြန်အလှန်အမေးအဖြေပြု၍ ဘုရားစစ်တမ်းထုတ်ပုံနှင့် ဘုရားရှင်ထံမှ အာယတန(၆)ပါး နှင့် ပတ်သက်သောဖြေကြားချက်များကို မှတ်တမ်းတင်ထားသည်က ဟေမဝတသုတ် ဖြစ်၏။
နာလကသုတ်ကမူ ဘုရားအလောင်းတော် မွေးဖွားပြီးနောက် တန်ခိုးရှင် ဒေဝီလရသေ့ကြီးက ဤမင်းသားငယ် သည် မုချအမှန် ဘုရားဖြစ်လိမ့်မည်ဟု ဟောကိန်းထုတ်ပြီးနောက် သူကိုယ်တိုင်ကမူ ဘုရားပွင့်သည့်အချိန်တိုင်အောင် အသက်ရှည်တော့မည် မဟုတ်သဖြင့် တူဖြစ်သူ နာလကအား ဘုရားပွင့်လျှင် နည်းခံအားထုတ်ခွင့်ရအောင် လမ်းညွန် ခဲ့သည်။ ဘုရားပွင့်လာသောအခါ မိဂဒါဝုန်သို့ လိုက်လာပြီး မောနေယျအကျင့်တရားကို ဟောကြားပါရန် လျှောက်ထား ချက်အရ ဘုရားရှင်က ခက်ခဲပြင်းထန်သော မောနေယျအကျင့်တရားကို ဟောပြသောသုတ်ဖြစ်သည်။ ထိုနှစ်သုတ်လုံး မိဂဒါဝုန်၌ ဟောခဲ့သည်ဖြစ်၍ အမှတ်တရ ရွတ်ဆိုပူဇော်ခဲ့သည်။
၎င်းနောက် နန္ဒိယသူဌေးကြီး ဆောက်လုပ်လှူဒါန်းခဲ့သော ကျောင်းတော်ရာကို လှည့်လည်ဖူူးမြော်ကြသည်။ အလွန်ကြီးမားသော ကျောင်းတော်ကြီးဖြစ်ပြီး အလျားပေ(၂၀၀)ခန့် ရှိသည်။ အုတ်နံရံထုကြီးမှာ (၁၀)ပေခန့်ရှိသည်။ အသောကမင်းကြီးက ပြန်လည်ပြုပြင်ခဲ့ခြင်းဖြစ်သည်။ တရုတ်ရဟန်းတော်ဟူယင်ဆန် ဘုရားဖူးလာသောခေတ်က ပေ(၂၀၀)ခန့်မြင့်သော (၇)ထပ်တိုက်ကျောင်းကြီးအဖြစ် မြင်တွေ့ခဲ့ရသည်ဟု မှတ်တမ်းတင်ထားသည်။ နန္ဒိယကျောင်း တော်ကြီး ကို ဖူးမြော်ရသောအခါ ဓမ္မပဒပါဠိတော်မှ “စိရပ္ပဝါသိံ ပုရိသံ၊ ဒူရတော သောတ္ထိ မာဂတံ” အစရှိသော ဂါထာကိုလည်း အမှတ်ရမိသည်။ ကျောင်းရေစက်ချအပြီး မသေမီကတည်းက တာဝတိံသာနတ်ပြည်၌ ဘုံဗိမာန် ပေါ်ပေါက်နေသည်ကို အရှင်မဟာမောဂ္ဂလာန်က မြင်တွေ့ခဲ့ရသဖြင့် ဘုရားရှင်ကို လျှောက်ထားသည်။ ဘုရားရှင်က “နှစ်ပေါင်းများစွာ ကွဲကွာနေသော ရပ်ဝေးခရီးမှ ချမ်းသာစွာ ပြန်ရောက်လာသူကို ဆွေမျိုးအပေါင်းက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြသကဲ့သို့ ကောင်းမှုရှင်ကိုလည်း တမလွန်ဘဝမှ ကောင်းမှုတို့သည် ကြိုဆိုကြကုန်၏” ဟုဟောတော်မူသည်။
နန္ဒိယကျောင်းတော်ရာကို ဖူးမြော်ပြီးနောက် အသောကကျောက်စာတိုင် အကျိုးအပဲ့များကို လေ့လာကြသည်။ တစ်ချိန်က သံဃာတော်များ သီတင်းသုံးစဉ် သံဃာညီညွတ်ရေးအတွက် စိုက်ထူခဲ့ခြင်းဖြစ်သည်။ သံဃာသင်းခွဲခြင်း မပြုရ။ ပြုလုပ်လျှင် အဝတ်ဖြူလဲစေ၍ ကျောင်းတိုက်မှ နှင်ထုတ်ခြင်းခံရမည်ဟု အမိန့်ထုတ်ထားခြင်းဖြစ်သည်။
၎င်းနောက် ဂေါဝိန္ဒစန္ဒရမင်း၏ မိဖုရားကြီး ကုမာရဒေဝီ ဆောက်လုပ်လှူဒါန်းခဲ့သော ကျောင်းတော်ရာကို လေ့လာကြသည်။ ကျောင်း၌သီတင်းသုံးသော ဘိက္ခုနီများ မိဂသမ္မတာမြစ်အတွင်းသို့ ရေချိုးဆင်းရန် မြေအောက်လမ်း ဖောက်လုပ်ထားသည်။
ကုမာရဒေဝီကျောင်းတော်ကို လေ့လာပြီးနောက် ဘုရားရှင်ပထမဦးဆုံး ဝါဆိုဝါကပ်သီတင်းသုံးတော်မူခဲ့ရာ မူလဂန္ဓကုဋီကို ဖူးမြော်ကြသည်။ နန္ဒိယကျောင်းတော်၏ အစိတ်အပိုင်းနေရာတစ်ခုဖြစ်သည်။ ပထမဆုံးဝါဆိုတော်မူခဲ့ သောနေရာကို ဗဟိုပြု၍ နန္ဒိယသူဌေးကြီးက ကျောင်းတော်ကြီးဆောက်လုပ်ခဲ့ခြင်း ဖြစ်နိုင်စရာရှိ၏။ ဤနေရာ၌ ဘုရားရှင်သည် ပဥ္စဝဂ္ဂီ(၅)ပါး၊ ဗာရာဏသီမြို့မှ ယသသူဌေးသားအမှူးပြုသော အပေါင်းအပါ (၅၅)ပါး၊ စုစုပေါင်း ရဟန္တာ (၆၀)နှင့်အတူ သီတင်းသုံးတော်မူ၍ ဝါဆိုတော်မူခဲ့သည်။ ဝါကျွတ်တော်မူသောအခါ ရဟန္တာ (၆)ကျိပ်ကို နေရာအနှံ့ အပြားသို့ သာသနာပြုခရီး စေလွှတ်တော်မူသည်။ ဘုရားရှင်က ရဟန်းတို့အား “လူနတ်ဗြဟ္မာသတ္တဝါတို့၏ အကျိုးစီးပွားအတွက် ခရီးလှည့်လည်ကြ။ အစအလယ်အဆုံး ကောင်းခြင်းသုံးဖြာနှင့် ပြည့်စုံသော စင်ကြယ်မြင့်မြတ်သည့် တရားတော်ကို ဟောပြောကြ။ တစ်နေရာသို့ (၂)ပါးအတူ မသွားကြနှင့်” ဟု သာသနာပြု စေလွှတ်တော်မူပုံကို အာရုံပြု၍ “စရထ ဘိက္ခဝေ စာရိကံ၊ ဗဟုဇနဟိတာယ ဗဟုဇနသုခါယ” အစရှိသော ပါဠိကို ရွတ်ဆိုပူဇော်ခဲ့သည်။
နန္ဒိယကျောင်းတော်ရာနှင့် ကပ်လျက် ဘုရားရှင်တရားဟောတော်မူရာ ပလ္လင်တော်ကြီးကို အင်္ဂတေအမိုးဖြင့် မိုး၍ ထိန်းသိမ်းစောင့်ရှောက်ထားသည်။ ပရိသတ်(၄)ပါးတို့ကို နေ့စဉ်တရားဟောရာ ပလ္လင်တော်ဖြစ်သည်။ ယသသူဌေးသား ကိုလည်း ဤနေရာ၌ တရားဟော၍ အကျွတ်တရားရစေတော်မူခဲ့သည်။ ပလ္လင်တော်ကြီးကို ဖူးမြော်ပြီးနောက် အနတ္တလက္ခဏာသုတ်ကို ဟောကြားရာနေရာရှိ ဓမ္မေခစေတီတော်ကြီးကို ဖူးမြော်၍ အနတ္တလက္ခဏာသုတ်ကို စုပေါင်း ရွတ်ဆိုပူဇော်ကြသည်။
နေနှင့်လတို့ မဖြစ်ပေါ်သေးသမျှ ကာလပတ်လုံး စကြဝဠာတစ်ခွင်၌ မှောင်အတိကျနေသကဲ့သို့ ဘုရားရှင်မပွင့် ပေါ်သေးသမျှကာလပတ်လုံး သစ္စာတရားအလင်းရောင် ထွန်းပြောင်ခွင့်မရဘဲ မှောင်အတိကျနေသည်။ ကဿပမြတ်စွာ ဘုရား၏ သာသနာတော် ကွယ်ပသည့်အချိန်မှစ၍ သစ္စာ(၄)ပါးနှင့် အနတ္တတရားကို မည်သည့်ပုဂ္ဂိုလ်ကမျှ ထုတ်ဖော် ဟောပြနိုင်စွမ်းမရှိခဲ့။ ပစ္စေကဗုဒ္ဓါအပါး(၅၀၀)တို့ တစ်ပြိုင်နက်တည်း ပေါ်ထွန်းသည့် အချိန်အခါမျိုး၌ပင် ကမ္ဘာလောက အတွင်း၌ သစ္စာတရားအလင်းရောင် ထွန်းပြောင်နိုင်ခြင်းမရှိခဲ့။ ဘုရားရှင်ပွင့်တော်မူသော အခါမှသာလျှင် သစ္စာတရား အလင်းရောင် ထွန်းပြောင်လာတော့သည်။ သစ္စာတရားကို ဟောပြတော်မူရာ မိဂဒါဝုန်သည်လည်း သာသနာတော်၌ အရေးပါသော ထိပ်တန်းနေရာဌာနတစ်ခုဖြစ်လာတော့သည်။
မိဂဒါဝုန်၌ လှည့်လည်ဖူးမြော်ပြီးနောက် သီရိလင်္ကာနိုင်ငံသား အနာဂါရိကဓမ္မပါလ တည်ထားခဲ့သော မူလဂန္ဓ ကုဋီကျောင်းဆောင်သစ်သို့ သွားရောက်ဖူးမြော်ကြသည်။ မိဂဒါဝုန်ကို ပြန်လည်ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးစားခဲ့သူ ဖြစ်၍ ဘုရားဖူးသွားသူများ မမေ့အပ်သောပုဂ္ဂိုလ်ဖြစ်သည်။ ဂန္ဓကုဋီကျောင်းဆောင်၏ မြေအောက်ခန်းတွင် ဓာတ်တော် များကို လုံခြုံစွာထိန်းသိမ်းစောင့်ရှောက်ထားပြီး နှစ်စဉ်တန်ဆောင်မုန်းလပြည့်နေ့တိုင်း ထုတ်ဆောင်၍ အပူဇော်ခံလေ့ ရှိသည်။
http://aungteikdi.blogspot.com/2015_02_01_archive.html?m=0
 
 
<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)</ref>
 
== ကိုးကား ==
<references/>