နယူးဒေလီမြို့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Migrating 1 interwiki links, now provided by Wikidata on d:q987 (translate me)
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁ -
[[File:Delhi Montage.jpg|thumb]]
နယူးဒေလီမြို့သည် [[အိန္ဒိယနိုင်ငံ]]၏ မြို့တော်ဖြစ်သည်။ ၎င်းတွင် အလွန်ရှေးကျသော သမိုင်းဟောင်းများရှိသည်။ ၎င်းသည် အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် တည်ရှိပြီး ဧရိယာအကျယ်အဝန်းမှာ ၄၂.၇ km<sup>2</sup> ခန့်ရှိသည်။ ထို့ပြင် လူဦးရေ ထူထပ်မှုမှာ ၉.၄ သန်းခန့်ရှိသည်။ ၎င်အား အိန္ဒိယ ဗဟိုအုပ်ချုပ်ရေးဌာနနှင့် ဒေလီ၏ပြည်ထောင်စုနယ်မြေအစိုးရဌာနအဖြစ် အသုံးပြုပြီး ပြည်ထောင်စုနယ်မြေ ၉ ခုအနက် တစ်ခုလည်းဖြစ်သည်။ နယူးဒေလီမြို့သည် ဒေလီမြို့မ၏ အတွင်းတွင် တည်ရှိ၍ နိုင်ငံခြားသံရုံး ၁၃၄ ရုံးခန့် ရှိသည်။
 
 
 
 
==မဟာသတိပဋ္ဌာနသုတ် ဟောတော်မူရာဌာနီ ကုရုတိုင်း (နယူးဒေလီ)==
နေ့လယ်စာစားပြီးနောက် အိန္ဒိယနိုင်ငံ၏ မြို့တော်ဖြစ်သော နယူးဒေလီသို့ ခရီးဆက်ကြသည်။ မိဂဒါဝုန်နှင့် မိုင်(၅၀၀)ခန့် ကွာဝေးသည်ဟု သိရသည်။ နေ့(၁၂)နာရီမှစ၍ တစ်နေ့လုံး တစ်ညလုံး ကားစီးကြရသည်။ လမ်းတွင် ဂင်္ဂါမြစ်နှင့် ယမုံနာမြစ်တို့ ပေါင်းဆုံသောနေရာကို ပြသသည်။ လမ်းခရီးတွင် ခေတ္တမျှသာရပ်နားပြီး နောက်တစ်နေ့နံနက် မိုးလင်းချိန်တွင် နယူးဒေလီမြို့သို့ရောက်ရှိသည်။
(15.3.2014) နံနက်ခင်းတွင် နယူးဒေလီမြို့တွင်း၌ လှည့်လည်လေ့လာကြသည်။ ကြီးကျယ်လှသောမြို့ကြီးဖြစ်၍ သွားစရာနေရာများပြားသည်။ အိန္ဒိယနိုင်ငံခေါင်းဆောင်ကြီးဂန္ဒီကို မီးသင်္ဂြိုဟ်သောနေရာ၊ သမ္မတအိမ်တော်၊ လွှတ်တော် ခန်းမ၊ အင်ဒရာဂန္ဒီပြတိုက်၊ ဘာသာပေါင်းစုံဝတ်ပြုနိုင်ရန် ကြာပွင့်ပုံဆောက်လုပ်ထားသော Lotus Temple၊ အိန္ဒိယဂိတ် တို့ကို လေ့လာကြသည်။ ၎င်းနောက် မဟာသတိပဋ္ဌာနသုတ်ကို ဟောတော်မူရာ တောင်ကုန်းသို့ သွားရောက် ဖူးမြော်ကြသည်။ နယူးဒေလီမြို့လယ်ခေါင်တွင် ဥယျာဉ်တစ်ခုအဖြစ်ဖြင့် တည်ရှိနေပြီးအလယ်တွင် ကျောက်ဆောင် ကျောက်တုံးကြီးများ ရှိသည်။ အသောကမင်းကြီး လက်ထက်ကတည်းက အသိအမှတ်ပြုခဲ့သော နေရာဖြစ်ကြောင်း ဆိုင်းဘုတ်ရေးထိုးထားသည်။ ဤနေရာ၌ ဘုရားရှင်သည် မဂ်ဖိုလ်နိဗ္ဗာန် ရရေးအတွက် တစ်ကြောင်းတည်းသော လမ်းခရီးဖြစ်သည့် မဟာသတိပဋ္ဌာန်တရားတော်ကို ဟောကြားတော်မူပုံကို အာရုံပြု၍ “ ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ဝိသုဒ္ဓိယာ” အစရှိသော မဟာသတိပဋ္ဌာနသုတ်လာ ပါဠိများဖြင့် ရွတ်ဆိုပူဇော်ခဲ့သည်။
၎င်းနောက် မိမိတို့အဖွဲ့ တည်းခိုကြမည့် တည်းခိုခန်းသို့ သွားကြသည်။ တစ်နေ့လုံးတစ်ညလုံး ကားစီးလာခဲ့ရ၍ နေ့လယ်စာစားပြီးနောက် အနားယူကြသည်။ ညနေပိုင်းတွင် စျေးသို့သွား၍ စျေးဝယ်ကြသည်။ ညပိုင်းတွင် အခြားသို့ သွားစရာ၊ ဖူးမြော်လေ့လာစရာ မရှိတော့၍ မိမိတို့တည်းခိုရမည့်အခန်း၌သာ အနားယူကြရတော့သည်။ ဤနယူးဒေလီမြို့ နေရာဒေသသည် ဘုရားရှင်လက်ထက်တော်မတိုင်မီကတည်းက ကုရုတိုင်း၊ ကမ္မာသဒမ္မနိဂုံး အမည်တွင်ခဲ့သည်။ အလောင်းတော်မဟာသုတမင်းဘဝက လူသားစား ပေါရိသာဒကို ဆုံးမရာ နေရာဒေသလည်းဖြစ်သည်။ ဘုရားရှင် လက်ထက်တော်က သတိပဋ္ဌာန်တရားကို ဤနယ်မြေရှိ ပုဂ္ဂိုလ်အသီးသီးသည် ထင်းခွေရေခပ်ရင်းနှင့်ပင် လက်တွေ့ ကျင့်သုံးခဲ့ကြသော ဓမ္မနယ်မြေကြီးဖြစ်ပြီး အရိယာပုဂ္ဂိုလ်အမြောက်အမြား ပေါ်ထွက်ခဲ့ကြသည်။ မာဂဏ္ဍီယသုတ်၊ မဟာနိဒါနသုတ် အစရှိသော လေးနက်သည့် သုတ္တန်ဒေသနာတော်များကို ဟောကြားခဲ့ရာ နေရာဒေသလည်းဖြစ်သည်။ ယနေ့အချိန်တွင် သတိပဋ္ဌာန်တရားဆိုသည်ကို ကြားဖူးနားဝပင် ရှိကြမည်မဟုတ်။ စိတ်ဓာတ်စင်ကြယ်စေရေး၊ စိုးရိမ် ပူဆွေးမှုကင်းစင်စေရေး၊ ကိုယ်စိတ်ဆင်းရဲ ကင်းစင်စေရေး၊ မဂ်ဖိုလ်နိဗ္ဗာန် ရစေရေးအတွက် တစ်ကြောင်းတည်းသော လမ်းခရီးဖြစ်သည့် သတိပဋ္ဌာန်တရားတော်နှင့် လွဲချော်နေကြရသည်။ ချမ်းသာသုခရဖို့ရန် ကောင်းကင်ဘုံသို့ မျှော်မှန်း၍ ဆုတောင်းရုံမှတပါး အကျင့်စရဏတရားကို အားကိုးရကောင်းမှန်း မသိကြ။ ကျောက်ခဲကို ဆီကြိတ်၍ မရနိုင်သကဲ့သို့ မှန်ကန်မှုမရှိသော လမ်းစဉ်သည်လည်း ပန်းတိုင်သို့ရောက်အောင်ပို့ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။
http://aungteikdi.blogspot.com/2015_02_01_archive.html?m=0
 
 
{{Stub}}