နီပေါနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၇၅ -
==စီးပွားရေး==
 
နီပေါနိုင်ငံ၏ ထွက်ကုန်များမှာ ကောက်သီးကောက်နှံများ၊ ဂုံလျှော်၊ သစ်၊ ဆီစေ့၊ ထောပတ်၊ အာလူး၊ ဘယဆေးပင်များ၊ သားရေနှင့် ကျွဲနွာများဖြစ်၍ သွင်းကုန်များမှာ အထည်အလိပ်၊ စီးကရက်၊ ဆား၊ ဓာတ်ဆီ၊ ရေနံဆီ၊ သကား၊ ဆေးဝါးများ၊ စက်ကိရိယာများ၊ ဖိနပ်များ၊ စက္ကူ၊ ဘိလတ်မြေ၊ သံနှင့် သံမဏိ၊ လက်ဖက်ခြောက်တို့ဖြစ်သည်။ ၁၉၅၅ ခုတွင် နီပေါနိုင်ငံ၌ အင်္ဂလိပ်စာသင်ကျောင်း ၁၀၂၈ ကျောင်း၊ သက္ကတစာသင်ကျောင်း ၂၄၃ကျောင်း၊ အခြေခံစာသင်ကျောင်း ၄၉ ကျောင်း၊ ဘွဲ့ရကောလိပ်ကျောင်း ၇ ကျောင်း၊ ဥပစာကောလိပ်ကျောင်း ၇ ကျောင်းနှင့် အခြားကျောင်း ၇ ကျောင်းရှိလေသည်။ နိုင်ငံတွင်းရှိ လူဦးရေ၏ ၆ ရာခိုင်နှုန်းခန့်သာလျှင် စာရေးစာဖတ်တတ်လေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲခြောက်</ref>
 
 
 
 
==ဖွားမြင်တော်မူရာ လုမ္ဗိနီဥယျာဉ်၏ သမိုင်းရုပ်ကြွင်း အတိတ်ပုံရိပ်==
သာဝတ္ထိရွှေမြို့တော်တွင် တစ်ညအိပ်ကြပြီး နောက်တစ်နေ့ (19.3.2014) နံနက်စာစားအပြီးတွင် (၁၃၉)မိုင် ဝေးကွာသော နီပေါနိုင်ငံ လုမ္ဗိနီ သို့ ခရီးဆက်ကြသည်။ လမ်းခရီးတွင် နှစ်နိုင်ငံနယ်စပ်မြို့ဖြစ်သော ဆိုနောလီ မြန်မာကျောင်း၌ နေ့ဆွမ်းစားကြသည်။ ၎င်းနောက် နှစ်နိုင်ငံနယ်စပ်ဂိတ်တွင် အချိန်ကြာနေပြီးမှ နီပေါသို့ ဝင်ခွင့်ရသည်။ နီပေါသို့ စဝင်ကတည်းက မြန်မာရုပ်ရည်နှင့်တူသူ အသားဖြူသူများကို တွေ့ရသည်။ လမ်းဆုံတိုင်းမှာလည်း ဗုဒ္ဓရုပ်ပွား တော်များကို ထားရှိကြသည်။ အိန္ဒိယနိုင်ငံ၌ ဤကဲ့သို့ မတွေ့ရ။ နီပေါနိုင်ငံသည် ကမ္ဘာ့တစ်ခုတည်းသော ဟိန္ဒူနိုင်ငံဖြစ် သော်လည်း ဗုဒ္ဓဘုရားရှင်ကို ၎င်းတို့၏နိုင်ငံသားအဖြစ် ဂုဏ်ယူကြသည်ဟု ထင်မိပါ၏။
မိမိတို့ဘုရားဖူးအဖွဲ့သည် ရှေးဦးစွာ ကပိလဝတ်နန်းတော်ရာသို့ သွားရောက်လေ့လာကြသည်။ အနောက်ဖက် ဂိတ်တံခါးဟောင်းနေရာအနီးရှိ ဆိုင်းဘုတ်တွင် ခရစ်တော်မပေါ်မီ B.C (၈)ရာစု အထောက်အထားများကို တူးဖော်တွေ့ရှိ သည်ဟု ရေးထားသည်။ (၂၀၀၂)ခုနှစ် ဘုရားဖူးလာရောက်စဉ်က လုမ္ဗိနီဆရာတော် ရှင်းလင်းပြခဲ့သည်ကို မှတ်သားထား မိသည်။ ရှေးဟောင်းသုတေတန၏ တူးဖော်တွေ့ရှိချက်များအရ ကပိလဝတ်မြို့၏ ကျုံးအကျယ် (၂၂)ပေ၊ မြို့ရိုးအမြင့် (၂၅)ပေ ရှိခဲ့ပြီး အရှေ့မှအနောက်(၂၃၀၀)ပေ၊ တောင်မှမြောက် (၁၇၀၀)ပေခန့် ရှိကြောင်း၊ အနောက်ဘက်မြို့တံခါးကို တူးဖော်ရာတွင် ဂိတ်စောင့်တံခါးမှူးများ၏နေရာ၊ မြို့ရိုးပေါ်သို့တက်သောလှေကား၊ လေးမြားစသောလက်နက်များ ထားသောနေရာတို့ကို တွေ့ရှိရကြောင်း၊ ကျံုးတံတားကိုလည်း ဖြုတ်နိုင်၊တပ်နိုင်အောင် အရှင်ပြုလုပ်ထားသည်ကို တူးဖော်တွေ့ရှိရသော ချွန်းများ၊ ချိတ်များအရ သိရှိရကြောင်း၊ အနောက်ဘက်ဝင်ပေါက်အနီးတွင် စျေးဆိုင်များ တည်ရှိခဲ့ သော အထောက်အထားများတွေ့ရပြီး ပေါက်တူးများနှင့် အာဖဂန်နစ္စတန်လက်ရာ ပစ္စည်းများကိုပါ တွေ့ရှိရကြောင်း၊ မြို့တွင်းရှိအချို့အိမ်များသည် မြို့ရိုးနှင့်ကပ်လျက် မြို့ရိုးကို အိမ်နံရံအဖြစ် ဆောက်လုပ်ခဲ့သော အထောက်အထားများ တွေ့ရကြောင်း၊ နန်းဆောင်များကို တူးဖော်စဉ်က ငွေဒင်္ဂါးနှင့် ကြေဒင်္ဂါးပြားများကို တွေ့ရကြောင်း၊ အချို့အဆောင် များတွင် အမျိုးသမီးများ၏ လည်ဆွဲပုတီးများတွေ့ရှိရသဖြင့် အပျိုတော်ဆောင်ဖြစ်နိုင်သည်ဟု ယူဆကြကြောင်း၊ အချို့အဆောင်များ၌ တွေ့ရှိရသော လူအရိုးစုများသည် (၇)ပေခန့်ရှည်ကြောင်း၊ ဘုရင့်ရေကန်(ရာဇပေါက္ခရဏီ)နှင့် မိဖုရားများ၏ရေကန်များ၊ ရေတွင်းများ၊ အုတ်ကန်များ တူးဖော်တွေ့ရှိရကြောင်း၊ သုဒ္ဓေါဒနမင်းကြီးနှင့် မယ်တော်မာယာ တို့၏ အရိုးစေတီများကိုလည်း တူးဖော်တွေ့ရှိရကြောင်း မှတ်သားခဲ့ရသည်။
 
*20.3.2014)တွင် နံနက်စာစားပြီးနောက် လုမ္ဗိနီဆရာတော်ဦးဆောင်၍ ဘုရားအလောင်း ဖွားမြင်တော်မူရာ လုမ္ဗိနီဥယျာဉ်သို့ သွားရောက်ခဲ့သည်။ ဆရာတော်က ငြိမ်းချမ်းရေးမီးရှူးတိုင်အကြောင်းကို ရှင်းပြသည်။ ငြိမ်းချမ်းရေးတူးမြောင်းကို အလယ်ဗဟိုပြု၍ အရှေ့ဘက်ခြမ်းတွင် ထေရဝါဒဘုန်းတော်ကြီးကျောင်းများနှင့် အနောက် ဘက်တွင် မဟာယာနဘုန်းတော်ကြီးကျောင်းများကို အစီအစဉ်တကျထားရှိပုံနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်၏ အစီအစဉ်ဖြင့် အလောင်းတော်ဖွားမြင်တော်မူရာ ဧရိယာကြီးတစ်ခုလုံးကို တူးမြောင်းဖြင့် ဝန်းပတ်ရံထားပုံ တို့ကိုလည်း ရှင်းပြသည်။ ဆရာတော်က မိမိတို့အဖွဲ့ကို မယ်တော်မာယာကျောင်းဆောင်ကြီးအတွင်းသို့ ခေါ်ဆောင် သွားသည်။ အလောင်းတော်ဖွားမြင်တော်မူရာ၌ရှိနေသော ခြေတော်ရာ၊ အသောကမင်းကြီး တည်ထားခဲ့သော ဓာတ်တော်တိုက်၊ ကျောင်းတော်ရာနှင့် မကြာသေးမီက တူးဖော်မှုပြုလုပ်ထေားသောနေရာတို့ကို လိုက်လံပြသသည်။ အတွင်း၌ ဓာတ်ပုံရိုက်ခွင့်မရပါ။ အသောကမင်းကြီး၏ ကောင်းမှုဖြစ်သော ကျောင်းတော်ရာအုတ်မြစ်များကို ပြိုမကျစေရန် သံဘောင်များဖြင့် ထိန်းထားပြီး ဘုရားဖူးများ လှည့်လည်ဖူးမြော်နိုင်စေရန် သစ်သားစင်္ကြန် ပြုလုပ်ပေးထားသည်။
ဆရာတော်က ကပိလဝတ်နှင့် ဒေဝဒဟတို့၏ သမိုင်းကြောင်း၊ အလောင်းတော်ဖွားမြင်တော်မူပုံ၊ ဖွားမြင် တော်မူရာ လုမ္ဗိနီဖွံ့ဖြိုးရေးအစီအစဉ်များ ဆောင်ရွက်ပုံနှင့် မကြာသေးမီကမှ တူးဖော်တွေ့ရှိရသော အကြောင်းအရာတို့ ကို အသေးစိတ်ရှင်းပြတော်မူပါသည်။ မြို့နန်းအသစ် တည်ထောင်ရန် မြေနေရာရှာဖွေလာကြသော မင်းသား၊ မင်းသမီး များကို ကပိလရသေ့ကြီးက ၎င်း၏ကျောင်းနေရာသည် အောင်မြေဖြစ်သောကြောင့် ထိုနေရာ၌ နန်းသစ်တည်စေခဲ့ပြီး ကပိလရသေ့ကြီး၏ မြေနေရာ၌ တည်ထားသောမြို့ဖြစ်၍ ကပိလဝတ္ထုမြို့ဟု အမည်တွင်ခဲ့သည်။ နောင်အခါ၌ ကပိလဝတ်မြို့မှ သကျသာကီဝင်များက ၎င်းတို့ရေချိုးသွားရာ မင်္ဂလာရေကန်အနီး၌ မြို့နန်းအသစ် တည်ဆောက် ခဲ့သည်။ မင်းညီမင်းသားများ ပျော်ရွှင်ကြသော ရေကန်၏အနီး၌ တည်ထားသောကြောင့် ဒေဝဒဟမြို့ဟု အမည်တွင် ခဲ့သည်။ လုမ္ဗိနီဥယျာဉ်သည် ဒေဝဒဟကို အကြောင်းပြု၍ ဖြစ်ပေါ်ခဲ့သည်။ ပါဠိစာပေ၌ ဒေဝဒဟပြည့်ရှင် အဥ္ဇနမင်း၏ မိဖုရားကြီး (သက္ကတစာပေ ဗုဒ္ဓစရိတကျမ်းအရ ရူပဒေဝီ ဟုအမည်တွင်သော) မဟာယသောဓရာဒေဝီ ၏ ဆန္ဒအရ ပြုလုပ်ဖန်းတီးပေးထားသောဥယျာဉ်ဖြစ်သဖြင့် ရူပဒေဝီဥယျာဉ်ဟု အမည်တွင်ခဲ့သည်။ ကာလရွေ့လျောလာသောအခါ ရူပံဒေဝီဥယျာဉ်ဟု အမည်တွင်ခဲ့ပြီး ယနေ့တိုင် လုမ္ဗိနီဥယျာဉ်တည်ရှိရာခရိုင်သည် ရုမ္မီဒေယီခရိုင်ဟု အမည်တွင်ဆဲဖြစ်၏။ ရူပဒေဝီမှ ရူပံဒေဝီ၊ ရူပံဒေဝီမှ ရုမ္မီ၊ ရုမ္မီ မှ ရုမ္ဗိနီ၊ ရုမ္ဗိနီမှ လုမ္ဗိနီဟု အဆင့်ဆင့် ပြောင်းလဲခေါ်ဆိုခဲ့ကြခြင်းဖြစ်သည်။
ကပိလဝတ်နှင့် ဒေဝဒဟမြို့တို့သည် ရှေးခေတ်အိန္ဒိယနိုင်ငံ၏ မြောက်ပိုင်းလမ်းမကြီးပေါ်တွင် တည်ရှိသည်။ ၎င်းမြောက်ပိုင်းလမ်းမကြီး(ဥတ္တရာပထ)သည် ရာဇဂြိုဟ်မှ ဝေသာလီ၊ ဒေဝဒဟ၊ လုမ္ဗိနီနှင့် ကပိလဝတ်တို့ မှတစ်ဆင့် ပါကစ္စတန်အထိ ရောက်ရှိသည်။ ဆရာတော်သည် ကပိလဝတ်မြို့၊ ဒေဝဒဟမြို့နှင့် လုမ္ဗိနီဥယျာဉ်တို့၏ အကြောင်းကို အကျယ်တဝင့် ရှင်းပြပြီးနောက် အောက်ပါအတိုင်း ဆက်လက် ရှင်းပြပါသည် -
အလောင်းတော်ကိုဖွားမြင်တော်မူရာ နေရာဌာနရှိ အင်ကြင်းပင်ကြီးသည် ပါဠိစာပေ၌ မင်္ဂလသာလဟု အမည်တွင်ပြီး လူအများက အမြတ်တနိုးပူဇော်ကြရာ သစ်ပင်ကြီးဖြစ်သည်။ မယ်တော်သည် အင်ကြင်းဥယျာဉ်အတွင်းသို့ ရောက်သောအခါ ၎င်းအင်ကြင်းပင်ကြီး၏ အကိုင်းကို ကိုင်ကြည့်လိုစိတ် ဖြစ်ပေါ်လာပြီး အင်ကြင်းကိုင်းက အလို အလျောက် ကွေးညွတ်ကျလာသဖြင့် ကိုင်ထားစဉ်မှာပင် အလောင်းတော်ကို ဖွားမြင်ခဲ့သည်။ အလောင်းတော်သည် တရားဟောပလ္လင်ပေါ်မှ ဆင်းသက်လာသော ဓမ္မကထိကကဲ့သို့ မယ်တော်၏ဝမ်းမှ ချမ်းသာစွာ ဖွားမြင်ခဲ့သည်။ ကောင်းကင်မှ ရေပူရေအေးနှစ်သွယ်တို့ စီးဆင်းလာပြီး အလောင်းတော်နှင့်မယ်တော်တို့ကို သွန်းလောင်းပေးခဲ့သည်။ အလောင်းတော်ကို ဗြဟ္မာကြီးများ၊ နတ်မင်းကြီးများနှင့် မင်းချင်းယောကျ်ားတို့က အဆင့်ဆင့် လွှဲပြောင်းခံယူကြသည်။ အလောင်းတော်သည် မြောက်အရပ်သို့ ခုနှစ်လှမ်းလှမ်းကာ “အဂ္ဂေါဟမသ္မိ လောကဿ၊ ဇေဋ္ဌောဟမသ္မိ လောကဿ၊ သေဋ္ဌောဟမသ္မိ လောကဿ” (ငါသည် လောက၌ အမြတ်ဆုံး၊ အကြီးဆုံး၊ အချီးမွမ်းအပ်ဆုံးသောသူ ဖြစ်သည်) ဟူသော စကားကြီးသုံးခွန်းဖြင့် ကြွေးကြော်ခဲ့သည်။
ရေပူရေအေးနှစ်သွယ်စီးဆင်း၍ အလောင်းတော်အား သွန်းလောင်းရာမှ ဖြစ်ပေါ်လာသည့် ရေကန်ကိုလည်း လုမ္ဗိနီဥယျာဉ်တွင် တွေ့မြင်နိုင်သည်။ အသောကမင်းကြီး နန်းစံသက်(၂၀)တွင် လုမ္ဗိနီသို့ ဘုရားဖူးရောက်ခဲ့ကြောင်းကို ကျောက်စာတိုင် ရေးထိုးထားခဲ့သည်။ မူလက ကျောက်စာတိုင်ထိပ်တွင် မြင်းရုပ်ရှိသော်လည်း ယခုအခါ မြင်းရုပ်ကို ရှာမတွေ့တော့ဘဲ အောက်ခံခုံဖြစ်သော ကြာမှောက်ပုံကိုသာ တွေ့ရတော့သည်။ ဘုရားအလောင်းတော် မြေပြင်ပေါ်သို့ ပထမဆုံး ခြေချသောနေရာကို အုတ်ဖြင့်ဝန်းရံကာ အသောကမင်းကြီးက ဓာတ်တော်တိုက် ပြုလုပ်ခဲ့သည်။ ယခုခေတ်၌ ထိုနေရာတွင် ကျည်ကာမှန်ဖြင့် အုပ်ထားပြီး Marker stone ဟုခေါ်သော အမှတ်အသားပြ ကျောက်တုံးရှိသည်။ (၇၀)မီတာရှည်သော ထိုကျောက်တုံးပေါ်၌ အလောင်းတော်၏ ခြေတော်ရာရှိသည်။ ထိုခြေတော်ရာကို အသောကမင်းကြီး က ထည့်သွင်း၍ ဓာတ်တော်တိုက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ လုမ္ဗိနီ၌ သာသနာပြုကြွရောက်သီတင်းသုံးတော်မူကြသော သံဃာတော်များအတွက် အသောကမင်းကြီးက ကျောင်းတော်နှင့်ရေတွင်းတို့ကို လှူဒါန်းခဲ့ပြီး ယနေ့တိုင် ရေကန်၏ အရှေ့ဘက်တွင် တည်ရှိနေသေးသည်။ အချို့က ယခုမြင်တွေ့နေရသော ကျောက်စာတိုင်နေရာကို အလောင်းတော် ဖွားမြင်သောနေရာဟု ထင်နေကြပြီး ခြေခုနှစ်လှမ်း လှမ်းပုံ စေတီငယ်များကိုလည်း ထိုနေရာ၌ အလောင်းတော် ခြေခုနှစ်လှမ်း လှမ်းသည်နေရာဟု မှတ်ထင်နေကြသည်၊ အမှန်မှာမူ ဖွားတော်မူရာနှင့် ခြေခုနှစ်လှမ်း လှမ်းတော်မူရာ နေရာသည် မယ်တော်မာယာကျောင်းဆောင်၏ အတွင်းပိုင်း၌ တည်ရှိပြီး ပြင်ပ၌ အထိမ်းအမှတ်အဖြစ် ပြုလုပ်ထား ခြင်းသာဖြစ်ကြောင်းကို ရှင်းပြတော်မူပါသည်။
**သမိုင်းအထောက်အထား၊ မြောက်များလှစွာ၊ သင်္ခါရပုံရိပ်လွှာ
ဆရာတော်က ဆက်လက်၍ လုမ္ဗိနီပြန်လည်တွေ့ရှိပုံကို အောက်ပါအတိုင်း ရှင်းလင်းပြခဲ့ပါသည်- အသောကမင်းကြီး၏ ကျောင်းဆောင်များသည် နောက်ပိုင်းတွင် ထိန်းသိမ်းစောင့်ရှောက်သူမရှိ၍ ပြိုကျပျက်စီးခဲ့သည်။ ရှေးခေတ်တရုတ်ရဟန်းတော်များ၏ မှတ်တမ်းကို အခြေခံ၍ (၁၈၉၆)ခုတွင် လုမ္ဗိနီရှာဖွေရေးအစီအစဉ် စတင်ခဲ့သည်။ မြေပေါ်၌(၁၀)ပေပေါ်ထွက်နေသော ကျောက်စာတိုင်ကြီးကို စတင်တွေ့ရှိရာမှ လုမ္ဗိနီဟု အသိအမှတ်ပြုနိုင်ခဲ့သည်။ လုမ္ဗိနီရှာဖွေတွေ့ရှိမှုမှတစ်ဆင့် ကပ္ပိလဝတ်နှင့် ဒေဝဒဟတို့ကို (၁၈၉၆)ခုနှစ်နောက်ပိုင်းတွင် ပြန်လည်တွေ့ရှိခဲ့သည်။ လုမ္ဗိနီ၌ (၁၈၉၉)တွင် ကျောင်းတော်နေရာရှိ တောင်ကုန်းကို ဖြိုချတူးဖော်ရာမှ အလောင်းတော်သိဒ္ဓတ္ထမင်းသားပုံကို တူးဖော်တွေ့ရှိခဲ့ရသည်။ (၁၉၃၂)မှ (၁၉၄၀)အတွင်း ထပ်မံတူးဖော်ရင်း မာယာဒေဝီကျောင်းဆောင်ကို တည်ထားခဲ့သည်။ (၁၉၆၇)ခုနှစ်တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်ရောက်လာခဲ့သည်။ ယခုငြိမ်းချမ်းရေးမီးရှုးတိုင် ပြုလုပ်ထားသော နေရာ၌ ရွာတည်၍ လူအများက လယ်လုပ်စားနေကြပြီး သစ်ပင်များကိုခုတ်လှဲပစ်သဖြင့် အင်ကြင်းတော မရှိတော့ ကြောင်းနှင့် မာယာဒေဝီကျောင်းဆောင်ရှိ မွေးဖွားဟန်ရုပ်ထုကိုလည်း ဒေသခံလူများက ကြက်သွေး၊ ငှက်သွေး စသည် တို့ဖြင့် ပူဇော်နေကြသည်ကို ဦးသန့် တွေ့မြင်ခဲ့ရသည်။ ၎င်းအပြင် မယ်တော်ပုံကိုသာ အဓိကထား ကိုးကွယ်နေကြ သောကြာင့် ဘုရားလောင်းမွေးဖွားမှု အခန်းကဏ္ဍကွယ်ပျောက်နေသည်ကို ဦးသန့်က သိမြင်ခဲ့ဖြင့် ဤနေရာကို နိုင်ငံတကာဘုရားဖူသွားလာရေး နေရာဌာနတစ်ခုအဖြစ် ဖန်တီးပေးမည်ဟု ဘုရင်မဟိန္ဒရာထံ မေတ္တာရပ်ခံပေးခဲ့သည်။ ဘုရင်မဟိန္ဒရာ၏ သဘောတူညီမှုအရ (၁၉၇၀)တွင် လုမ္ဗိနီဖွ့ံဖြိုးရေးအဖွဲ့ကို နိုင်ငံပေါင်း(၁၃)နိုင်ငံဖြင့် ဖွဲ့စည်းခဲ့သည်။ ကုလသမဂ္ဂက ဒေါ်လာ(၁)သန်း ထောက်ပံ့ခဲ့ပြီး ရွာများရွှေ့ပြောင်းခြင်း၊ မြေနေရာအစားထိုးပေးခြင်း၊ ဝင်းထရံခတ်ခြင်း၊ သစ်ပင်များပြန်စိုက်ခြင်း၊ ငြိမ်းချမ်းရေးတူးမြောင်း တူးဖော်ခြင်း၊ စာကြည့်တိုက်များ၊ ပြတိုက်များ ဆောက်လုပ်ခြင်းတို့ကို (၁၉၈၀)နောက်ပိုင်းမှစ၍ ယနေ့အထိ ဆောင်ရွက်နေကြသည်။ (၁၉၉၀)၌ ဂျပန်အဖွဲ့က မာယာဒေဝီကျောင်းဆောင် ဟောင်းကိုဖျက်၍ မြေအောက်ရှိ အသောကကျောင်းဆောင်ဟောင်းကို ရှာဖွေခဲ့သည်။ ဓာတ်တော်တိုက်နေရာကို (၁၉၉၆) တွင် ပြန်လည်တွေ့ရှိခဲ့ပြီး မပျောက်ပျက်အောင် ထိန်းသိမ်းရန် ယခုပုံစံအတိုင်း တည်ဆောက်ခဲ့ပြီး (၂၀၀၃)ခုနှစ်၊ မေလ တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
**လွန်ခဲ့သော(၂)နှစ်ခန့်က ဓာတ်တော်တိုက်အနီးရှိတွင်းကို တူးဖော်ကြည့်ရာ သစ်မြစ်ရုပ်ကြွင်းများ တွေ့ရှိရသဖြင့် ဓာတ်ခွဲစမ်းသပ်ကြည့်သောအခါ အလောင်းတော်မဖွားမြင်မီ နှစ်ပေါင်း(၇၀၀)ခန့်ကတည်းက ပေါက်ရောက်ခဲ့သော သစ်ပင်ဟုအဖြေထွက်သည်။ သစ်မြစ်၏ ဘေးပတ်ဝန်းကျင်ကို တူးဖော်ကြည့်ရာတွင် မြေသားများ ပြောင်ချောတင်းမာ နေပြီး ၎င်းသစ်ပင်ကို လူအများက လှည့်ပတ်ဝိုင်းကာ ပူဇော်ခဲ့သော အထောက်အထားကို တွေ့ရသည်။ သို့ဖြစ်၍ ဗုဒ္ဓစာပေလာ လူအများပူဇော်ကြရာ မင်္ဂလသာလဟူသောစကားနှင့် ကိုက်ညီနေပေသည်။ အဆောက်အဦး၏ ထောင့်လေးထောင့်ကို တူးဖော်ကြည့်ရာ သစ်သားတိုင်စိုက်ထူထားခဲ့သော ရုပ်ကြွင်းများကို တွေ့ရသည်။ မူလက အလောင်းတော်ဖွားတော်မူရာ သစ်ပင်ကို အလယ်မှထား၍ စောင်းတန်းလေးခုကို သစ်သားဖြင့် တည်ဆောက်ခဲ့ပြီး နောက်ပိုင်းတွင်မှ အသောကမင်းကြီးက အုတ်ဖြင့် အစားထိုးတည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ၎င်းအပြင် ယခုတူးဖော် တွေ့ရှိချက်များအရ ကမ္ဘာ့ပညာရှင်အများစု၏ ယခင်အယူအဆဖြစ်သော ဗုဒ္ဓဖွားတော်မူရာ သက္ကရာဇ် (BC - ၅၆၃)မှ ရှေ့သို့ ရာစုနှစ်တစ်ခု တိုးနိုင်သည်ဟု ဆုံးဖြတ် ခဲ့ကြသည်။ ဗုဒ္ဓဝါဒသမိုင်းအစဉ်အလာအရ အရှေ့တိုင်းသားများ လက်ခံခဲ့ကြသော ဗုဒ္ဓဖွားတော်မူရာနှစ် (BC - ၆၂၃) ကို အနောက်တိုင်း ပညာရှင်များက နှစ်ခြောက်ဆယ်ခန့် နောက်ကျ၍ ယူဆခဲ့ကြသော်လည်း ယခုတူးဖော် တွေ့ရှိချက်များအရ အနောက်တိုင်းပညာရှင်များ၏ အယူအဆထက် အရှေ့တိုင်းပညာရှင်များ၏ အယူအဆက အဖြေမှန် နှင့်ပိုမိုနီးစပ်နေ ကြောင်းကို တွေ့ရှိရပေသည်။ ဆရာတော်၏ အထက်ပါ ရှင်းလင်းပြချက်များမှာ လွန်စွာ စိတ်ဝင်စား ဖွယ်ရာဖြစ်ပြီး သမိုင်းကြောင်းအမြင်ဖြင့်လည်း တန်ဖိုးရှိလှသဖြင့် အစမှအဆုံးတိုင်အောင် မှတ်တမ်းတင်ခဲ့ပါသည်။
ဆရာတော်ရှင်းလင်းပြပြီးနောက် မိမိတို့ ဘုရားဖူးအဖွဲ့ မယ်တော်မာယာကျောင်းဆောင်အတွင်း၌ လှည့်လည် ဖူးမြော်ကြပြီး အသောကကျောက်စာတိုင်၊ စေတီငယ်များ၊ ရေပူရေအေးစီးဆင်းရာကန်နှင့် အနီးနားတစ်ဝိုက်ရှိ နေရာဌာနများသို့ လှည့်လည်ဖူးမြော်ကြသည်။ မိမိလည်း “အစ္ဆရိယအဗ္ဘုတ”သုတ်၌ ဟောတော်မူသော အလောင်းတော် ဖွားမြင်တော်မူပုံအကြောင်းအရာတို့ကို အာရုံပြုကာ သီလက္ခန်အဋ္ဌကထာ၌လာသော “မုဟုတ္တဇာတောဝ ဂဝမ္ပတီယထာ၊ သမေဟိ ပါဒေဟိ ဖုသီ ဝသုန္ဓရံ” အစရှိသော ဂါထာများနှင့် “အဂ္ဂေါဟမသ္မိ လောကဿ” အစရှိသော စကားတော်များကို ရွတ်ဆိုပူဇော်ခဲ့သည်။ (မယ်တော်မာယာကျောင်းဆောင်တွင်း တူးဖော်တွေ့ရှိချက်များကို ကမ္ဘာ့အင်တာနက်စွယ်စုံကျမ်း wikipedia စာမျက်နှာတွင်လည်း အသေးစိတ် ဖတ်ရှုလေ့လာနိုင်ပါသည်။ http://en.wikipedia.org/wiki/Maya_Devi_Temple,_Lumbini)
 
 
 
<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲခြောက်</ref>
 
== ကိုးကား ==