အင်းတော်ကြီးကန်: တည်းဖြတ်မှု မူကွဲများ

စာမျက်နှာအသစ်: ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် မိုးကောင်းနယ်အတွင်း တည်…
 
No edit summary
စာကြောင်း ၁ -
[[ကချင်ပြည်နယ်]] မြစ်ကြီးနားခရိုင် မိုးကောင်းနယ်အတွင်း တည်ရှိသည်။ မြန်မာနိုင်ငံ၏ အကြီးဆုံးသောသဘာဝ အင်းကြီးဖြစ်သည်။ တောင်နှင့်မြောက် အလျား (၁၆) မိုင်ရှိသည်။ မိုးရာသီအချိန်တွင် အနောက်ဘက်ကမ်းရှိ လုံးတုံနှင့် အရှေ့ဘက်ကမ်းရှိ ဟဲမုရွာအကြား ရေပြင်အကျယ်ဆုံးဖြစ်သည်။ အနံခုနှစ်မိုင်ကျယ်ဝန်းသည်။ ရေပြင်ကြီးသက်သက် အကျယ်အဝန်းသည် (၄၄.၉) စတုရန်းမိုင်ရှိသည်။ အင်းတော်ကြီးအိုင်အတွင်း အမှိုက်ဒိုက်သရိုက်ကင်းစင်သည်။ ရေကြည်လင်သည်။ ရေပြင်ကျယ်ကြီးသည် ပင်လယ်ပြင်တမျှ ရှုမဆုံးအောင်လှပသည်။ အင်းတော်ကြီး၏ အလယ်အင်းစွယ်တစ်ခုပေါ်တွင် ရွှေမဉ္ဖူစေတီတော်တည်ထားသည်။ အင်းတော်ကြီးသည် ပတ်ပတ်လည်၌ တောင်ရိုးတောင်စွယ်များ ဝိုင်းရံထားသည့် ချိုင့်ဝှမ်းကြီးဖြစ်သည်။ ရွှေမဉ္ဖူဘုရားသည် ကချင်ပြည်နယ်၏ အဓိကရစေတီတော်ကြီးဖြစ်သည်။ တပေါင်းလဆန်း ဘုရားပွဲတော် ကျင်းပချိန်နီးကပ်လာလျှင် ဘုရားစေတီအရောက် လူလျှောက်သွားနိုင်ရန် သဲလမ်းမကြီးနှစ်လမ်း ပေါ်လာတတ်သည်။ ဘုရားပွဲတော်ပြီးသည့်အခါ သဲလမ်းများရေထဲ ပြန်မြုပ်သွားတတ်သည်။
 
[[Category:ကချင်ပြည်နယ်‌]]