မာတင် လူသာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Reverted 1 edit by 81.37.232.128 (talk) identified as vandalism to last revision by 110.169.236.48. (TW)
စာကြောင်း ၁၀ -
== ဘာသာရေးတော်လှန်မှုစတင်ခြင်း ==
သို့သော် ၁၅၁၀တွင် ရောမသို့သွားရောက်ခဲ့သောအခါ မိမိအထင်နှင့် အမြင်မှာတစ်ခြားစီဖြစ်နေသည်ကိုတွေ့ရတော့သည်။ ဘုန်းတော်ကြီးများအနေဖြင့် ဘာသာရေးကျင့်ဝတ်များကို လှစ်လျှူရှုကာ လူဝတ်ကြောင်များကဲ့သို့ပင် ပေါ့ပျက်ဆိုးသွမ်းနေသည်ကို မျက်ဝါးထင်ထင်တွေ့မြင်ပြီးနောက် မာတင်လူသာအနေဖြင့် များစွာတုန်လှုပ်မိခဲ့ရှာသည်။ သို့သော် အမှန်တကယ် တော်လှန်ခြင်းအမှုကို ပြုသည်မှာ ကျောင်းတော်မှ အပြစ်လွှတ်လွှာများရောင်းချရာမှ အစပြုသည်။ ဗဟိုအဆင့်မှ ဂိုဏ်းအုပ်များ သုံးဖြုန်းပျော်ပါးရန် ငွေလိုသဖြင့် ယခုကဲ့သို့ ငွေရလမ်းရှာခြင်းဖြစ်သည်။ (အမှန်တွင် ခရစ်ယာန် ဘာသာအပြင် အခြားသော ထာ၀ရဘုရား အယူဝါဒများတွင် လူသားတို့တွင်ရှိသည့် အပြစ်မှာ ဘုရားသခင်နှင့်သာ တိုက်ရိုက်သက်ဆိုင်မှုရှိသည်။ ဘုရားသာလျှင် အပြစ်ပေးခွင့်၊အပြစ်မှနုတ်ခွင့်ရှိသည်။)
 
၁၅၁၇၊အောက်တိုဘာ၊၁၅တွင် မာတင်လူသာသည် စွဲချက် ၉၅ချက်ပါသည့် ကြေညာစာတမ်း(စွပ်စွဲချက်စာတမ်း)ကို ဝတ်တင်ဘာ့ခ်ကျောင်းတော် အဝင်တံခါးတွင် ချိတ်စွဲထားခဲ့သည်။ ထိုစွပ်စွဲချက်များတွင် ဂိုဏ်းအထက်ပိုင်းမှ အကျင့်ပျက်ပုံကို တိတိကျကျ စွပ်စွဲပြီးနောက် ယခုကဲ့သို့ အပြစ်လွှတ်လွှာများရောင်းချသည်ကိုလည်း ပြင်းထန်စွာ တိုက်ခိုက်ရှုံ့ချထားသည်။မိတ္တူတစ်စောင်ကို သာသနာပိုင်ထံသို့ ပို့ပြီး နိုင်ငံတစ်ဝန်းသို့လည်း ပုံနှိပ်ပြီး ဖြန့်ဝေပေးသည်။
[[File:Prenzlau_Martin_Luther.jpg|thumb|left|upright|]]
၁၅၁၇၊အောက်တိုဘာ၊၁၅တွင် မာတင်လူသာသည် စွဲချက် ၉၅ချက်ပါသည့် ကြေညာစာတမ်း(စွပ်စွဲချက်စာတမ်း)ကို ဝတ်တင်ဘာ့ခ်ကျောင်းတော် အဝင်တံခါးတွင် ချိတ်စွဲထားခဲ့သည်။ ထိုစွပ်စွဲချက်များတွင် ဂိုဏ်းအထက်ပိုင်းမှ အကျင့်ပျက်ပုံကို တိတိကျကျ စွပ်စွဲပြီးနောက် ယခုကဲ့သို့ အပြစ်လွှတ်လွှာများရောင်းချသည်ကိုလည်း ပြင်းထန်စွာ တိုက်ခိုက်ရှုံ့ချထားသည်။မိတ္တူတစ်စောင်ကို သာသနာပိုင်ထံသို့ ပို့ပြီး နိုင်ငံတစ်ဝန်းသို့လည်း ပုံနှိပ်ပြီး ဖြန့်ဝေပေးသည်။
 
ထိုကဲ့သို့ ဝတ်ကျောင်းငယ်လေးမှ စတင်လိုက်သည့် မာတင်လူသာ၏ တော်လှန်ရေးသည် လျှင်မြန်စွာပင် ပြန့်နှံ့သွားပြီး မကြာမီ အချိန်အတွင်းမှာပင် ပုပ်ရဟန်းမင်း၏ ဩဇာကိုမခံတော့ဟု လူအများက အတိအလင်းပြောဆိုရဲလာသည်အထိပင် ဖြစ်လာတော့သည်။ ထို့ပြင် ကျောင်းတော်မှ ကောင်စီချုပ်များကိုလည်း မလေးစားနိုင်ကြောင်း၊ သမ္မာကျမ်းစာကိုသာ ရှေ့ဆောင်လမ်းပြ အဖြစ်သုံးစွဲတော့မည့်အကြောင်း၊ သာမန်လူတို့၏ အတွေးမျိုးဖြင့်သာ ဘာသာရေးကို ယုံကြည်လိုက်နာတော့မည့် အကြောင်းများကိုပါ ထင်ထင်ရှားရှားပင် သဘောထားများကို ပြသလာကြသည်။ ထိုကဲ့သို့သော အဖြစ်မျိုးကို ကျောင်းတော်အနေဖြင့် မည်သို့မျှ လက်ခံနိုင်စရာမရှိသဖြင့် မာတင်လူသာအား ကျောင်းတော်အရာရှိများ ရှေ့မှောက်သို့ အစစ်ဆေးခံရန် ဆင့်ခေါ်သည်။ အကြိမ်ကြိမ် စစ်ဆေးပြီးနောက် ဘာသာစွန့်စေသည်။ နောက် ၁၅၂၁တွင် မိစ္ဆာဒိဋ္ဌိအဖြစ် စွပ်စွဲပြီး မာတင်လူသာရေးခဲ့သမျှ စာတို့ကို မီးတိုက်ဖျက်ဆီးစေသည်။