ကော့ကရိတ်မြို့: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၄၅ -
ကော့ကရိတ်မြို့သည် ယိုးဒယား မြန်မာနယ်စပ်ဖြစ်သော [[မြဝတီမြို့]]နှင့် ၄၁ မိုင်မျှသာကွာဝေး၍ ကားလမ်းဖြင့်ဆက်သွယ်ထား၏။ သို့ဖြစ်၍ ကော့ကရိတ်မြို့မှာ ယိုးဒယားနှင့် မြန်မာ ကူးသန်းရောင်းဝယ်ရေးတွင် အချက်အခြာဌာနတစ်ခု ဖြစ်လေသည်။ ယိုးဒယား၊ ရှမ်း၊ မွန်၊ မြန်မာ၊ ကရင်၊ တရုတ်၊ ကုလား စသည်ဖြင့် လူမျိုးပေါင်းစုံနေထိုင်၍ တောင်သူလယ်သမား အဖြစ် အသက်မွေးမြူသူများသည်။
 
ကော့ကရိတ်မြို့၏အကျယ်အဝန်းမှာ စတုရန်းမိုင် ၃.၂ ခန့်ရှိ၍ အိမ်ခြေ ၂,၅ဝဝ ခန့်နှင့် လူဦးရေ ၁၅,ဝဝဝ ခန့်ရှိသည်။ ကော့ကရိတ်မြို့နယ်မှာ ရှေးအခါက [[ဟောင်သရောမြို့နယ်]] ဖြစ်ခဲ့ဘူး၏။ ယခုအခါ ကော့ကရိတ်မြို့နယ်နှင့်[[[ကြာအင်းမြို့နယ်]] ၂ ခု ပေါင်း၍ နယ်ပိုင်ဝန်ထောက်အုပ်ချုပ်လေသည်။ ဤမြို့နယ် ၂ ခုကို [[ကရင်ပြည်နယ်]]သို့ ပူးပေါင်း သွတ်သွင်းရန် ၁၉၅၂-ခုနှစ်တွင် သတ်မှတ်ခဲ့သည်။
<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)</ref>