ရွှေကြက်ယက်စေတီ: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၃ -
ဂေါတမ ဘုရားရှင်သည် ဝါတော် ၂၆ ဝါ ရတွင် မြန်မာတို့၏ တိုင်းနိုင်ငံဖြစ်သော သုနာပရန္တတိုင်း၊ လယ်ကိုင်းကျောင်းတော်ရာ ဝါဏိဇ္ဇဂါမသို့ ရဟန္တာ ငါးရာ ခြံရံလျက် ပြဿဒ်ယာဉ်ပျံ (၅၀၀)ဖြင့် ကောင်းကင်ခရီးမှ ကြွတော်မူလာပြီးလျှင် စူဠပုဏ် ဆောက်လုပ်သော နံ့သာကျောင်းကို အလှူခံတော်မူ၏။ ထို့နောက် ဘုရားရှင်သည် နောင်အခါ သာသနာတော် ဖြန့်ဖြူးရာ၊ စည်ပင်ပြန့်ပွားရာ ဖြစ်လတ္တံ့သော မြို့ရွာဒေသများကို
ရည်ညွှန်းတော်မူ၍ သရေခေတ္တရာပြည် တည်ရာ ဖိုးဦးတောင်၊ ပုဂံပြည်တည်ရာ တန့်ကြည်တောင်၊ မြင်စိုင်းမြို့တည်ရာ သင်းပွင့်တောင်၊ စစ်ကိုင်းပြည်တည်ရာ ရွှေမင်းဝံတောင်၊ မန္တလေး ရတနာပုံပြည်ကြီးတည်ရာ မန္တလေးတောင်နှင့် အင်းဝပြည် တည်ထွန်းမည့် ဒေသများကို အစဉ်အတိုင်း ဒေသစာရီ ကြွချီတော်မူလာခဲ့၍ ထိုထိုဒေသနှင့်ဆိုင်ရာ ဗျာဒိတ်တော်များကို အသီးသီး မြွတ်ကြားတော်မူခဲ့ပြီးနောက် ကြက်ယက်နှစ်ဆူ တည်တော်မူမည့် '''မန္ဓာဂီရိ'''တောင်တော်ထက်သို့ ညီတော်အာနန္ဒာကို နောက်ပါပြု၍ ကြွရောက်တော် မူလာသည်။
 
== ဗျာဒိတ်ထားခြင်း==
ထိုအခါ မန္တလေးတောင်စောင့် ဘီလူးမ '''အဇ္ဇမုခီ'''၏မောင်တော်များဖြစ်ကြသော ငတောင်ပြုန်း၊ ငတောင်ကြဉ်၊ ငတောင်သမန်၊ ငတောင်မြင့် ဟူသော နတ်ဘီလူးလေးဦးတို့သည် ဘုရားရှင်ထံ၌ ကြည်ညိုခြင်း ပြင်းစွာဖြစ်၍ မွန်မြတ်လှစွာသော သားပြွမ်းဆွမ်း ဆက်ကပ်လှူဒါန်းသည်ကို ခံယူတော်မူပြီးလျှင် ပြုံးတော်မူ၏။ ထိုအကြောင်းကို အရှင်အာနန္ဒာ မထေရ်လေလျှင် '''ချစ်သား အာနန္ဒာ ရှေးသောအခါ ဤအရပ်၌ ကြက်မင်းမောင်နှမ အစစ်ဖြစ်၍ ကျက်စားစမှတ် ပြုသည်။ ကြက်ထောင့်အရပ်၌ အိပ်စမှတ်ပြုသည်။ ငါ အရိနိဗ္ဗာန် လွန်သည့်နောက် ၂၁၈-နှစ်ရောက်သောအခါ ထိုတောင်နှစ်တောင်ဝယ် ဘုန်းတန်ခိုးကြီးမားသော အာသောကဘုရင်မြတ်သည် ငါ၏ ဓာတ်တော်မွေတော်တို့ကို ဌာပနာ၍ စေတီနှစ်ဆူ တည်လတ္တံ့၊ သာသနာတော် အနှစ် ၂၃၂၆၊ ကောဇာသက္ကရာဇ် ၁၁၄၄-ခုနှစ်ရောက်သောအခါ ငတောင်ပြုန်း၊ ငတောင်ကြဉ်၊ ငတောင်သမန်၊ ငတောင်မြင့်တို့ နေရာအရပ်၌လည်း ဘုန်းတန်ခိုးကြီးမားသော မင်းသည် ပြည်ကြီးတည်၍ သာသနာတော် ချီးမြှောက်ပြုစုလတ္တံ့'''ဟု အမရပူရ ရွှေမြို့တော်ကြီးနှင့် ဘိုးတော်မင်းတရားကြီးကို ဗျာဒိတ်ထားတော် မူခဲ့လေသည်။