ရွှေကြက်ယက်စေတီ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၇ -
ထိုအခါ မန္တလေးတောင်စောင့် ဘီလူးမ '''အဇ္ဇမုခီ'''၏မောင်တော်များဖြစ်ကြသော ငတောင်ပြုန်း၊ ငတောင်ကြဉ်၊ ငတောင်သမန်၊ ငတောင်မြင့် ဟူသော နတ်ဘီလူးလေးဦးတို့သည် ဘုရားရှင်ထံ၌ ကြည်ညိုခြင်း ပြင်းစွာဖြစ်၍ မွန်မြတ်လှစွာသော သားပြွမ်းဆွမ်း ဆက်ကပ်လှူဒါန်းသည်ကို ခံယူတော်မူပြီးလျှင် ပြုံးတော်မူ၏။ ထိုအကြောင်းကို အရှင်အာနန္ဒာ မထေရ်လေလျှင် '''ချစ်သား အာနန္ဒာ ရှေးသောအခါ ဤအရပ်၌ ကြက်မင်းမောင်နှမ အစစ်ဖြစ်၍ ကျက်စားစမှတ် ပြုသည်။ ကြက်ထောင့်အရပ်၌ အိပ်စမှတ်ပြုသည်။ ငါ အရိနိဗ္ဗာန် လွန်သည့်နောက် ၂၁၈-နှစ်ရောက်သောအခါ ထိုတောင်နှစ်တောင်ဝယ် ဘုန်းတန်ခိုးကြီးမားသော အာသောကဘုရင်မြတ်သည် ငါ၏ ဓာတ်တော်မွေတော်တို့ကို ဌာပနာ၍ စေတီနှစ်ဆူ တည်လတ္တံ့၊ သာသနာတော် အနှစ် ၂၃၂၆၊ ကောဇာသက္ကရာဇ် ၁၁၄၄-ခုနှစ်ရောက်သောအခါ ငတောင်ပြုန်း၊ ငတောင်ကြဉ်၊ ငတောင်သမန်၊ ငတောင်မြင့်တို့ နေရာအရပ်၌လည်း ဘုန်းတန်ခိုးကြီးမားသော မင်းသည် ပြည်ကြီးတည်၍ သာသနာတော် ချီးမြှောက်ပြုစုလတ္တံ့'''ဟု အမရပူရ ရွှေမြို့တော်ကြီးနှင့် ဘိုးတော်မင်းတရားကြီးကို ဗျာဒိတ်ထားတော် မူခဲ့လေသည်။
 
==ကြက်ညီနောင်လော ကြက်မောင်နှံ့လောကြက်မောင်နှံလော==
ဘုရားအလောင်းကြက်မင်းသည် နှမတော် ယသော်ဓယာ အလောင်းနှင့်အတူ ကြက်မောင်နှံဘဝအဖြစ် ဖြင့် ကျင်လည်ခဲ့ကြရသည်ဟူသော ဝါဒနှင့် ညီတော်အာနန္ဒာ အလောင်းနှင့်အတူ ကြက်ညီနောင် ဘဝအဖြစ် ဖြင့် ကျင်လည်ခဲ့ကြရသည်ဟူသော ဝါဒနှစ်ရပ် ဖြစ်ရ၍ ၎င်းကို ရှင်းရန် တာဝန်ရှိပေသည်။ ခိုင်ခံ့သော အကိုးအကား အနေဖြင့် သမိုင်းကျောက်စာ ရာဇဝင်များလာ ကြက်မင်းမောင်နှံအဖြစ်ကို တထစ်ချ မှတ်ယူရပေမည်။ ၎င်းကို ထောက်ခံသည့်အနေဖြင့်လည်း ကဗျာလင်္ကာများတွင် -
 
စာကြောင်း ၁၄ -
'''ငါတို့ ရှင်ချစ်၊ ဇာတ်တော်ဟောင်းဖြင့်၊ အလောင်းရွှေကြက်၊ မြှုပ်ရာချက်ကို၊ ကြက်ယက်မောင်တော်၊ နှမတော်သည်၊ ရှင်တော်တူကွ တည့်သခင်၊ ရှင်တော်တူကွ တည့်သခင်'''ဟူ၍၎င်း အသီးသီး စပ်ဆိုထားသည်ကို တွေ့ရှိရလေသည်။
 
မျက်မြင်အနေဖြင့်လည်း ရှေးခေတ်အဆက်ဆက်မှစ၍ ယနေ့မျက်မှောက်ခေတ်အထိ ထုလုပ်ထားသော ရွှေကြက်ယက် ကြက်မင်းဂူအတွင်းရှိ ကြက်မောင်နှမ ရုပ်ပုံဖြင့်လည်း အဖိုအမသဘော ပေါ်လွင်ထင်ရှားလျှက် ရှိနေပါသည်။


<ref>ရွှေကိုင်းသား ပြုစုသည့် ရွှေကြက်ယက် ရွှေကြက်ကျ ဘုရားသမိုင်း</ref>
 
==ကိုးကား==
<references/>