ဩကာသ ဘုရားရှိခိုး: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
separated
စာကြောင်း ၁ -
{{ဗုဒ္ဓဘာသာ}}
'''ဩကာသ ဘုရားရှိခိုး''' သည် [[ထေရဝါဒ ဗုဒ္ဓဘာသာ]]ဝင်တို့ ဘုရား သို့မဟုတ် ဘုန်းတော်ကြီးများအား ဝတ်ပြုရာတွင် ပထမဆုံးသော ရွတ်ဆိုသော မြန်မာဘာသာဖြင့် ဘုရားရှိခိုး ဂါဌာဖြစ်သည်။ ဩကာသ ဘုရားရှိခိုး ရည်ရွယ်ချက်မှာ မိမိအမှား များအား ဝန်ချတောင်းပန်ခြင်း နှင့် [[နိဗ္ဗာန်]]သို့ ရောက်ရန် [[ဆုတောင်းခြင်း]] ဖြစ်သည်။ အခြားနိုင်ငံများတွင်လည်း အလားတူ ဂါဌာများရှိသည်။ ဩကာသ ဘုရားရှိခိုး ဂါဌာသည် မြန်မာနိုင်ငံ ဘုန်းကြီးကျောင်းတိုင်း အတူဖြစ်သော်လည်း အနည်းငယ်မျှ ကွဲလွဲတပ်သည်။
 
Line ၁၁ ⟶ ၁၂:
 
ကာယကံ၊ ဝစီကံ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်တိုင်အောင် ဘုရားရတနာ၊ တရားရတနာ ၊ သံဃာရတနာ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။ ကန်တော့ရသောအကျိုးအားကြောင့် အပါယ်(၄)ပါး၊ ကပ်(၃)ပါး၊ ရပ်ပြစ်(၈)ပါး၊ ရန်သူမျိုး(၅)ပါး၊ ဝိပ္ပတိတရား(၄)ပါး၊ ဗျသနတရား(၅)ပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား၊ ဖိုလ်တရား နိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား။
 
 
===ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်ရန်===(မဟာဂန္ဓာရုံဆရာတော်ကြီး)
 
*ဆွမ်းတော်ကပ်ရန်
 
ဘုန်းတော်အနန္တ ကံတော်အနန္တ ဉာဏ်တော်အနန္တ
စကြဝဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းကျိုးမျှ တန်ခိုးတော်အနန္တတို့နှင့်
ပြည့်စုံတော်မူသော မြတ်စွာဘုရား
ရှင်တော်မြတ်ဘုရားအား
ခဲဘွယ်ချိုချဉ် ဆွမ်းဘောဇဉ်ကို
ဖြူစင်သဒ္ဓါ စေတနာဖြင့်
ရွှင်ကာစိတ်လန်း လှူဒါန်းပါ၏။
 
ဆုတောင်း
ရသာမွှေးကြူ ဆွမ်းဖွေးဖြူကို
ပေးလှူပါရ ဤပုညကြောင့်
ဘဝတိုင်းဝယ် ပညာကြွယ်လျှက်
မြနှယ်ရွှေနှင့် အနေတင့်
အဆင့်ဆင့်မြင့်ရလို ***
 
*ရေချမ်းကပ်ရန်
ဘုန်းတော်အနန္တ ကံတော်အနန္တ ဉာဏ်တော်အနန္တ
စကြဝဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းကျိုးမျှ တန်ခိုးတော်အနန္တတို့နှင့်
ပြည့်စုံတော်မူသော မြတ်စွာဘုရား
ရှင်တော်မြတ်ဘုရားအား
စမ်းသီတဂူ ရေဖြူဖြူကို
ဖြူစင်သဒ္ဓါ စေတနာဖြင့်
ရွှင်ကာစိတ်လန်း လှူဒါန်းပါ၏။
 
ဆုတောင်း
ကြည်လင်အေးမြ ရေလှူရ၍
ဘဝတိုင်းဝယ် ပညာကြွယ်လျှက်
ကိုယ်ဝယ်တွင်းပြင် ညစ်ကြေးစင်
ကြည်လင်အေးမြလို ***
 
*ပန်းကပ်ရန်
ဘုန်းတော်အနန္တ ကံတော်အနန္တ ဉာဏ်တော်အနန္တ
စကြဝဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းကျိုးမျှ တန်ခိုးတော်အနန္တတို့နှင့်
ပြည့်စုံတော်မူသော မြတ်စွာဘုရား
ရှင်တော်မြတ်ဘုရားအား
ရနံ့မွေးကြူ ပန်းဆူဆူကို
ဖြူစင်သဒ္ဓါ စေတနာဖြင့်
ရွှင်ကာစိတ်လန်း လှူဒါန်းပါ၏။
 
ဆုတောင်း
အနံ့လည်းသင်း အဆင်းလည်းလှ
ပန်းလှူရ၍ ဘဝတိုင်းဝယ်
ပညာကြွယ်လျှက် သွယ်သွယ်ဂုဏ်နှင့်
အစုံဆင့် ထုံသင်းကြိုင်ရလို ***
 
*ဆီမီးကပ်ရန်
ဘုန်းတော်အနန္တ ကံတော်အနန္တ ဉာဏ်တော်အနန္တ
စကြဝဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းကျိုးမျှ တန်ခိုးတော်အနန္တတို့နှင့်
ပြည့်စုံတော်မူသော မြတ်စွာဘုရား
ရှင်တော်မြတ်ဘုရားအား
ရောင်ဝါထိန်ညီး မြတ်ဆီမီးကို
ပိုပြီးသဒ္ဓါ စေတနာဖြင့်
ရွှင်ကာစိတ်လန်း လှူဒါန်းပါ၏။
 
ဆုတောင်း
ထွန်းလင်းတောက်ပ မီးလှူရ၍
ဘဝတိုင်းဝယ် ပညာကြွယ်လျှက်
လနှယ်နေနှင့် အသေရေတင့်
ဆင့်ဆင့်ထွန်းတောက်လို***
 
== အကျယ် ရှင်းလင်းချက်များ ==
Line ၁၆၅ ⟶ ၁၀၁:
 
(၅) သီလဗျဿန = သီလပျက်ခြင်း စသောပျက်စီးခြင်းတို့နှင့် ကြုံတွေ့ရခြင်း ဟူသော အခါခပ်သိမ်းကင်းလွတ်ငြိမ်းသည်ဖြစ်၍ -ဤမကောင်းသော တရားတို့မှ အခါခပ်သိမ်းကင်းလွတ်ငြိမ်းသည်ဖြစ်၍ ၊ မဂ်တရား - သောတာပတ္တိမဂ် ၊ သကဒါဂါမိမဂ် ၊ အနာဂါမိမဂ် ၊ အရဟတ္တမဂ် ၊ ဖိုလ်တရား - သောတာပတ္တိဖိုလ် ၊ သကဒါဂါမိဖိုလ် ၊ အနာဂါမိဖိုလ် ၊ အရဟတ္တဖိုလ် ၊ [[နိဗ္ဗာန်]] ချမ်းသာ - ခန္ဓာအသစ် တစ်ဖန်မဖြစ်ရာ ၊သေခြင်းသဘောလည်း မရှိရာ ၊ ဒုက္ခအပေါင်းမှလည်း ကင်းဝေးရာ အမြတ်ဆုံးချမ်းသာဖြစ်သည့် နိဗ္ဗာန် စသော ၊ တရားတော်မြတ်တို့ကို သံသရာ၌ ကြာရှည်စွာ မကျင်လည်ရတော့ပဲ အမြန်ဆုံး ရရပါလို၏ အရှင်ဘုရား ။
 
 
== ဆက်စပ်ဖတ်ရှုရန် ==
===*[[ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်ရန်===(မဟာဂန္ဓာရုံဆရာတော်ကြီး)ကပ်လှူခြင်း]]
*[[ဘုရားပင့်]]
 
[[Category:ဗုဒ္ဓဘာသာ]]