ဗုဒ္ဓဂါယာ: တည်းဖြတ်မှု မူကွဲများ

cleaning copyedit
အရေးမကြီးNo edit summary
စာကြောင်း ၆၉ -
အဆိုပါ လေးဌာနကို ဘုရားဖူး လာသူအပေါင်းတို့အား ဓမ္မသံဝေဂ ဖြစ်စေကာ နတ်ရွာသုဂတိသို့ လားရောက်စေတတ်သော ဌာနထူး ဌာနမြတ်များ ဖြစ်ကြသည်ဟု ဆိုသည်။ တဖန် ယင်းဌာန လေးခုအနက် မဟာဗောဓိ အောင်မြေအရပ်သည် အထူးမြတ် အလွန်ကဲဆုံး ဖြစ်သည်။ ကမ္ဘာဦးအခါ နိမိတ်ပြ ကြာရုံကြီးများသည် မဟာဗောဓိပင် နေရာမှပေါက်၍ မြေပြင်ပေါ်ထွန်းရာတွင်လည်း ဦးစွာပေါ်ထွန်းပြီးလျှင် ကမ္ဘာပျက်ရာ၌လည်း နောက်ဆုံးမှ ပျက်သည်ဟု ကျမ်းဂန်များ၌ ပါရှိသည်။ ထို့အပြင် ဗောဓိပင်နှင့် ပလ္လင်တော်နေရာသည် ပွင့်လေသော ဘုရားရှင်တိုင်း မစွန့်အပ်သော သို့မဟုတ် လွှဲပြောင်းခြင်း မရှိသော အဝိဇဟိတဌာန လေးပါးတွင် တစ်ပါးအပါအဝင် ဖြစ်သည်။ ယင်းကဲ့သို့သော ဗုဒ္ဓဘာသာဝင်တို့အဖို့ လွန်ကဲထူးမြတ်သော မဟာဗောဓိအောင်မြေ သို့မဟုတ် ဗောဓိပလ္လင်နှင့် ရွှေပလ္လင်တို့ တည်ရှိခဲ့သော နေရာဒေသ ပတ်ဝန်းကျင်တဝိုက်ကို ဗုဒ္ဓဂါယာဟု ခေါ်သည်။
 
ဗုဒ္ဓဂါယာသည် [[ဗုဒ္ဓဘာသာ]]ဝင်အပေါင်းတို့၏ အထွတ်အမြတ်ဆုံး ဖြစ်ရခြင်းမှာ ထိုဒေသ၌ မြတ်စွာဘုရားသခင်သည် သဗ္ဗညုတရွှေဉာဏ်တော်ကို ရရှိ၍ မာရ်ငါးပါးကို အောင်မြင်ခဲ့သော အောင်မြေဖြစ်သောကြောင့် ဖြစ်သည်။ ထိုအရပ်ကို မြန်မာတို့က ဗောဓိမဏ္ဍ သို့မဟုတ် ဗောဓိမဏ္ဍိုင်ဟု ခေါ်ဝေါ်လေသည်။ ဘုရားရှင်သည် ဘုရားအဖြစ်ကို ရတော်မူပြီးနောက်တွင် ထိုဒေသတဝိုက်ရှိ ဌာနခုနစ်ဌာနတွင် တစ်ဌာနလျှင် ခုနစ်ရက်စီ [[သတ္တသတ္တာဟဌာနများသတ္တ သတ္တာယ|သတ္တသတ္တာဟ]] စံတော်မူခဲ့သည်။ ထိုဌာနတို့သည် ဗုဒ္ဓဂါယာ၌ အဓိကဖူးမျှော်ဖွယ်ရာများတွင် ပါဝင်ကြသည်။
 
အဓိကဌာနများအပြင် အလောင်းတော် ဆံတော်ပယ်ရာ အနော်မာ သောင်ကမ်းနေရာ၊ ဒုက္ကရစရိယ ၆ နှစ်ကျင့်ရာ ဥရုဝေဋ္ဌတောတန်း (မဟာဗောဓိ စေတီတော်မှ အရှေ့မြောက်ဖက် နေရဉ္စရာမြစ်၏ အရှေ့ဖက် ၆ မိုင်ခန့်)၊ သေနနိဂုံးရွာမှ သူဌေးသမီး သုဇာတာ ဃနာနို့ဆွမ်း ချက်ရာဌာန၊ ဃနာနို့ဆွမ်းကို ဘုရားရှင် ဘုဉ်းပေးရာဌာန၊ နို့ဆွမ်းထည့်သော ရွှေခွက်ကို အဓိဋ္ဌာန်ဖြင့် မျှောရာဖြစ်သော နေရဉ္စရာမြစ် စသည်တို့ကိုလည်း အနီးပတ်ဝန်းကျင် တဝိုက်၌ လှည့်လည် ဖူးမြော်နိုင်သည်။