မဟာစည်ဆရာတော်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၄၀ -
 
 
ရဟန်း ၄ ဝါအရ၌ မန္တလေးမြို့အနောက်ပြင် ခင်မကန်တိုက်၊ ဘွားတော်ကျောင်းတွင် သီတင်းသုံးပြီးလျှင် ထင်ရှားသော စာချဆရာတော်ကြီးများထံ ထိုထိုပိဋကတ်ကျမ်းစာတို့ကို သင်ယူခဲ့သည်။ ရဟန်း၅ ဝါအရတွင် မော်လမြိုင်၊ င်ဝိုင်းကလေးကျောင်းတိုက်သို့ကြွရောက်ပြီးလျှင်တောင်ဝိုင်းကလေးကျောင်းတိုက်သို့ကြွရောက်ပြီးလျှင် ပိဋကတ်စာပေများကို တစ်ဆင့်ပို့ချပေးတော်မူသည်။
 
 
ရဟန်း ၇ ဝါအရ၌ ပဋိပတ္တိသာသနာပြု၍ ထက်သန်သော စိတ်ထားဖြင့် [[သထုံမြို့]] မင်းကွန်းဇေတဝန် ဆရာတော်ဘုရားကြီးထံ ဝိပဿနာသတိပဋ္ဌာန်တရားတော်ကို လက်တွေ့ကျင့်ကြံ အားထုတ်တော် မူခဲ့သည်။ ပဋိပတ္တိ အကျင့်တရားတော်ကို စွဲစွဲမြဲမြဲ အားထုတ်ရန် ရည်ရွယ်ထားသော်လည်း တောင်ဝိုင်းကလေး တိုက်ကျောင်းဆရာတော်ကြီး ပျံလွန်တော်မူသဖြင့် မော်လမြိုင်သို့ ပြန်ကြွ၍ ပရိယတ္တိသာသနာ ပြုခဲ့ရပြန်သည်။
ရဟန်း ၁၄ ဝါအရ၌ မူလဇာတိမြဖြေစ်သော ဆိပ်ခွန်ရွာ
သို့ပြန်ကြွ၍ ပဋိပတ္တိသာသနာ ပြုတော်မူသည်။ လက်တွေ့ကျင့်စဉ် သတိ