ဆာ့ခ်ဗဟာဒူးရွိုင်း၊ (အောင်ဆန်းသူရိယ): တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁ -
[[File:AST Saft.jpg|thumb|]]
 
ဆာ့ခ်ဗဟာ ဒူးရွိုင်း (ကြည်း ၀၁၉၁၄) သည် [[အောင်ဆန်းသူရိယဘွဲ့]] ရရှိသော [[ ဂေါ်ရခါးလူမျိုး ]] စစ်သည်တော် တစ်ဦး ဖြစ်သည်။ သူသည် တာချီလိတ် အဝေးပြေး လမ်းမပေါ်တွင် တရုတ်ဖြူ ကူမင်တန်တို့နှင့် တိုက်ခိုက်ရာတွင် မိမိ အသက်ကို ပဓာန မထားဘဲ အသက်စွန့် တိုက်ခိုက်ခဲ့ခြင်းကြောင့် တပ်မတော်၏ အမြင့်မားဆုံးသော ဘွဲ့တံဆိပ် တစ်ခု ဖြစ်သည့် အောင်ဆန်း သူရိယ ဘွဲ့ဖြင့် ချီးမြှင့်ဂုဏ်ပြုခြင်း ခံခဲ့ရသည်။
==ဘွဲ့ရရှိပုံဖြစ်စဉ်အကျဉ်း==
Line ၉ ⟶ ၈:
မော်တော်ကားများကို မောင်းနှင်းသော အရပ်သား ဒရိုင်ဘာတို့သည် မော်တော်ကားများကို ရပ်၍ ထွက်ပြေးသွားကြသည်။ တပ်သား ဆပ်ဘဟား ဒူးရွိုင်းသည် မိမိ တယောက်တည်း ကျန်ရစ်ခဲ့သော်လည်း ဇူလိုင်လ ၁၇- ရက်နေ့ နံနက် ၁၁- နာရီကစ၍ ထရပ်ကားများ ကို စောင့်ရှောက်နေသည်။ ညဉ့်အမှောင်တွင် တရုတ်ဖြူစစ်သားများက ထရပ်ကားများကို သိမ်းဆည်းရန် အကြိမ်ကြိမ် များစွာ အားထုတ်ခဲ့ကြသည်။ မိမိတယောက်တည်း ပြန်လှန်ပစ်ခတ်၍ ခုခံခဲ့သည်။
 
နောက်တနေ့ နံနက် ၉ နာရီတွင် “ဒီ”ကုမ္ပဏီတပ်ခွဲကို ကူညီရန်ရောက်လာသော “စီ” ကုမ္ပဏီ တပ်ခွဲ ချီတက်ရောက်ရှိလာသောအခါ တပ်သားဆပ်ဘဟားဒူးရွိုင်းသည် တယောက်တည်းဖြင့် အရှေ့ဆုံးရှိ ထရပ်ကားအောက်တွင် လက်ကျန် ကျည်ဆံ ယမ်းတောင့်ကျည်ဆန်ယမ်းတောင့် ၁၇- တောင့်ဖြင့် တရုတ်ဖြူ စစ်သားများကို ခုခံပစ်ခတ်နေသည်ကို တွေ့ရှိရသည်။
 
“စီ”ကုမ္ပဏီတပ်ခွဲ ကူညီရန် ချီတက်ရောက်ရှိလာသော ၁၉၅၀ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် မိမိတို့တပ်အင်းအားထက် အဆပေါင်းများစွာ များပြားသော တရုတ်ဖြူ စစ်သားတို့က ပြင်းထန်စွာ ဆီကြိုပစ်ခတ်ခြင်းကို ခံရလေသည်။
Line ၂၃ ⟶ ၂၂:
ရဲဘော် ဆပ်ဘဟားဒူးရွိုင်း၏ မိမိတပ်ခွဲ၏ အဓိက တာဝန်ဖြစ်သော ရိက္ခာယာဉ်တန်းကို တာဝန်ကျေပွန်စွာ စောင့်ရှောက်နိုင်ခြင်း၊ တပ်ကူရောက်လာပြီးမှ ဝိုင်းရံပိတ်ဆို့ခြင်းခံနေရသော ဒဏ်ရာရ မိမိတပ်ဖွဲ့ဝင်များအား အာရုံစိုက်တိုက်ခိုက်နေသော ရန်သူတရုတ်ဖြူ စစ်သားများကို အသေခံ ထိုးဖောက် တိုက်ခိုက်ခြင်းစသော သူရသတ္တိနှင့်ပြည့်စုံခဲ့ပါသည်။ ထို့ကြောင့် ကျဆုံးရဲဘော် ဆပ်ဘဟားဒူးရွိုင်းအား နိုင်ငံတော်၏ အဆင့်မြင့် သူရဲကောင်း ဆုတံဆိပ် အပ်နှင်းရန် မိခင်တပ်ရင်းမှ ကာကွယ်ရေး ဦးစီးချုပ်နှင့် နိုင်ငံတော် သမ္မတကြီးထံ တင်ပြခဲ့ပါသည်။
 
ကိုယ်ပိုင်အမှတ် ဝ၁၉၁၄၊ ကျဆုံးရဲဘော် ဆပ်ဘဟား ဒူရွိုင်းသည် ကျဆုံးချိန်ထိ ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဧည့်နိုင်ငံသား ကဒ်ပြားသော်လည်းကောင်း၊ နိုင်ငံသား ကဒ်ပြားသော် လည်းကောင်း မပိုင်ဆိုင်သည်ကို တွေ့ရှိရကြောင်း တပ်မတော် မှတ်တမ်းဌါနမှမှတ်တမ်းဌာနမှ မှတ်ချက်ရေးထိုး ပေးပို့ခဲ့ပါသည်။
 
ထိုကြောင့် တပ်တွင်း အစိုးရပညာသင်ဌါနမှအစိုးရပညာသင်ဌာနမှ တပ်မတော်အတွင်း ပညာဆက်လက် သင်ကြားဆဲ ဆဋ္ဌမတန်း (ခြောက်တန်းကျောင်းသား) အဖြစ် လည်းကောင်း၊ နိုင်ငံသားကဒ်ပြား ရရှိရန် လျှောက်ထားဆဲဖြင့် လည်းကောင်း ပြန်လည်ပေးပို့ခဲ့ပါသည်။
 
တပ်မှူးကြီးများ ညီလာခံနှင့် တပ်မတော် မှတ်တမ်းဌါန တို့က သုံးပါတီတပ်ပေါင်းစု သိမ်းယူထားသော မဲနယ်တောင်ပေါ်သို့ ကွန်မန်ဒို ခုနှစ်ယောက်၊ အထမ်းသမား ငါးယောက်တို့ဖြင့် တက်ရောက် သိမ်းပိုက်ခဲ့သော စစ်ဝန်ထမ်းတပ်မှ ဗိုလ်မှူးရဲချစ် အား ပထမဆုံး ချီးမြှင့်ခဲ့သော သီဟသူရ ဘွဲ့ တံဆိပ်သာ ရဲဘော် ဆပ်ဘဟားဒူးရွိုင်းအား အပ်နှင်းရန် နိုင်ငံတော် သမ္မတကြီး မန်းဝင်းမောင် ထံတင်ပြ ခဲ့ကြသည်။ထံတင်ပြခဲ့ကြသည်။
 
ထိုအချိန်မတိုင်မှီက နိုင်ငံတော်တွင် သီဟသူရ ဆုတံဆိပ်သည် အမြင့်မားဆုံး တံဆိပ် ဖြစ်သည်။ နိုင်ငံတော်သမ္မတကြီး မန်းဝင်းမောင်သည် တင်ပြချက်များကို ပယ်ချ၍ နိုင်ငံသား မှတ်ပုံတင်ကဒ်ပြားသော် လည်းကောင်း၊ ဧည့်နိုင်ငံသား မှတ်ပုံတင်ကဒ်ပြားသော် လည်းကောင်း မပိုင်ဆိုင်ခဲ့သည့် ကျဆုံးရဲဘော် ဆပ်ဘဟားဒူးရွိုင်းအား နိုင်ငံတော်၏
အမြင့်မားဆုံးဖြစ်သော အောင်ဆန်းသူရိယ ဘွဲ့တံဆိပ်ကို အပ်နှင်းရန် ဆုံးဖြတ်ခဲ့ပါသည်။ ကျန်ရစ်သူ မိသားစုအားလည်း နိုင်ငံသား ကဒ်ပြား အမြန်ဆုံးထုတ်ပေးရန် ညွှန်ကြားခဲ့ပါသည်။<ref>၁၉၆၀ ခုနှစ်ထုတ် ခေတ်ရေး အထူးထုတ် စာစောင်မှ</ref>
<ref>၁၉၆၀ ခုနှစ်ထုတ် ခေတ်ရေး အထူးထုတ် စာစောင်မှ</ref>
 
==ကိုးကား==