အမရပူရမြို့: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၉ -
 
== အမရပူရမြို့သမိုင်း ==
အမရပူရမြို့ကို စတည်သူမှာ [[ကုန်းဘောင်မင်းဆက်]]၏ ၆ဆက်မြောက်မင်းဖြစ်သည့် [[ဘိုးတော်ဘုရား]](ခေါ် )ဗဒုံမင်းဖြစ်သည်။ ဗဒုံမင်းသည် အင်း၀တွင် နန်းစံနေရာမှ အင်္ဂလိပ်တို့၏ သင်္ဘောမှာအင်္ဂလိပ်တို့၏သင်္ဘောမှာ တောင်တမန်အင်း ရေတက်ချိန်တွင် နန်းတော်သို့ အလွယ်တကူ ဝင်ရောက်နိုင်ခြင်းဝင်ရောက်နိုင်ခြင်းရှိကြောင်းသိသဖြင့် ရှိကြောင်းသိသဖြင့် မြို့သစ်နန်းသစ် တည်ရန်ကြံသည်။မြို့သစ်နန်းသစ်တည်ရန်ကြံသည်။ သို့ဖြင့်၍ မြို့တည်ရန် နေရာရွှေးရာ လက်ဆယ်ကန်ရွာ နေရာကို အမရပူရမြို့ နန်းတည်ရန် အတည်ပြု၍ ၁၀၊ အောက်တိုဘာ၊ ၁၇၈၁ တွင်အမိန့်ပြန်ကာ စတင်တည်ဆောက်စေသည်။ ၁၂ ၊မေ၊၁၇၈၃တွင် နန်းသိမ်းပွဲဖြင့် စတင်နန်းစံသည်။ သို့သော် ၁၃၊ မတ်၊ ၁၈၁၀တွင် အမရပူရမြို့တွင် မီးအကြီးအကျယ် လောင်ရာမီးအကြီးအကျယ်လောင်ရာ နန်းတော်ပါ ပျက်စီးသဖြင့် တဖန်ပြန်တည်ရပြန်သည်။ သို့ဖြင့် အချိန်တိုအတွင်း ပြန်လည်တည်ဆောက်ပြီး ဒီဇင်ဘာ၊၁၈၁၀ တွင် ပြန်လည်စိုးစံသည်။ ထူးခြားချက်မှာ အမရပူရ နန်းတော် တည်ဆောက်ရာတွင် အုတ်ခုံပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး ထိုကဲ့သို့သော နန်းတော်တည်ဆောက်ခြင်းမှာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဖြစ်သည်ဟု ဆိုပါသည်။
 
ထိုနောက် [[ဘကြီးတော်မင်း]]လက်ထက်တွင် အင်း၀သို့ ပြန်လည်ပြောင်းရွှေ့ နန်းစိုက်ကာ [[သာယာဝတီမင်း]] လက်ထက်တွင် အမရပူရကို နန်းမြို့အဖြစ် ပြန်လည်သတ်မှတ်ကာ နန်းစိုက်ခဲ့သည်။ ထိုနောက် မင်းတုန်းမင်းလက်ထက်တွင် မန္တလေး မြနန်းစံကျော် ရွှေနန်းတော်ကို တည်ဆောက်ကာ ပြောင်းရွှေ့နန်းစံရာ အမရပူရလည်း နန်းမြို့အဖြစ်မှ လျောကျခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ကြီးထွားလာသော မန္တလေးမြို့နယ်နိမိတ်သည် အမရပူရမြို့ကိုလွမ်းခြုံသွားရာ အမရပူရမြို့သည်လည်းသီးခြားမြို့တစ်မြို့အဖြစ်မှ မန္တလေးမြို့တွင်း မြို့နယ်တစ်ခုဖြစ်သွားသည်။