နု၊ ဦး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ကိုးကား
No edit summary
စာကြောင်း ၅၀ -
 
== ငယ်ဘဝ ==
ဦးနုသည် [[ဧရာဝတီတိုင်း]]၊[[မြောင်းမြ ခရိုင်]]၊ [[ဝါးခယ်မမြို့]]၌ အဖ ဦးစံထွန်း၊ အမိ ဒေါ်စောခင်တို့မှ ၁၉၀၇ ခုနှစ်၊မေလ၊၂၅ ရက်၊ စနေနေ့ နံနက် ၈နာရီ၊ ၃၉မိနစ်၊ ၁၂စက္ကန့် ၌ မွေးဖွားသည်။ မွေးချင်းနှစ်ဦးတွင် အကြီးဆုံးဖြစ်၍ ညီငယ် အမည် မှာ မောင်ဥ ဖြစ်သည်။ ၁၉၂၀ ခုနှစ်၊ တက္ကသိုလ်ကျောင်းသားသပိတ်တွင် ဝါးခယ်မမြို့အစိုးရကျောင်း၌ ပဉ္စမတန်းမှ ပါဝင်ခဲ့သည်။ ၆-တန်း၌ ပညာသင်ကြားနေစဉ် ဝါးခယ်မ အမျိုးသားကျောင်းတွင် ဆရာ အခက် အခဲ ရှိနေ၍ ဆရာတစ်ဘက် ကျောင်းသားတစ်ဘက် ဆောင်ရွက်ခဲ့သည်။ ၁၉၂၅-ခုနှစ်တွင် [[ရန်ကုန်မြို့]] [[မြို့မ အထက်တန်းကျောင်း]] မှ ဆယ်တန်းအောင်မြင်ခဲ့သည်။ [[မြို့မ အထက်တန်းကျောင်း၊ ရန်ကုန်|မြို့မကျောင်း]] သည် ၁၉၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၇ ရက် ရန်ကုန်မြို့ ဗဟန်း မြို့နယ်တွင် စတင် တည်ထောင်သော မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားကျောင်း ဖြစ်သည်။ [[၁၉၂၉]] ခုနှစ်တွင် [[ရန်ကုန်တက္ကသိုလ်]]၌ ဘီ.အေ (ဝိဇ္ဇာ) ဘွဲ့ကို ရယူခဲ့သည်။ မြန်မာနိုင်ငံလုံး ဆိုင်ရာ လူငယ်များအစည်းအရုံး တည်ထောင်ရာတွင် ကမကထလုပ်၍ ပါဝင်ခဲ့သည်။ [[ဦးသန့်]]၏ တိုက်တွန်းချက်အရ [[ပန်းတနော်မြို့]] အမျိုးသားကျောင်းတွင် ကျောင်းအုပ်အဖြစ် တာဝန် ထမ်းဆောင်သည်။ [[သုံးခွမြို့]] အမျိုးသားကျောင်းသို့ ကျောင်းအုပ်အဖြစ် ပြောင်းရွေ့ခဲ့သည်။ [[၁၉၃၅]]ခုနှစ်တွင် ပန်းတနော် မြို့ အမျိုးသားကျောင်း ကော်မတီ ဥက္ကဌ သမီး ဒေါ်မြရီ နှင့် အိမ်ထောင်ကျသည်။ ပန်းတနော် အမျိုးသားကျောင်းတွင် ပြန်လည်၍ တာဝန် ထမ်းဆောင်သည်။ ဦးနုတွင် သားနှစ်ဦး၊ သမီး နှစ်ဦး မွေးဖွားခဲ့သည်။ သားအကြီးမှာ ဦးသောင်းထိုက်ဖြစ်ပြီး ယခုအခါ အမေရိကန်တွင် နေထိုင်သည်။
 
== နိုင်‌ငံရေးဘဝ ==