သိပ္ပံမောင်ဝ: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၄၀ -
ဦးစိန်တင်သည် ၁၉ဝ၅ ခုနှစ်ခန့်မှ ၁၉၁၉ ခုနှစ်ထိ [[မော်လမြိုင်]] မုပွန်ရပ် ခရာ ဦးချစ်လှ ကျောင်းတွင် စတင် ပညာ သင်ကြား ခဲ့သည်။ ထို့နောက် မောင်ငံ ရပ်ရှိ စိန်အောဂတ်စတင်း အက်စ်ပီဂျီ (S.t. Augustine’s Society for the Propagation of the Gospel) သာသနာပြု ကျောင်းသို့ ပြောင်းရွှေ့၍ သတ္တမတန်း အောင်မြင်သည် အထိ အင်္ဂလိပ် - မြန်မာ နှစ်ဘာသာဖြင့် ပညာ သင်ယူ ခဲ့ပြီးနောက် အဋ္ဌမတန်း ရောက်သော အခါ မဟာ ဗုဒ္ဓဃောသ ကျောင်းသို့ ပြောင်းရွှေ့ပညာ သင်ကြားခဲ့သည်။ ၁၉၂ဝ ပြည့်နှစ်တွင် ဆယ်တန်း စာမေးပွဲကို မြန်မာဘာသာနှင့် ပါဠိဘာသာ တို့တွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။
 
သတ္တမတန်းစာမေးပွဲကို အောင်မြင်၍ ရှင်မဟာ ဗုဒ္ဓဃောသ ကျောင်းကြီးတွင် ပညာ ဆက်လက် သင်ကြားကာ နေသည့်အတွင်း၌လည်း မြန်မာဘာသာကို အထူးလေ့လာလျက် ဝါသနာအလျောက် ‘ဝဇီရာတင့်’ ဟူသော အမည်နှင့် မြန်မာသတင်းစာများတွင် ဆောင်းပါးများ ရေးသား ထည့်သွင်းခြင်း ပြုလေ့ ရှိပေသည်။ သို့နှင့် ဆယ်တန်း စာမေးပွဲကို မြန်မာ ဘာသာနှင့် ပါဠိဘာသာ တို့တွင် ဂုဏ်ထူးဖြင့် အောင်မြင်ပြီးနောက် [[ရန်ကုန်မြို့]] ကောလိပ် သိပ္ပံ ကျောင်းကြီးတွင် ပညာဆက်လက်သင်ကြားကာနေရာ များမကြာမီပင် အင်္ဂလိပ် သက္ကရာဇ် ၁၉၂ဝ ပြည့်နှစ် ကျောင်းသားသပိတ်ကြီး ပေါ်ပေါက် လာသဖြင့် ကျောင်းမှ ထွက်ပြီးလျှင် [[မြို့မအထက်တန်းကျောင်းရန်ကုန်မြို့]] [[မြို့မ အထက်တန်းကျောင်း]] တွင် ကျောင်းဆရာအဖြစ် ခေတ္တခဏမျှ ဝင်ရောက် လုပ်ကိုင်နေလေသည်။
 
ထို့နောက် သက္ကရာဇ် ၁၂၈၅ ခုနှစ် (အင်္ဂလိပ်သက္ကရာဇ် ၁၉၂၃ ခုနှစ်) တွင် တိုင်းရင်းသားကျောင်းများ အစိုးရ အထောက်အပံ့ ခံယူကြ၍ ပြည်သူပြည်သားနှင့် ပညာဘက်ဆိုင်ရာ အစိုးရတို့ သင့်မြတ်သည့် အခါကာလ ဦးစိန်တင်သည် ကောလိပ် သိပ္ပံကျာင်းကြီးတွင် တစ်ဖန် ဝင်ရောက်၍ မဆုတ်မနစ်သော လုံ့လ ဝီရိယဖြင့် ဥပစာ ဝိဇ္ဇာ အောက်တန်း ကျောင်းသား (အိုင်အေ ဂျူနီယာ) အဖြစ် ပညာ သင်ကြား ခဲ့သည်။