လူထုဦးလှ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎စာ​ညွှန်း: correct cat
အရေးမကြီးNo edit summary
စာကြောင်း ၁ -
{{Infobox လူ
| အမည် = လူထု ဦး​လှ [၁​၉​၁​၀- ၁​၉​၈​၂]
| ပုံ =LuduUHlaU Hla.JPG
| caption =
| အမည်​ရင်း = ဦး​လှ
စာကြောင်း ၃၀ -
'''ဦး​လှ''' ကို ပဲခူးတိုင်း [[ညောင်​လေးပင်]] မြို့​နယ် ပုစွန်​မြောင်း ရွာ​တွင် အဖ ကုန်သည် ဦး​ပု၊ အမိ ဒေါ်​ခိုင် တို့​မှ ၁​၉​၁​၀ ခု ဇန်နဝါရီ ၁​၉ ရက် ဗုဒ္ဓဟူးနေ့ နံနက် ၇:၄​၅ နာရီ​တွင် မွေး​ဖွား​သည်။ မွေး​ချင်း သုံး​ယောက်​တွင် အငယ်​ဆုံး ဖြစ်​သည်။ အမည်​ရင်း​မှာ မောင်​လှ ဖြစ်​သည်။ ပုစွန်​မြောင်း​ရွာ ဆရာ ဦး​ဖေ​ခိုင် ကျောင်း​တွင် ၄ တန်း​အထိ ပညာ သင်​ယူ ခဲ့​သည်။ ၁​၉​၂​၆ တွင် ညောင်​လေးပင်​မြို့ အာ​စီ​အမ် (ရို​မန်​ကက်​သ​လစ် သာသနာပြု) ကျောင်း​မှ ခုနစ်​တန်း အောင်​ခဲ့​သည်။ ၁​၉​၃​၀ ပြည့်​နှစ်​တွင် ရန်ကုန် အစိုးရ အထက်​တန်း ကျောင်း​မှ ၁​၀ တန်း အောင်​ခဲ့​သည်။
 
[[File:LuduUHla.JPG|thumb|လူထု ဦး​လှ (၁​၉​၁​၀ - ၁​၉​၈​၂)]]
 
ဆယ်​တန်း အောင်​ပြီး​နောက် စာရင်း​ကိုင် စာရေး သင်​တန်း တက်​ခဲ့​သည်။ ထိုသို့​တက်​နေ​ရင်း မှာ​ပင် [[လူ​ငယ်​များ ကြီးပွား​ရေး အသင်း]] သ​တင်း​များ​ကို သတင်းစာ များ​သို့ ပေး​ပို့ ခဲ့​သည်။ ၁​၉​၃​၁ တွင် ဘော​လုံး​သမား တ​ဦး အဖြစ် [[မြူ​နီ​စီ​ပယ်]]တွင် ရာပြတ် [[အင်စပက်တော်]] ဝင်​လုပ် ခဲ့​သည်။ တ​ပြိုင်​တည်း မှာ​ပင် လူ​ငယ်​များ ကြီးပွား​ရေး အသင်း​တိုက် [[စာကြည့်​တိုက်​မှူး]]၊ လူ​ငယ်​များ ကြီးပွား​ရေး အသင်း ည​ကျောင်း ဆရာ အဖြစ် ဆောင်ရွက် ခဲ့​သည်။ ၁​၉​၃​၂ တွင် "ကြီးပွား​ရေး မဂ္ဂဇင်း" ထုတ်​ဝေ​သည့် အခါ စာ စ​ရေး ခဲ့​သည်။ ၁​၉​၃​၃ တွင် "ကြီးပွား​ရေး လမ်း​ညွှန် မဂ္ဂဇင်း" ထုတ်​ဝေ​သည့် အခါ​တွင် "ကြီးပွား​ရေး မဂ္ဂဇင်း" ကို မန္ဈ​လေး​သို့ ပြောင်းရွှေ့ ထုတ်​ဝေ ခဲ့​သည်။ စစ်​အတွင်း​၌ မဂ္ဂဇင်း ရပ်ဆိုင်း ထား​ပြီး ကိုယ်​ပိုင် စာအုပ်​များ ရိုက်​နှိပ် ထုတ်​ဝေ​ခဲ့​သည်။ ထို​ကာလ အထိ 'ကြီးပွား​ရေး မောင်​လှ'၊ 'ကြီးပွား​ရေး အယ်​ဒီ​တာ မောင်​လှ' ကလောင် အမည်​များ​ကို အသုံးပြု ခဲ့​သည်။