ရတနာနတ်မယ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး c
စာကြောင်း ၁၇ -
== ဦးနေဝင်း နဲ့ ရက် ၁ဝဝ ==
လူတိုင်းလို ကြားဖူးခဲ့တဲ့ အနောက်နိုင်ငံရဲ့ စပိုင်လုပ်လို့ ဦးနေဝင်းက မောင်းထုတ်ခဲ့တယ် ဆိုတဲ့ ကောလာဟလကို မေးတော့ သူမက ရယ်နေခဲ့တယ်။ ဒါပေမဲ့ သူမကို ဦးနေဝင်းက ဆေးလိပ်ပြာခွက်နဲ့ ပစ်ပေါက်ခဲ့တယ် ဆိုတဲ့ မနှစ်မြို့စရာ ဖြစ်ရပ်ကိုတော့ သူမက နာနာကျင်ကျင် ဝန်ခံပါတယ်။ နောက်တနေ့ ချက်ခြင်းပဲ သူမဟာ စင်းလုံးလေယာဉ် တစင်း နဲ့ မြန်မာပြည်က ထွက်ခွာလာနိုင်ခဲ့တယ်။ လက်ထပ်အပြီး ၅ လ ဆိုတဲ့ အချိန်တိုလေး အတွင်းမှာပဲ လျင်လျင် မြန်မြန် ဖြစ်ပျက်သွားခဲ့တဲ့ အဲဒီ အကြောင်းတွေကို သူမက Sin of Pride လို့ ဆိုခဲ့ပြီး သူမကို မှျော်လင့်ခဲ့တဲ့ လူတွေအတွက် ဘာမှ မဆောင်ရွက်နိုင်ဘဲ အရှုံးနဲ့ သက်သက် ထွက်ခွာခဲ့ရတာ ဖြစ်တယ်လို့ ပြန်ပြောင်း ဖွင့်ဟခဲ့တယ်။ ၅ လတာ ကြုံဆုံ ခဲ့ရတဲ့ ဦးနေဝင်းကိုတော့ တကယ့် ဉာဏ်နီ ဉာဏ်နက်နဲ့ အရာရာကို ကြိုးကိုင် ခြယ်လှယ်နိုင်သူကြီး တယောက် လို့သာ မှတ်ချက် ပြုထားတယ်။
 
[[File:June Rose Bellamy.jpg|thumb|၂၀၁၅ တွင် ဖလောရင်းမြို့မှာ ရိုက်ထားတဲ့ပုံ]]
 
မကြာသေးခင် နှစ်တွေကတော့ သူမရဲ့ အသက်အစိတ် ရှိပြီ ဖြစ်တဲ့ မြေးလေးနဲ့အတူ မြန်မာပြည်ကို ပြန် အလည် ရောက်ခဲ့သေးတယ်လို့ ဆိုတယ်။ မြန်မာပြည်တွင်းက ဆရာဝန်တွေနဲ့ လူမူရေးလုပ်ငန်း တချို့ တွဲဖက် လုပ်ကိုင်နေသလို နာဂစ် မုန်တိုင်း ကယ်ဆယ်ရေး လုပ်ငန်းမှာလည်း ပါဝင် ဆောင်ရွက်နေတဲ့ အကြောင်း သိရသည်။
<ref>မိုးမခ ကွန်</ref>
တစ်ချိန်က ဟောလိဝုဒ်တွင် The Purple Plain ([[ခရမ်းရောင်လွင်ပြင်]]) ဆိုသည့် မြန်မာပြည်တွင်း ဒုတိယ ကမ္ဘာစစ် နောက်ခံ ရုပ်ရှင် ကားကြီး၌ ခေါင်းဆောင်မင်းသမီး လျှောက်ပြီးမှ ဇာတ်ကား၏ ရိုက်ကွင်းကို သီရိလင်္ကာမှာ ရိုက်မည်ဆို၍ ရေခံမြေခံ မမှန်တာကြောင့် မင်းသမီး ဝင်မလုပ်ခဲ့ပေ။ (သူ့နေရာတွင် [[ဝင်းမင်းသန်း]]က ဝင်ရိုက်ခဲ့ရာ အထူးပင် နာမည်ကျော်ကြား သွားသည်။)<ref>မျိုးညွှန့် ၊ရန်ကုန်တက္ကသိုလ် ရေး ရတနာနတ်မယ် ကောက်ကြောင်း (ရွှေအမြုတေ မဂ္ဂဇင်း၊ဇန်နဝါရီလ ၂၀၁၂)</ref>
 
== ကိုးကား ==
<references/>