စဝ်ရွှေသိုက် (နိုင်ငံတော်သမ္မတ): တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၃၅ -
မတ်လ ၈ ရက်နေ့ ၁၉၂၉ ခုနှစ်တွင် အသိအမှတ်ပြုခြင်းခံရသည်။ ၁၉၃၉ ခုနှစ်တွင် စစ်မှုထမ်းရန် ပြန်လည်ခေါ်ဆောင်ခဲ့ဖြင့် ၁၉၄၂ ခုနှစ်ထိ ဗမာ့တပ်မတော်တွင် အမှုထမ်းခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ရေးဆွဲရေး ကော်မတီအဖွဲ့ဝင်နှင့် ဥပဒေပြုအဖွဲ့ဥက္ကဌ တာဝန်ထမ်းဆောင်ခဲ့သည်။
 
စော်ဘွားကြီးသည် မိခင်ဘက်မှ ဝမ်းကွဲတော်စပ်သော ညီအစ်မလေးဦးနှင့် လက်ထပ်ခဲ့သည်။ သူတို့ဖခင်မှာ ညောင်ရွှေ၏ အခွန် ဦးလှဘူးဖြစ်ပြီး နမ့်ခုတ်မှ ရှမ်းလူမျိုးဖြစ်သည်။ ဦးလှဘူး၏ အကြီးဆုံးသမီးတော်မှာ စဝ်နန်းရီဖြစ်၍ သားတော်ကြီး စဝ်ဆဲင်ဖ (စဝ်စိုင်း) နှင့် စဝ်ဆဲအုံ (စိုင်းဆဲင်) သားတော်နှစ်ပါး ဖွားမြင်ခဲ့သည်။ သူမသည် စော်ဘွား၏ အကြီးဆုံး ဇနီးဖြစ်၍ မဟာဒေဝီအဖြစ် မြှောက်စားခံရသည်။ (ဦးလှဘူး၏) ဒုတိယသမီးတော်မှာ စဝ်နန်းစန္ဒာဖြစ်၍ စော်ဘွားကြီး၏ ဒုတိယဇနီးဖြစ်သည်။ သူမသည် သက်တော် ၂၁ နှစ်မှာ ကွယ်လွန်ခဲ့သည်။ သူမမှာ စဝ်စန္ဒာဟူ၍ သမီးတော် တစ်ပါး ဖွားမြင်သည်။ (နောင် Moon Princess စာအုပ်ရေးသူ) ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်သည် ပထမအိမ်ထောင်ဆက် ၄ ဆက် ရှိခဲ့ပြီး သားတော် ၃ ပါး၊ သမီးတော် ၂ ပါး ထွန်းကားခဲ့သည်။ <ref> ခွန်ကျော် (တောင်ကြီး)၊ Mawk Ngao Ngoon Magazine (ဗဟိုရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ၂၀၁၃ တောင်ကြီး) မြန်မာနိုင်ငံတော်၏ပထမဆုံးသော သမ္မတဖြစ်သူ ညောင်ရွှေစော်ဘွားစဝ်ရွှေသိုက်၏ အတ္ထုပ္ပတ္တိအကျဉ်း၊ နှာ-၈၈-၈၉။ ၂၀၁၃ </ref>
 
ညောင်ရွှေစော်ဘွား စဝ်ရွေသိုက်သည် ၁၉၃၇ ခုနှစ်၊ ဇွန်လတွင် သိန္နီမြောက်ပိုင်း စော်ဘွာကြီး၏ သမီး (သိန္နီစော်ဘွား စဝ်ဟုန်ဖ) (ကွယ်လွန်) ၏ နှမ စဝ်ဟိန်းခမ်းနှင့် လက်ထပ်ခဲ့သည်။ စဝ်နန်းဟိန်းခမ်းနှင့်အတူ သားသမီး ၆ ယောက် ထွန်းကားခဲ့သည်။ ပထမ ကမ္ဘာစစ်ကြီး ပြီးသော အခါ စဝ်ရွှေသိုက်သည် စစ်မှုထမ်း အဖြစ် အနား ယူခဲ့သည်။ သို့သော် ၁၉၃၉ ခုနှစ်တွင် ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ရန် စစ်ရိပ် စစ်ငွေ့များ တက်လာသော အခါ စစ်မှုထမ်းရန် ပြန်ခေါ်ခြင်း ခံရပြန်သည်။
စာကြောင်း ၄၆ -
 
 
ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်အုပ်ချုပ်သော နယ်မြေအတွင်း အသုံးလုံးကြေ (အရေး၊ အဖတ်၊ အတွက်) တတ်မြောက်ရန် မိသားစုအတွင်းရှိ အသက် (၆) နှစ်ပြည့်ပြီးသည့် ကလေးတိုင်း ကျောင်းမထားဘဲ မနေရဟု နားလည်ထားသည့် စက္ကူစိမ်းအမိန့်ကို ထုတ်ပြန်ထားပါသည်။ ထိုစက္ကူစိမ်းအမိန့်သည် ကျောင်းမထားပါက မိဘအုပ်ထိန်းသူကို အရေးယူမည့် ဥပဒေဖြစ်သည်။ ၁၉၄၆ ခုနှစ် နောက်ပိုင်း ထုတ်ပြန်ခြင်းဖြစ်သည်။ လူတိုင်း စာတတ်မြောက်စေချင်သည့် စော်ဘွားကြီး၏ စေတနာဆန္ဒကို ပြသခြင်းဖြစ်သည်။<ref> ခွန်ကျော် (တောင်ကြီး)၊ Mawk Ngao Ngoon Magazine (ဗဟိုရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ၂၀၁၃ တောင်ကြီး) မြန်မာနိုင်ငံတော်၏ပထမဆုံးသော သမ္မတဖြစ်သူ ညောင်ရွှေစော်ဘွားစဝ်ရွှေသိုက်၏ အတ္ထုပ္ပတ္တိအကျဉ်း၊ နှာ-၈၈။ </ref>
 
မင်းကွန်းဆရာတော်ဘုရားကြီး ကိုယ်တော်တိုင်ရေးသားတော်မူခဲ့သော (တိပိဋကဓရ၏ အမျှဝေစကားစဉ်) စာအုပ်၌လည်း ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ လွတ်လပ်ပြီးစ ပထမနှစ်၌ ပထမဆုံးအကြိမ် ကျင်းပသည့် "တိပိဋကရွှေးချယ်ပွဲ" အခန်းအနားကို ထိုစဉ်က နိုင်ငံတော်သမ္မတကြီး စဝ်ရွှေသိုက်က ဖွင့်လှစ်ပေးခဲ့ပါသည်။ သမ္မတကြီးသည် ကားပေါ်မှ ဆင်းသည်မှ ဖွင့်လှစ်နေဆဲအချိန် ၂ နာရီကျော်ကျော်ခန့်မှာ မချသောလက်အုပ်ဖြင့် အမြဲတစေချီနေခဲ့ရာ သတိထားမိသော ဆရာတော်က "တိပိဋကဓရ ရှာပုံတော်လက်အုပ်" ဟု တင်စားခဲ့ပါသည်။ ထို့အတွက် တိပိဋကဓရဘွဲ့တော်ကို ရယူခြင်းဖြင့် သမ္မတကြီး၏ တိပိဋကဓရ ရှာပုံတော် လက်အုပ်ကြွေးကို ဆပ်မည်ဟု စိတ်က ဆောက်တည်လိုက်ပြီး ၃ နှစ်မြှောက်ရွှေးချယ်ပွဲ၌ မင်းကွန်းဆရာတော်သည် ဂုဏ်ထူးဖြင့် အောင်မြင်တော်မူသဖြင့် နိုင်ငံတော်သမ္မတကြီး၏ တိပိဋကဓရရှာပုံတော် လက်အုပ်ကြွေးကို ဘုရားတပည့်တော် ယနေ့ပြေလည်စွာ ဆပ်မိပါပြီဘုရား ဟု သမ္မတကြီး၏ ဘာသာရေး စိတ်ထက်သန်ပုံကို မှတ်တမ်းပြုခဲ့ပါသည်။<ref> ခွန်ကျော် (တောင်ကြီး)၊ Mawk Ngao Ngoon Magazine (ဗဟိုရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ၂၀၁၃ တောင်ကြီး) မြန်မာနိုင်ငံတော်၏ပထမဆုံးသော သမ္မတဖြစ်သူ ညောင်ရွှေစော်ဘွားစဝ်ရွှေသိုက်၏ အတ္ထုပ္ပတ္တိအကျဉ်း၊ နှာ-၈၈။ </ref>
၁၉၆ဝ ပြည့်နှစ် အထိ လူမျိုးစု လွှတ်တော် နာယကကြီး အဖြစ် ဆောင်ရွက်ခဲ့ပြီး အမျိုးဘာသာ သာသနာ ပညာတွင် ကြိုးစား အားထုတ်မှုကြောင့် နိုင်ငံတော် အစိုးရက စဝ်ရွှေသိုက်အား ‘အဂ္ဂမဟာ သရေစည်သူဘွဲ့’ အပြင် ‘အဂ္ဂမဟာ သီရိသုဓမ္မဘွဲ့’ ကိုပါ ချီးမြှင့်တော်မှုသည်။ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေး ကောင်စီ အမည်ခံ ဗိုလ်နေဝင်း ဦးဆောင်သည့် စစ်တပ်က နိုင်ငံတော် အာဏာအရပ်ရပ်ကို သိမ်းပိုက်စဉ် မိမိ နေအိမ်ဝင်း အတွင်းတွင်ပင် သားငယ် စဝ်မီမီသိုက် ပစ်သတ်ခြင်း ခံခဲ့ရသည်။ နိုင်ငံတော် သမ္မတကြီးဟောင်း စဝ်ရွှေသိုက်လည်း ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရသည်။