"နယူတန်" ၏ တည်းဖြတ်မှု မူကွဲများ

၃ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၆ နှစ်
အရေးမကြီး (→‎ငယ်ဘဝ)
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
 
== သင်္ချာဘာသာရပ် ==
၁၆၆၃ နွေနှောင်းရာသီတွင် သူသည် သင်္ချာဘာသာရပ်ကို စတင်ကာ စိတ်ဝင်စားခဲ့သည်။ သင်္ချာဘာသာရပ်နှင့် ဆက်နွယ်ကာ နက္ခတ္တဗေဒ ဘာသာရပ်ကိုလည်း လေ့လာခဲ့သည်။ ၁၆၆၃ ပြီလဧပြီလ ၂၈ ရက်တွင် ကောလိပ်၏ ပညာသင်ဆုရ ကျောင်းသားအဖြစ် ရွေးချယ်ခြင်းကို ခံရသည်။ နယူတန်သည် ကျောင်းပညာရပ်များတွင်သာ စိတ်ဝင်စားနေရာ သူ၏ အချစ်ဇာတ်လမ်းမှာ အေးစက်သွားခဲ့ပြီး စေ့စပ်ထားသော ချစ်သူ Miss Storey က အခြားလူတစ်ယောက်နှင့် လက်ထပ်သွားလဲ့လေသည်။ နယူတန်သည် အချစ်ကို တန်ဖိုးထား မြတ်နိုးလေသူ ဖြစ်သဖြင့် နောက်ထပ် အချစ်မရှာ ၊ အိမ်ထောင်လည်း မပြုပေ။
 
၁၆၆၅ ဧပြီလတွင် ဘီအေဘွဲ့ကို ရရှိခဲ့သည်။ ထိုနှစ်တွင်ပင် ကြောက်မက်ဖွယ် ကောင်းသော ပလိပ်ရောဂါဆိုးကြီးက ဥရောပသို့ ကူးစက်လာရာ တက္ကသိုလ်များကို ၂နှစ်ခန့်ပိတ်လိုက်သဖြင့် သူ့ဇာတိဖြစ်သော Woolsthorpe သို့ပြန်လာရသည်။
၁၅

တည်းဖြတ်မှုများ