ကင်းဝန်မင်းကြီး ဦးကောင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၄၁ -
 
== မင်းမှုထမ်းဘဝ ==
အမရပူရ စုတ္ထနန်းစံစတုတ္ထနန်းစံ “မဟာလောကရံသီ စေတီတော်၏ ဒါယကာ” ပုဂံမင်းတရားကြီးလက်ထက် မင်းတုန်းတောင်စဉ် ခုနစ်ခရိုင်ကို အသုံးကံကျွေးခံ လွှတ်တက်မင်းသားကြီးက ရွှေရေးကျောင်း ဘုန်းတော်ကြီး ဦးဝိသုဒ္ဓအား “ပညာဗဟုသုတအရာ လေ့လာရှာမှီးသူတို့ကို အလိုတော်မြတ်ရှိကြောင်း” နှင့် လျှောက်ထားလေသောကြောင့် ဦးဝိသုဒ္ဓက မိမိ၏တပည့်ရင်းဖြစ်သော ဦးအာသဘအား အကြောင်းကုန်ပြန်ကြား၍ လူဝတ်လဲစေပြီးနောက် မင်းတုန်းမင်း အပါးတော်တွင် မြဲစွဲထမ်းရွက်စေလေသည်။ ထိုအခါ မင်းတုန်းမင်းက “ငချင်း” ဟူသော အမည်မှာ မဖွယ်မရာ မလျောက်မပတ်၊ “ငါ၏ ဘီတော် အလောင်းမင်းတရားကြီးဘုရားလည်း ပြည်ထောင်ဘက် ကျေးကျွန်ကြီးဖြစ်သော သေနတ်ဝန် မောင်ကောင်းနှင့် တိုင်းပြည်နိုင်ငံ တည်ထောင်တော်မူသည်ဖြစ်ရာ ထိုသေနတ်ဝန်အမည်ကို ခံစေ”ဟု အမိန့်တော်မြတ် ချမှတ်တော်မူသည့်အတိုင်း ငယ်မည် “မောင်ချင်း”မှ “မောင်ကောင်း” အမည်သို့ ပြောင်းလဲစေပြီးလျှင် ၁၂၁၁-ခုနှစ်မှစ၍ မိမိ၏ မင်္ဂလာအိမ်တော်တွင် စွဲမြဲ ခယမ်းစေတော်မူသည်။
 
 
စာကြောင်း ၆၃ -
 
 
တာဝန်များကို အရည်အချင်းရှိစွာနှင့် ကျေပွန်စွာ ထမ်းရွက်နိုင်သောကြောင့် ၁၂၂၃ ခုနှစ်တွင် အလုံဝန်အဖြစ် ခန့်အပ်ခြင်း ခံရ၍ အလုံမြို့သို့ ရွှေ့ပြောင်းအမှုထမ်းရသည်။ အလုံနယ်မှာ စစ်သူကြီး [[မဟာဗန္ဓုလ]] မွေးဖွားကြီးပြင်းရာ ဒေသ ဖြစ်သည်သာမက ရှေးမြန်မာ တပ်မတော်အတွင်း ခြောက်စုတပ်များတွင် ထင်ရှားကျော်ကြားသော စစ်သူရဲကောင်းများ ပေါ်ထွက်ရာ ထင်ရှားသည့် ဒေသဖြစ်သည်။ အလုံမြို့ဝန်အဖြစ် အမှုထမ်းရွက်စဉ် စီမံအုပ်ချုပ်ခြင်း ၊ တရားစီရင်ခြင်းတို့တွင် အထူး အောင်မြင်သည့်အလျောက် အလုံဝန်အဖြစ် ဦးကောင်း၏ အုပ်ချုပ်မှုနှင့် တရားစီရင်မှုအာဏာ တို့ကို လွှတ်တော်ကသာ ပြင်ဆင်ပယ်ဖျက်နိုင်သည်ထိ အခွင့်အရေး ရရှိခဲ့သည်။ ဤသို့ ဆောင်ရွက်နေစဉ်အတွင်း စာပေ ဝါသနာ ပါသည့်အလျောက် ပြုစုရေးသားခဲ့သဖြင့် နေပြည်တော်၌ပင် ကျော်ကြားခဲ့သည်။ အလုံမြို့ဝန်အဖြစ်နေစဉ် အလုံမြို့သူကြီး ဦးအို ၏နှမ မရွှေမေနှင့် လက်ဆက်ခဲ့သည်။
 
== ကင်းဝန်ဖြစ်လာခြင်း ==