ဦးဥတ္တမ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၁၆၄ -
ထို့နောက် ဦးနေဝင်းခေါင်းဆောင်သော တော်လှန်ရေးကောင်စီအစိုးရလက်ထက်တွင် နိုင်ငံရေးဆောင်ရွက်သော ရဟန်းသံဃာတော်များ ပေါ်ပေါက်လာမည်ကို စိုးရိမ်၍ ဦးနေဝင်း၏ အမိန့်ဖြင့် တနိုင်ငံလုံးတွင် ဦးဥတ္တမနေ့ ကျင်းပမှုကို ပိတ်ပင်တားဆီးလိုက်လေသည်။ ထိုမျှသာမက ဦးဥတ္တမပန်းခြံကိုလည်း ကန်တော်မင်္ဂလာပန်းခြံဟု အမည်ပြောင်းလဲလိုက်လေသည်။ တပ်မတော်အစိုးရလက်ထက်တွင်လည်း ဆရာတော် ဦးဥတ္တမနှင့် ဆရာတော် ဦးဥတ္တမကဲ့သို့ နိုင်ငံရေးဆောင်ရွက်ခဲ့သော ဆရာတော်ကြီးများ၏ အကြောင်းကို စာနယ်ဇင်းများ၌ ရေးသားဖော်ပြခြင်းကို စာပေစိစစ်ရေးဌာနမှ ပိတ်ပင်ထားသည်။<ref>http://arakanreview.net/?p=1967</ref>
အာဏာပိုင်တို့သည် ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် ရွှေတိဂုံ စေတီတော် အနီးရှိ ဦးဥတ္တမပန်းခြံကို ကန်တော်မင် ပန်းခြံ အဖြစ်ပြောင်းလဲခေါ်ဆိုစေခြင်း၊ စစ်တွေမြို့ ဦးဥတ္တမ ပန်းခြံရှိ ဦးဥတ္တမရုပ်တုကို မွမ်းမံမှု မရှိခြင်း၊ ဆရာတော် ရုပ်တုကို အရိုအသေပေးမှုများအား တားမြစ် အရေးယူခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရ သည်။ ဆရာတော် ဦးဥတ္တမ၏ နယ်ချဲ့တော်လှန်ရေး စိတ်ဓာတ်အား အတုယူလာမည်ကို စစ်အာဏာပိုင် များက စိုးရိမ်သည့် အတွက်ကြောင့် ဖြစ်သည်ဟု အများက ယူဆကြသည်။<ref>http://www.minmawsoe.org/2009/12/blog-post_3108.html?m=1</ref>
စစ်အစိုးရသည် ၂၀၁၀ခုနှစ်အထိ ဆရာတော်ကို ဂါရဝပြုခွင့်မပေးခဲ့ပေ။၂၀၁၁ခုနှစ်တွင်မှ ပန်းခွေချခွင့်၊ဆီမီးပူဇော်ခွင့်ရသည်။့<ref>''[http://www.88generation-ktg.com/2011/09/blog-post_5169.html?m=1]'',
ဦးဥတ္တမ ရုပ်ထုရှေ့ ပြည်သူများ ပန်းခွေချ</ref>
 
== ကိုးကား ==
<references/>