ဦးဥတ္တမ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၂၆ -
 
== ဂျပန်သို့ သွားခြင်း ==
ထိုမှတစ်ဖန် (၁၈) ရက်နေ့တွင် ဂျပန်ပြည်သို့ စင်ကာပူမှတစ်ဆင့် သင်္ဘောဖြင့် ထွက်ခွာခဲ့ရာ မတ်လ (၇)ရက်နေ့တွင် ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့သို့ ရောက်သွားသည်။ ဂျပန်သို့ ရောက်သောအခါ တိုကျိုမြို့ ဗုဒ္ဓဘာသာ သိပ္ပံကျောင်းကြီး၏ ဥက္ကဋ္ဌ အမတ်ကြီး အိုတာနီ (ထိုအခါက စက်မှုလက်မှုဝန်ကြီး)၏ အထောက်အပံ့ဖြင့် ဂျပန်ဘာသာ နှင့် စကားကို နှစ်နှစ်ခန့် သင်ယူအောင်မြင်သည်။ ဗုဒ္ဓဘာသာသိပ္ပံကျောင်းကြီး၌ နှစ်နှစ်ခန့် သင်္ကရိုက်ဘာသာ ပါမောက္ခအဖြစ် ဆောင်ရွက်ခဲ့သည်။ ဂျပန်ပြည်သို့ ရောက်ရှိစဉ်က ဦးဥတ္တမ၏ ဝါတော်မှာ ကိုးဝါမှျရှိခဲ့ပြီဖြစ်သည်။ တတ်ကျွမ်းသော ဘာသာရပ်များမှာ မြန်မာ၊ ပါဠိ၊ ဟိန္ဒူ၊ သက္ကတ၊ ဘင်္ဂလီ၊ နာဂရီ၊ တိဘက်၊<ref>http://maung0.blogspot.com/2013/07/i.html?m=1</ref>အင်္ဂလိပ်၊ ပြင်သစ်နှင့် ဂျပန်ဘာသာ<ref>''[https://sites.google.com/site/myanmarsite1/home/au/u-aut-ta-ma]'',ဦးဥတ္တမ-မှတ်စုစာအုပ်</ref>တို့ဖြစ်သည်။
 
== ဆွန်ယက်ဆင်ကို တရားဟောခြင်း ==
စာကြောင်း ၇၅ -
ဤ ဂျပန်ပြည်မှာလည်း နေထိုင်အောင် ကြံသည်ဟူသော ဆန္ဒဖြင့် တိုကျိုမြို့ ဗုဒ္ဓဘာသာသိပ္ပံကျောင်းတော် ကြီးတွင် အကြီးဥက္ကဋ္ဌဖြစ်သော အမတ်ကြီး အိုတာမီထံ ဦးပဉ္ဇင်းသည် ရဟန်းဝါ (၉) ဝါရ၍ အင်္ဂလိပ်ဘာသာနှင့်တကွ ပါဠိဘာသာ၊ သင်္ကရိုက်ဘာသာ၊ ဘင်္ဂလီ၊ နာဂရီ<ref>''[http://maung0.blogspot.com/2013/07/i.html?m=1]</ref>အားလုံး ရှစ်ဘာသာကို စာနှင့်တကွ တတ်မြောက်၍ အမတ်ကြီး၏ သိပ္ပံကျောင်းတွင် အသုံးပြုလိုပါက ဦးပဉ္စင်းကို အကြောင်းကြားပါဟု စာပေးလိုက်ရာ နှစ်ရက်နေပြီးမှ စာပြန်လေသည်။ စာနှင့် ကိုယ်တော်ကြွလာခဲ့ပါ။ ကိုယ်တော် ဂျပန်စာနှင့် စကား အယူဝါဒ၊ ဓလေ့ထုံးစံများကို သင်ပါ။ သင်နေသည့် အတွင်း စရိတ်စကကို ကျွန်တော်က ခံယူပါမည်ဟု ဆို၍ ကြွသွားသောအခါ အင်္ဂလိပ်စာတတ်သော ဂျပန်တစ်ယောက် ကို အပ်လျက် သင်ပြစေပါသည်။ တစ်နှစ်သင်ပြီးလျှင် ဂျပန်စာကို ဘာသာစကားနှင့်တကွ စာမေးပွဲဝင်၍ အောင်မြင် သည်။
 
ထို့နောက် တက္ကသိုလ်တွင် ပါဠိနှင့် သင်္ကရိုက်ဘာသာ ပရော်ဖက်ဆာအဖြစ်ပရော်ဖက်ဆာ<ref>http://maung0.blogspot.com/2013/07/i.html?m=1</ref>အဖြစ် ခန့်အပ်၍ အခြားဆရာများ နည်းတူ လခကို ပေးမည်ဟုပြော၏။ ခင်ဗျား ကျေးဇူးအလွန်ကြီးပါတယ်။ လစာ မယူပါရစေနှင့်။ ရှေးကကဲ့သို့ပင် ကြည့်ရှုထောက်ပံ့ပါ။ ဦးပဉ္စင်းသည် ထိုသိပ္ပံကျောင်းတော်တွင် (၂)နှစ်ကျော်လောက် ပြပြီးနောက် မိမိမွေးရပ်ဌာနေသို့ မရောက်သည်မှာ ကြာပြီဖြစ်၍ ပြန်ဦးမည်အကြံဖြင့် အမတ်ကြီးကိုပြောရာ စရိတ်ဘယ်လောက် အလိုရှိပါသနည်းဟု မေး၏။ ဦးပဉ္စင်းက ယခု မြန်မာပြည်သို့အပြန်တွင် ကိုရီးယား၊ မန်ချူးရီးယားပြည်၊မန်ချူးရီးယားပြည်<ref>http://www.missgreenlady.com/2012/03/blog-post_16.html?m=1</ref>၊ ရို့အာသာမြို့၊ တရုတ်ပြည်၊ အာနမ်ပြည် (ကမ္ဘောဒီးယား)<ref>http://moemaka.blogspot.sg/2014/09/blog-post_77.html?m=</ref>၊ ထိုင်း၊ သီဟိုဠ်ကျွန်း (သီရိလင်္ကာ)၊ အိန္ဒိယနိုင်ငံတို့ကို လှည့်လည်၍ ပြန်လိုကြောင်း ပြောသောအခါ ဒုတိယတန်း၌ စားစရိတ်၊ ခရီးစရိတ်ကို တွက်၍ပေးလိုက်သည်။ ဂျပန်မှ (၁၉၁၀) ပြည့်နှစ်တွင် ထွက်လာကြောင်း၊ (၁၉၁၁) ခုနှစ်တွင် မြန်မာပြည်သို့ရောက်ကြောင်း စသည်ဖြင့် ရေးသားထားလေသည်။
 
ဦးဥတ္တမ ရေးသားထားသော “ဂျပန်ပြည်အကြောင်း” စာအုပ်တွင် ဖော်ပြပါရှိသည့် စာပိုဒ်များကို ဖတ်ရှုခြင်းဖြင့် ဆရာတော် ဦးဥတ္တမသည် မြင့်မားသော ရည်ရွယ်ချက်ဖြင့် မည်သို့မည်ပုံ ပြည်ပနိုင်ငံများသို့ လှည့်လည် သွားလာခဲ့သည် ဆိုသည်ကို သိရှိနိုင်ပေသည်။
စာကြောင်း ၁၆၀ -
*ဆရာတော်ကွယ်လွန်ပြီး နှစ်ရက်အကြာ၁၉၃၉-ခုနှစ် စက်တင်ဘာလ (၁၁)ရက် ၊ တနင်္လာနေ့တွင် ကျင်းပသည့် အောက်လွှတ်တော်အစည်းအဝေး၌ မင်းတိုင်ပင်အမတ် များက ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူခြင်းအတွက် ၀မ်းနည်းကြောင်းနှင့် ကျန်ရစ်သူ မိသားစုထံ ၀မ်းနည်းသဝဏ်လွှာပို့ရန် ၊ ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် လွှတ်တော်အား ငါးမိနစ်ရွှေ့ဆိုင်းရန် အဆိုကို ဟံသာဝတီမြေ၏ မင်းတိုင်ပင်အမတ် ဦးသင်းမောင်က တင်သွင်းပြီး လွှတ်တော်တက်ရောက်သူ မင်းတို်င်ပင်အမတ်
အားလုံး က တညီတညွှတ်တည်း အတည်ပြုကြသည်။<ref>''[http://www.ashinpanna.com/2012/09/blog-post_6.html?m=1]'',အာရှမီးရှူးတန်ဆောင် ဆရာတော် ဦးဥတ္တမ</ref>
*ဆရာတော်ဦးဥတ္တမပျံလွန်တော်မူသည့် ရ၅နှစ်ပြည့် ုအထိမ်းအမှတ်အဖြစ် ဆရာတော် ဦးရက္ခဝံသသည် ဆူးလေမှ တာမွေမြို့နယ်ရှိ နိုင်ငံရေးအကျဉ်းသားများရုံး အထိ လမ်းလျှောက်ဂုဏ်ပြုခဲ့သည်။<ref>http://www.mp3you.eu/index.php?p=videoclip2&id=I9_37rnrnBI</ref>
 
== ပိတ်ပင်မှုများ ==
Line ၁၆၆ ⟶ ၁၆၇:
စစ်အစိုးရသည် ၂၀၁၀ခုနှစ်အထိ ဆရာတော်ကို ဂါရဝပြုခွင့်မပေးခဲ့ပေ။၂၀၁၁ခုနှစ်တွင်မှ ပန်းခွေချခွင့်၊ဆီမီးပူဇော်ခွင့်ရသည်။့<ref>''[http://www.88generation-ktg.com/2011/09/blog-post_5169.html?m=1]'',
ဦးဥတ္တမ ရုပ်ထုရှေ့ ပြည်သူများ ပန်းခွေချ</ref>
 
== ကိုးကား ==
<references/>
Line ၁၈၁ ⟶ ၁၈၃:
*[http://marrayu.blogspot.com/2014/07/blog-post_31.html?m=1 ဆရာတော်ဦးဥတ္တမနေ့ (၇၅)နှစ်မြောက် စိန်ရတုအထူးထုတ် ဦးဥတ္တမ မော်ကွန်း စာအုပ်ထွက်မည်]
*[http://m.fancy.com/things/448151023383482967/ဆရာ​ေတာ္​ဦးဥတၱမ ဆရာ​တော်​ဦးဥတ္တမ ဓာတ်ပုံ]
*[http://www.maharhero.com/2013/07/blog-post_6538.html?m=1 Sunday, July 21, 2013ဆရာတော် ဦးဥတ္တမ ၏ပြတိုက်ကို မြန်မာနိုင်ငံအတွင်းပထမဆုံးတည်ဆောက်မည်]
*[http://sycbyouth.org/burmese/2013/06/26/ဆရာတော်-ဦးဥတ္တမ-လွတ်လပ်/ ဆရာတော် ဦးဥတ္တမ (လွတ်လပ်ရေးစိတ်ဓါတ် မျိုးစေ့ချခဲ့သူ)]
 
[[Category:ရခိုင် တိုင်းရင်းသားများ]]