ဦးဥတ္တမ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၁၈ -
အရှင်ဥတ္တမသည် ရဟန်းဝတ်နှင့်ပင် ကာလကတ္တားမြို့သို့ သွားပြန်သည်။ ကာလကတ္တားမြို့သို့ ရောက်ချိန်တွင် အိန္ဒိယနိုင်ငံရေးမှာ တစ်မျိုးတစ်ဖုံပြောင်းလဲပြီး အိန္ဒိယခေါင်းဆောင်တို့ လွတ်လပ်ရေးအတွက် ထကြွနိုးကြားခိုက်နှင့် ကြုံကြိုက်နေရာ ဦးဥတ္တမလည်း နိုင်ငံရေးစွန့်စားလိုစိတ်များ ရင်တွင်း၌ တကြွကြွဖြစ်ပေါ်လာလေ၏။ အမျိုးသား စိတ်ဓာတ်လည်း အတောမသတ် ရင့်သန်ခဲ့၏။ ဦးဥတ္တမသည် အိန္ဒိယတွင်ရှိခိုက် အမျိုးသားကောလိပ် တစ်ခုတွင် ပါဠိနှင့် ဗုဒ္ဓဘာသာစာပေဆိုင်ရာ ဧည့်ပါမောက္ခအဖြစ် ဝင်ရောက်ဆောင်ရွက်သည်။ ယင်းသို့ ဆောင်ရွက်ရင်းဖြင့် သင်္ကရိုက်ဘာသာ၊ ဘင်္ဂါလီ၊ နာဂရီ<ref>''[http://ottamashin.blogspot.com/2014/09/blog-post_16.html?m=1]'',ဆရာတော် ဦးဥတ္တမ ထုံးကို နှလုံးမူကြဖို့ လိုသည်</ref>စသော ရှေးဟောင်း ဟိန္ဒူစာပေကျမ်းများကို သင်ကြားပြန်သည်။
 
အိန္ဒိယနိုင်ငံတွင်နေစဉ် ဆရာဦးဥတ္တမအား ဟိန္ဒူမဟာဆပ်ဗာအသင်းကြီး၏ ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)</ref>ထိုအသင်း ကြီး၏ ဥက္ကဋ္ဌအဖြစ် အရွေးခံရဖို့ မလွယ်ပေ။ ဦးဥတ္တမသည် နာမည်ကြီး ဟိန္ဒူခေါင်းဆောင်များဖြစ်သည့် မဒရပ် ပြည်နယ်မှ နာမည်ကျော်ခေါင်းဆောင်ကြီး ပဏ္ဍိတ်မာလဗီးယားနှင့် ယှဉ်ပြိုင်အရွေးခံရာ အနိုင်ရသဖြင့် အိန္ဒိယနိုင်ငံက ဦးဥတ္တမအား သူတို့၏ ခေါင်းဆောင်ကြီးအဖြစ် အသိအမှတ်ပြုထားကြောင်း ထင်ရှားသည်။
 
ဟိန္ဒူမဟာဆပ်ဗာအသင်းကြီးမှာ အိန္ဒိယပြည်၌ ကွန်ဂရက်အသင်းကြီးပြီးလှျင် ဒုတိယအင်အားအကြီးဆုံး အသင်းအဖွဲ့ကြီးဖြစ်သည်။ ကွန်ဂရက်အသင်းကြီးမှာ အိန္ဒိယလူမျိုးပေါင်းစုံ ပါဝင်သည့် နိုင်ငံရေးအသင်းဖြစ်ပြီး ဟိန္ဒူ မဟာဆပ်ဗာအသင်းကြီးမှာမူ ဟိန္ဒူဘာသာကိုးကွယ်ကြသူများသာ ပါဝင်သည့် ဘာသာရေးအသင်းကြီး ဖြစ်သည်။