နပိုလီယန်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎တိုက်ပွဲများ
စာကြောင်း ၇ -
 
== တိုက်ပွဲများ ==
၁၇၉၆ အီတလီကိုသိမ်းပိုက်ရန်ချီတက်သည့် တပ်ကိုအုပ်ချုပ်ရန် အသက် ၂၇အရွယ်နပိုလxxxယန်က၂၇အရွယ်နပိုလီယန်က ဦးဆောင်ရသည်။ ထိုအချိန်မှစကာ နောင်ဥရောပတွင်တိုက်သည့် စစ်ပွဲများကို လက်တွဲတိုက်မည့် စစ်ဗိုလ်ချုပ်များနှင့် စတင်ကာတွဲဖက်မိခြင်းဖြစ်သည်။ အီတလီတိုက်ပွဲများတွင်လည်း စွမ်းစွမ်းတမံ ဦးဆောင်သဖြင့် ပို၍နာမည်ကျော်ကြားလာသည်။
 
အီတလီမှပြန်လာပြီးနောက် ၁၇၉၈တွင် အီဂျစ်ကိုတိုက်ခိုက်ရန် ချီတက်သွားပြန်သည်။ သို့သော် မှန်းချက်နှင့် နှမ်းထွက်မကိုက်ပဲ စစ်နိုင်သော်နိုင်ငြား အကျိုးမရှိသည့်အပြင် များစွာသော စစ်သည်တို့မှာ ပြင်းထန်ဆိုးရွားသော အီဂျစ်၏ရာသီဥတု၊ရောဂါဘယအီဂျစ်၏ရာသီဥတု၊ ရောဂါဘယ နှင့် ရေတပ်တွင် အင်အားကြီး အင်္ဂလိပ်တို့ရန် အစရှိသည်တို့ကြောင့် အကျအဆုံးများခဲ့ရသည်။ အခြေအနေမဟန်သည့် နပိုလီယန်လည်း တစ်ကိုယ်တည်း ကိုယ်လွတ်ရုန်းကာ သင်္ဘောတစ်စင်းတည်းဖြင့် ပြင်သစ်သို့ပြန်လာရသည်။ ပြင်သစ်ရောက်သော် ပါရီလူထုက အီဂျစ်မှ အရှုံးကိုလျစ်လျှူရှုပြီး အီတလီမှအောင်မြင်မှုတို့ကိုသာ တဖွဖွပြောပြီး သူရဲကောင်းသဖွယ် ချီးမြှောက်သဖြင့် နိုင်ငံရေးလောကတွင်ပါ နေရာရလာပြီး ပြင်သစ်တော်လှန်ရေး နှင့် အာဏာသိမ်းပွဲများအပြီးတွင် နိုင်ငံ့ဦးဆောင်ဒါရိုက်တာ တစ်ဦးဖြစ်လာတော့သည်။ မကြာမှီတွင် ပြိုင်ဖက်များကို ဖယ်ရှားပြီး အသက် ၃၀ အရွယ်တွင် ဦးဆောင်ဒါရိုက်တာဖြစ်လာသည်။ [[ပြင်သစ်တော်လှန်ရေး]]တွင် လူထုတောင်းဆိုသော လိုလားချက်များကို အခြေခံဥပဒေ ရေးဆွဲရာတွင် ထည့်သွင်းပေးထားနိုင်သည့် အတွက် နပိုလီယန်ကို အာဏာရှင်ဟု မမြင်နိုင်ပဲ သူရဲကောင်းအဖြစ်သာ ဆက်လက်ကိုးစားခဲ့ကြသည်။ အာဏာရပြီးနောက်တွင် တိုင်းပြည်ကို အရေးပါသည့် ပြုပြင်ပြောင်းလဲမှုများ တရစပ်ဆောင်ရွက်သည်။ဗဟိုဘဏ်နှင့် တက္ကသိုလ် ကိုတည်ထောင်ပေးသည်။ အလွန်ထင်ရှားသည့် ပြောင်းလဲမှုမှာ နပိုလီယန်ဥပဒေ (Code Napoleon) ဖြစ်သည်။ ယနေ့တိုင် ဥရောပနိုင်ငံများတွင် ထိုဥပဒေကို မှီငြမ်းနေစဲဖြစ်သည်။ ပြင်သစ်နယ်နိမိတ်ကို ကျော်ကာ ဥရောပ နိုင်ငံများကို သိမ်းယူသည်။ တိုက်တိုင်းနိုင်သဖြင့် ပြင်သစ်တပ်ကို ယှဉ်နိုင်သူမရှိတော့ပေ။ ထိုကြောင့် နှစ်အနည်းငယ်အတွင်း ဥရောပ မြေပုံတွင် ပြင်သစ်ပိုင်နယ်ကျယ်ပြန့်လာသည်။
 
== ဧကရာဇ် နပိုလီယန် ==