တီဘီရောဂါ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Migrating 118 interwiki links, now provided by Wikidata on d:q12204 (translate me)
အရေးမကြီး merged/ not finished
စာကြောင်း ၁ -
{{under construction}}
{{merge|အဆုတ်နာရောဂါသို့မဟုတ်တီဘီ}}
[[File:Tuberculosis-x-ray-1.jpg|right|thumb|ရင်ဘတ်ဓာတ်မှန်ပုံရိပ်ဖော်ထားပုံ]]
ဆေးမတိုးသည့် တီဘီရောဂါ အသွင်ကွဲများတွင် XDR ရောဂါသည် ဆေးလုံးဝ နီးပါးမတိုးသည့်ရောဂါ ပုံစံတစ်မျိုးဖြစ်သည်။ ပထမဆင့် ဆေးများလုံးဝ မထိရောက် သည့်အပြင်၊ ဒုတိယအဆင့် ဆေးသုံးမျိုးလည်း အရာမထင်သည်ကို တွေ့ရသည်။ ထိုတီဘီအမျိုးအစား စွဲကပ်ခံရသူ အမေရိကန်လူမျိုးတစ်ဦးသည် ၂၀ဝ၉ မေလ ၁၂ ရက်နေ့တွင် အမေရိကန်နိုင်ငံ အက်တလန်တာမှပဲရစ်၊ ပရိပ်၊မွန်ထရီရယ် မှတဆင့်အမေရိကန်သို့ ပြန်ရောက်လာသည်။ ပြည်ထောင်စု အစိုးရ၏ အမိန့်ဖြင့် ပြင်ပဆက်သွယ်မှှုုများ ဖြတ်၍ဆေးရုံ၏ သီးသန့်ခန်းတွင် တစ်ဦးတည်းထားရှိလေသည်။
 
'''တီဘီရောဂါ''' (TB ) (ကျူဘာကယ် ဘက်စီလပ်(ခ) (''tubercle bacillus'') ၏ အတိုကောက်စာလုံး) သည် [[မိုက်ကိုဘက်တီးရီးယမ်း|မိုက်ကိုဘက်တီးရီးယား]] ရောဂါပိုးအမျိုးမျိုးတို့ကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး သာမန်နှင့် ရံဖန်ရံခါ သေစေလောက်သည့် [[ကူးစက်ရောဂါ]]ဖြစ်သည်။ လူတို့တွင် [[မိုက်ကိုဘက်တီးရီးယမ်း ကျူဘာကလို့ဆစ်]] (''Mycobacterium tuberculosis'')ရောဂါပိုးကြောင့် ဖြစ်ရသည်။ အဆုတ်နာရောဂါသည် များသောအားဖြင့် [[အဆုတ်]]ကို ထိခိုက်စေသော်လည်း အခြားသော ကိုယ်အင်္ဂါအစိတ်အပိုင်းများကိုလည်း ထိခိုက်စေနိုင်သည်။ ရောဂါရှိသည်သူ [[ချောင်းဆိုးခြင်း]]၊ နှာချေခြင်း သို့မဟုတ် တံတွေးထွေးခြင်း ပြုလုပ်သည့်အခါ ရောဂါပိုးသည် လေထဲမှတဆင့် ပျံ့လွင့်သွားသည်။<ref name=AP>{{cite journal|author=Konstantinos A |year=2010|title=Testing for tuberculosis |journal=Australian Prescriber |volume= 33 |issue=1 |pages=12–18 |url= http://www.australianprescriber.com/magazine/33/1/12/18/}}</ref> လူတွင်ရောဂါပိုးကူးစက်သည့်အခါ ရောဂါ လက္ခဏာမပြဘဲ ငုပ်နေတတ်ပြီး ၎င်း ရောဂါပိုးငုပ်နေသူ ဆယ်ယောက်တွင် တစ်ယောက်သာ အဆုတ်နာရောဂါ တိုးတက်ဖြစ်ပွားလာသည်။ အကယ်၍ ရောဂါထသည်ကို မကုသဘဲ နေမည်ဆိုပါက ရောဂါဖြစ်သူ ၅၀% ထက်ပို၍ သေစေနိုင်သည်။
 
တီဘီရောဂါ၏ အထင်ကရလက္ခဏာများမှာ နာတာရှည်ချောင်းဆိုးပြီး သလိပ်တွင်သွေးပါခြင်း၊ ဖျားခြင်း၊ ညအချိန်ချွေးထွက်ခြင်းနှင့် ကိုယ်အလေးချိန်ကျခြင်းတို့ဖြစ်သည်။ အခြားသော ကိုယ်ခန္ဓာအစိတ်အပိုင်းများသို့ ရောဂါကူးစက်လျှင် မြောက်များစွာသော ရောဂါလက္ခဏာများဖြစ်ပေါ်လာသည်။ ရောဂါရှာဖွေစစ်ဆေးခြင်းသည် ရေဒီယိုရောင်ခြည်နည်းပညာ (သာမန်အားဖြင့် ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း) အရေပြားအောက်သို့ ကျူဘာကူလင် ထိုး၍စမ်းသပ်ခြင်း၊ သွေးစစ်ဆေးခြင်းများတို့ အပေါ်မူတည်နေသည်။ ထိုနည်းတူစွာ အဏုဇီဝမှန်ဘီလူးဖြင့် စစ်ဆေးခြင်းနှင့် ခန္ဓာကိုယ်မှထွက်သောအရည်များကို ရောဂါပိုးမွေးခြင်း တို့အပေါ်တွင်လည်း မူတည်သည်။ ကုသရာတွင် ခက်ခဲပြီး အချိန်ကြာမြင့်စွာ ပဋိဇီဝဆေးများစွာ တိုက်ကျွေးရန် လိုအပ်သည်။ ရောဂါရှိသူနှင့် ထိတွေ့ထားသူသည် ဆေးစစ်ရန်နှင့် အကယ်၍ လိုအပ်ပါက ကုသမှုခံယူရမည် ဖြစ်သည်။ ပဋိဇီဝဆေးကို ခံနိုင်ရည်ရှိလာသော (ကျယ်ပြန့်စွာ)ဆေးမျိုးစုံ မတိုးသည့် ဆေးယဉ်ပါးတီဘီရောဂါ (multiple drug-resistant tuberculosis; အတိုကောက် '''MDR-TB''')သည် တဖြည်းဖြည်းကြီးထွားလာသည့် ပြဿနာတစ်ခုဖြစ်သည်။ ရောဂါကာကွယ်ခြင်းသည် ကြိုတင်ဆေးစစ်ခြင်းနှင့် ကာကွယ်ဆေးထိုးခြင်းတို့ အပေါ်တွင် မူတည်သည်။ အထူးသဖြင့် အသုံးများသည်မှာ bacillus Calmette-Guérin ဟုခေါ်သော ကာကွယ်ဆေးဖြစ်သည်။
ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံသည် တီဘီရောဂါကူးစက်ခံရသည်ဟု သုံးသပ်ထားပြီး၊<ref name=WHO2012data>{{cite web|url=http://www.who.int/mediacentre/factsheets/fs104/en/index.html|title=Tuberculosis Fact sheet N°104|publisher=[[ကမ္ဘာ့ကျန်းမာရေးအဖွဲ့|World Health Organization]]|date=November 2010|accessdate=26 July 2011}}</ref> တစ်စက္ကန့်တိုင်းတွင် ရောဂါကူးစက်ခံရသူ အသစ်တစ် ယောက်နှုန်း ထွက်ပေါ်နေသည်။<ref name=WHO2002>{{cite web|title=Tuberculosis|url=http://www.who.int/mediacentre/factsheets/who104/en/print.html|work=World Health Organization|year=2002}}</ref> ၂၀၀၇ ခုနှစ်တွင် တစ်ကမ္ဘာလုံးတွင် နာတာရှည်ရောဂါဖြစ်ပွားနေသူ ၁၃.၇ သန်းရှိသည်ဟု ခန့်မှန်းထားပြီး၊<ref name=WHO2009-Epidemiology>{{cite book |title=Global tuberculosis control: epidemiology, strategy, financing |author=World Health Organization |year=2009 |isbn=978-92-4-156380-2 |chapter=Epidemiology|chapterurl=http://who.int/entity/tb/publications/global_report/2009/pdf/chapter1.pdf |pages=6–33}}</ref> ၂၀၁၃ ခုနှစ်တွင် ရောဂါအသစ်ဖြစ်ပွားသူ ၉ သန်းခန့် ရှိသည်ဟု ခန့်မှန်းထားသည်။<ref name=WHO2014/> ၂၀၁၃ ခုနှစ်အတွင်း ရောဂါကြောင့် ၁.၃ သန်းမှ ၁.၅ သန်းခန့် သေဆုံးခဲ့ပြီး၊<ref name=WHO2014>{{cite web|title=Improved data reveals higher global burden of tuberculosis|url=http://www.who.int/mediacentre/news/notes/2014/global-tuberculosis-report/en/|website=who.int|accessdate=23 October 2014|date=22 October 2014}}</ref><ref name=GBD204>{{cite journal|last1=GBD 2013 Mortality and Causes of Death|first1=Collaborators|title=Global, regional, and national age-sex specific all-cause and cause-specific mortality for 240 causes of death, 1990-2013: a systematic analysis for the Global Burden of Disease Study 2013|journal=Lancet|volume=385|issue=9963|pages=117–171|date=17 December 2014|pmid=25530442|doi=10.1016/S0140-6736(14)61682-2|pmc=4340604}}</ref> အများစုမှာ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဖြစ်ကြသည်။<ref name=WHO2011>{{cite web|title=The sixteenth global report on tuberculosis|author=World Health Organization|url=http://www.who.int/tb/publications/global_report/2011/gtbr11_executive_summary.pdf|year=2011}}</ref> ထို့အတူ ဖွံ့ဖြိုးပြီး နိုင်ငံများမှ လူအများတွင် ခုခံအားကျဆင်းစေသည့် ဆေးများသုံးစွဲခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း သို့မဟုတ် [[အေအိုင်ဒီအက်စ်]] တို့ကြောင့် ၎င်းတို့၏ ခုခံအားစနစ်ကျဆင်းလာပြီး တီဘီရောဂါ ရရှိလာသည်။ တီဘီရောဂါ ပြန့်ပွားမှုသည် တစ်ကမ္ဘာလုံးတွင် တစ်ပုံစံတည်းမဟုတ်ပါ။ ကျူဘာကူလင်စစ်ဆေးခြင်းဖြင့် တီဘီရောဂါ စစ်ဆေးရာတွင် [[အာရှတိုက်]]နှင့် [[အာဖရိကတိုက်]]ရှိနိုင်ငံများတွင် ၈၀% ရောဂါရှိပြီး [[အမေရိကန်ပြည်ထောင်စု|အမေရိကန်နိုင်ငံ]]တွင် လူဦးရေ၏ ၅-၁၀% သာ ရောဂါရှိသည်။
 
== ရောဂါသွင်ပြင်နှင့်လက္ခဏာများ ==
တီဘီရောဂါသည် နှာချေခြင်း၊ ချောင်းဆိုးခြင်းဖြင့်ပြန့်ပွားသည်။ ဤရောဂါမျိုးစိတ်သည် အသက်ဆုံးရှုံးနိုင်ခြင်း၊ ခေတ်သစ်ပို့ဆောင်ရေး စနစ်၏လျှင်မြန်ခြင်း တို့ကြောင့် ဆား - ကူးစက်ရောဂါကဲ့သို့ လျှင်မြန်စွာ ပြန့်နှှံ့မည်စိုးရိမ်သဖြင့် ချက်ချင်းအရေးယူ ဆောင်ရွက်ရန်လိုအပ်သည်။ ထို့ကြောင့် အထက်ဖော်ပြပါ နေ့ရက်တွင် အတ္တ္တလန်တိတ် သမုဒ္ဒ္ဓရာဖြတ်ကျော် ပျံသန်းသော လေကြောင်းလိုင်း နှစ်ခုမှဝန်ထမ်းများနှင့် ခရီးသည်များကို ကျန်းမာရေးစစ်ဆေးရန် ညွှန်ကြားခဲ့ရသည်။
[[File:676px-Tuberculosis_symptoms.svg.jpg|thumb|right|တီဘီရောဂါ၏အဓိက လက္ခဏာအမျိုးမျိုးနှင့်အဆင့်များသည် တစ်ခုနှင့်တစ်ခုရောထွေးနေတတ်ပြီးအချို့သည်ပို၍ (အားလုံးမဟုတ်) တိကျသောရောဂါမူကွဲများကိုသတ်မှတ်သည်။ မျိုးစုံသောရောဂါ လက္ခဏာ အမျိုးမျိုးသည် တစ်ပြိုင်နက်တည်းပြသနေသည်။]]
 
တီဘီရောဂါသည် ခန္ဓာကိုယ်၏ မည့်သည့်အစိတ်အပိုင်းတွင်မဆို ကူးစက်ဖြစ်ပွားစေနိုင်သော်လည်း အဆုတ်တွင်ဖြစ်ပွားမှုမှာ အများဆုံးဖြစ်သည် (အဆုတ်တီဘီရောဂါ; pulmonary tuberculosis ဟု ခေါ်ကြသည်)။<ref name=ID10/> အဆုတ်ပြင်ပတီဘီရောဂါသည် အဆုတ်ပြင်ပ အခြားသော အင်္ဂါအစိတ်အပိုင်းများတွင် ဖြစ်ပွားပြီး၊ အဆုတ်ပြင်ပတီဘီသည် အဆုတ်တီဘီရောဂါနှင့် တွဲ၍လည်း ဖြစ်ပွားတတ်သည်။<ref name=ID10/>
 
အထွေထွေရောဂါလက္ခဏာများတွင် ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ညဘက်ချွေးထွက်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ဖြူဖတ်ဖြူရော်ဖြစ်နေခြင်းနှင့် ရံဖန်ရံခါ အလွယ်တကူ ပင်ပန်းနွမ်းနယ်ခြင်း တို့ပါဝင်သည်။<ref name=Pet2005/>
“ရောဂါထိန်းချုပ် တားမြစ်ရေးဗဟိုဌာန”(CDC)သည် ဒေသကျန်းမာရေး ဌာနများ၊ လေကြောင်းလိုင်းများ၊ နိုင်ငံတကာ ကျန်းမာရေးဌာနများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိသည်။ အမေရိကန်နိုင်ငံတွင် တီဘီရောဂါဖြစ်ပွားမှုနှုန်း အနိမ့်ဆုံးသို့ ရောက်ရှိနေသည်။ ယခင်နှစ်က တီဘီရောဂါရှင် ၁၃၇၆၇ ဦးသာရှိသည်။ မနှစ်က XDR-တီဘီရောဂါသည် နှစ်ဦးသာတွေ့ရှိခဲ့သည်။ တစ်ကမ္ဘာလုံးတွင် နှစ်စဉ် လူ ၁.၆ သန်းခန့် ဤရောဂါဖြင့်သေဆုံးလျှက်ရှိကြသည်။<ref>http://him.civiblog.org/blog/_archives/2009/5/12/4182917.html</ref>
 
=== အဆုတ်တီဘီ ===
တီဘီရောဂါစတင်ဖြစ်ပွားပါက အဆုတ်တွင်ပါဖြစ်ပွားမှုမှာ ၉၀% ခန့်ရှိသည်။<ref name=Lancet11/><ref>{{cite book|last=Behera|first=D.|title=Textbook of pulmonary medicine|year=2010|publisher=Jaypee Brothers Medical Pub.|location=New Delhi|isbn=978-81-8448-749-7|pages=457|url=http://books.google.ca/books?id=0TbJjd9eTp0C&pg=PA457|edition=2nd}}</ref> ရောဂါလက္ခဏာများတွင် ရင်ဘတ်နာခြင်းနှင့် ရက်ရှည်ချောင်းဆိုးပြီး သလိပ်ထွက်ခြင်းတို့ ပါဝင်သည်။ ၂၅% ခန့်မှာ ရောဂါလက္ခဏာမပြတတ်ပေ။<ref name=Lancet11/> ရံဖန်ရံခါ ချောင်းဆိုးသွေးပါခြင်းများ ဖြစ်တတ်ပြီး၊ ရှားပါးဖြစ်စဉ်အချို့တွင် အဆုတ်သွေးလွှတ်ကြောကို ကူးစက်ထိပါးစေကာ အပြင်းအထန်သွေးယိုစီးခြင်းကို ဖြစ်ပေါ်စေသည်။<ref name=ID10/><ref>{{cite journal|last1=Halezeroğlu|first1=S|last2=Okur|first2=E|title=Thoracic surgery for haemoptysis in the context of tuberculosis: what is the best management approach?|journal=Journal of thoracic disease|date=March 2014|volume=6|issue=3|pages=182–5|pmid=24624281|doi=10.3978/j.issn.2072-1439.2013.12.25}}</ref> တီဘီရောဂါသည် နာတာရှည်ရောဂါတစ်ခုဖြစ်လာကာ အဆုတ်၏ အပေါ်ခြမ်းတွင် ဒဏ်ရာဒဏ်ချက်ကြီးကြီးမားမားရစေနိုင်သည်။ အဆုတ်အပေါ်ဖက်ပိုင်းသည် အောက်ပိုင်းထက် တီဘီရောဂါကြောင့် ပိုထိခိုက်စေပြီး <ref name=ID10/> အကြောင်းရင်းကို တိတိကျကျမသိရသေးပေ။<ref name="Robbins" />
 
=== အဆုတ်ပြင်ပတီဘီ ===
ရောဂါဖြစ်ပွားမှု၏ ၁၅-၂၀% ခန့်တွင် ရောဂါသည် အဆုတ်ပြင်ပသို့ ကူးစက်ပြန့်ပွားကာ အခြားသော တီဘီရောဂါများကို ဖြစ်ပွားစေသည်။<ref>{{cite book|last=Jindal|first=editor-in-chief SK|title=Textbook of pulmonary and critical care medicine|publisher=Jaypee Brothers Medical Publishers|location=New Delhi|isbn=978-93-5025-073-0|pages=549|url=http://books.google.ca/books?id=EvGTw3wn-zEC&pg=PA549|year=2011}}</ref> ယင်းတို့ကို "အဆုတ်ပြင်ပတီဘီရောဂါ" ဟု တစ်ပေါင်းတည်းခေါ်လေ့ရှိသည်။<ref name=Extra2005>{{cite journal|pmid=16300038|year=2005|author=Golden MP, Vikram HR|title=Extrapulmonary tuberculosis: an overview|volume=72|issue=9|pages=1761–8|journal=American Family Physician }}</ref> ထိုတီဘီရောဂါမျိုးသည် ခုခံအားကျဆင်းနေသည့် လူများနှင့် ကလေးငယ်များတွင် ဖြစ်ပွားလေ့ရှိသည်။ [[အိတ်ချ်အိုင်ဗွီ ရောဂါပိုး]]ရှိနေသူများ၏ ၅၀% ကျော်တွင် ဤရောဂါဖြစ်ပွားလေ့ရှိသည်။<ref name=Extra2005/> အဆုတ်ပြင်ပတီဘီရောဂါ ဖြစ်ပွားတတ်သည့် နေရာများမှာ [[အဆုတ်အမြှေးပါး]]၊ [[ဗဟိုအာရုံကြောစနစ်]]တွင် ဖြစ်ပွားသော ဦးနှောက်အမြှေးရောင် တီဘီရောဂါ၊ ပြန်ရည်ကြောစနစ်တွင်ဖြစ်ပွားသော လည်ပင်းအကျိတ်၊ ဆီးနှင့် [[လိင်]]အင်္ဂါလမ်းကြောင်း တို့တွင် ဖြစ်ပွားသော တီဘီရောဂါ နှင့် အရိုးနှင့်အဆစ်များတွင် ဖြစ်ပွားသော တီဘီရောဂါ တို့ ဖြစ်သည်။ အရိုးများသို့ ကူးစက်ဖြစ်ပွားပါက "osseous tuberculosis" ဟု ခေါ်ဆိုသည်။<ref>{{cite book|last=Kabra|first=[edited by] Vimlesh Seth, S.K.|title=Essentials of tuberculosis in children|year=2006|publisher=Jaypee Bros. Medical Publishers|location=New Delhi|isbn=978-81-8061-709-6|pages=249|url=http://books.google.ca/books?id=HkH0YbyBHDQC&pg=PA249|edition=3rd}}</ref><ref name="Robbins" /> တစ်ခါတစ်ရံတွင် အရေပြားတွင်လည်း တီဘီအနာများအနေဖြင့်လည်း ဖြစ်တတ်သည်။<ref>{{cite book|title=Manual of Surgery|year=2008|publisher=Kaplan Publishing|isbn=9781427797995|pages=75}}</ref> အထူးပြင်းထန်သည့် ပုံစံတစ်ခုမှာ ပြန့်ပွားမှုမြန်ဆန်သည့် တီဘီဖြစ်ပြီး "disseminated TB" ဟု သာမန်အားဖြင့် ခေါ်ဆိုသည်။ miliary tuberculosis ဟူ၍လည်းခေါ်သည်။<ref name=ID10/>
 
== ရောဂါကူးစက်ပြန့်ပွားပုံ ==
 
[[File:Mycobacterium_tuberculosis.jpg|thumb|right|တီဘီရောဂါပိုးအား အီလက်ထရွန် အဏုဇီဝပုံရိပ်ဖော်ထားပုံ]]
 
[[File:800px-Mycobacterium_phylogenetic_tree.jpg|thumb|right|]]
တီဘီရောဂါဖြစ်နေသူ ချောင်းဆိုးသည့်အခါ နှာချေသည့်အခါ၊ စကားဟြေသည့်အခါ သို့မဟုတ် တံတွေးထွေးသည့်အခါ 0.5 မှ 5 µm မိုက်ကရွန်အထိရှိသည့် ရောဂါကူးစက်နိုင်သည့် ပိုးမွှားလေးပေါင်း မြောက် များစွာကို လေထဲသို့ လွှင့်ထုတ်လိုက်သည်။ တစ်ကြိမ်နှာချေလျှင် ပိုးမွှားလေးပေါင်း 40,000 အထိ ထုတ် လွှင့်ပေးသည်။ ယင်းပိုးမွှားလေးများထဲမှ တစ်ခုသည်ပင်လျှင် ရောဂါဖြစ်ပွားစေနိုင်သည်။ ရောဂါကူးစက် နိုင်သည့် အချိန်အဆသည် အလွန်သေးငယ်ပြီး ဘက်တီးရီးကောင်ရေဆယ်ကောင်ထက် နည်းလျှင်ပင် ၊ ရော ဂါကူးစက်ဖြစ်ပွားနိုင်သည်။ရောဂါဖြစ်သူနှင့် ကြာရှည်စွာထိတွေ့သူ ၊ မကြာခဏထိတွေ့သူနှင့် လက် ပွန်းတတီးထိတွေ့သူများသည် ရောဂါကူးစက်ခံရမှုမြင့်မားတတ်ပြီး ခန့်မှန်းခြေအားဖြင့် ရောဂါကူးစက်မှုနှုန်း သည် 22% ရှိသည်။ ရောဂါဖြစ်နေပြီးဆေးမကုသူတစ်ဦးသည် တစ်နှစ်လျှင်10–15ယောက်အထိ အခြားသူများအားရောဂါကူးစက်စေနိုင်သည်။ အခြားကူးစက်ခံရမှုမြင့်မားသည့်လူများတွင် တီဘီရောဂါရှိသည့်နေရာပတ်ဝန်းကျင်တွင် နေထိုင်သူများ၊ မသန့်ရှင်းသော ဆေးထိုးအပ်သုံးစွဲသူများ ၊ လူစုလူဝေးများသည့်နေရာများတွင် နေထိုင်သူများနှင့် အလုပ်လုပ်သူများ ၊ ကျန်းမာရေးစောင့်ရှောက်ခံရမှု နည်းသူများ ၊ ဝင်ငွေနိမ့်ကျသူများ ၊ မျိုးနွယ်စု သို့မဟုတ်လူမျိုးစုလူနည်းစုတွင် အန္တရာယ်ရှိသူများ၊ ရောဂါအန္တရာယ်ရှိ လူကြီးများနှင့် ရောနှောနေတတ်သည့်ကလေးသူငယ်များ [[HIV/AIDS]] ကဲသို့ ခုခံအားကျဆင်းနေသည့် လူနာများ ၊ ခုခံအားကျဆင်းစေသည့် ဆေးဝါးသုံးစွဲသူများ နှင့် ရောဂါရှိလူနာများအားစောင့်ရှောက်ကုသပေးရသည့် ကျန်းမာရေးလုပ်သားများ ပါဝင်သည်။
 
ကူးစက်ခံရမှုသည် ရောဂါရရှိနေသူ (ရောဂါငုပ်လျှိုးနေသူမဟုတ်)ထံမှ ဖြစ်ပွားနိုင်သည်။တစ် ယောက်မှ အခြားတစ်ယောက် ရောဂါကူးစက်ပြန့်ပွားမှု ဖြစ်နိုင်စွမ်းမှာ ရောဂါဖြစ်ပွားနေသူမှ ပိုးမွှားပေါင်း မည်မျှလေထဲသို့ လွှင့်ထုတ်ပေးနိုင်သည်၊ လေဝင်လေထွက်ကောင်းသည် မကောင်းသည် ၊မည်မျှကြာအောင် ရောဂါပိုးမွှားနှင့် ထိတွေ့နေရသည်နှင့် တီဘီရောဂါပိုး၏ ပြင်းအားတို့အပေါ်တွင် မူတည်ပါသည်။ထို့ ကြောင့် ရောဂါဖြစ်သူလူနာအား သီးခြားခွဲခြားထားခြင်းနှင့် ထိရောက်သည့် တီဘီကုသဆေးများ တိုက်ကျွေး ခြင်းတို့ဖြင့် ရောဂါကူးစက်ပြန့်ပွားမှု ကွင်းဆက်ကိုဖြတ်တောက်နိုင်ပါသည်။ ဆေးမယဉ်ပါးသေးသည့် တီဘီ ရောဂါရှိသူအား နှစ်ပတ်ကြာဆေးကုသပြီးပါက ထိုရောဂါရှိသူသည် လေထဲမှကူးစက်နိုင်သည့်အဆင့်မှ ကိုင် တွယ်ထိတွေ့မှ ရောဂါကူးစက်နိုင်သည့်အဆင့်သို့ လျော့ကျသွားသည်။ အကယ်၍ တစ်ဦးတစ်ယောက်သို့ရော ဂါ ကူးစက်ဖြစ်ပွားလာပါက အနည်းဆုံး 21 ရက် သို့မဟုတ် သုံးပတ်မှလေးပတ်အထိ မတိုင်ခင် ထို သူမှအခြားသူများသို့ ကူးစက်နိုင်ပါသည်။နွားများတွင် မိုင်ကိုဘက် တီးရီးယားဘိုးဗစ်ရောဂါပိုးကြောင့် တီဘီရောဂါဖြစ်သည့် နွားသား/အမဲသားများကို စားမိပါက တီဘီရောဂါ ရရှိနိုင်စေပါသည်။
 
 
== ကိုးကား ==
<references/>
 
== ပြင်ပလင့်ခ်များ ==
* [http://www.future-science.com/toc/fmc/2/8 Special Issue of Future Medicinal Chemistry on TB drug development]
* [http://www.who.int/tb/en/ Tuberculosis]
 
[[Category:ရောဂါ]]