မြိတ်မြို့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ကိုးကား
No edit summary
စာကြောင်း ၅၂ -
== တည်ရခြင်းအကြောင်း ==
 
အေဒီ ၁၅၃၁ ၌ ဆင်တစ်သန်းရှင် (ယခု - လာအိုနိုင်ငံ၏ မြို့တော် ဗီယက်ချန်း) ၏ သားတော် ဗြိရာမသွန်တိဿ မင်းသားက တနင်္သာရီမြို့ကို သိမ်း၍ နှစ် ၂၀၀ ကြာသော် သန်းထုပ် (သန္တုတ်) မြို့ဆိပ်ကမ်းမှာ ရေတိမ်လာ၍ အေဒီ ၁၇၃၁ တွင် ခယ်တောင်ခြေ ( ယခု သိမ်တော်ကြီး တောင်ခြေ)သို့ ပြောင်းရွေ့ပြီး မာရိတ်မြို့ကို တည်ခဲ့သည်။ ရှေးကတည်းက ခယ်တောင်ခြေရင်း၌ တံငါလုပ်ကိုင် နေထိုင် ကြသော အိမ်ခြေ ၂၀ ခန့်သာ ရှိခဲ့သည်။ တနင်္သာရီမြို့ကြီးကား ဆိပ်ကမ်းကင်းမြို့သာ ဖြစ်လာခဲ့ပြီး မြိတ်မြို့တွင် သင်္ဘောဆိပ်မြို့တည်ရန် ဒေသအသီးသီးမှ လူများခေါ်၍ နေရာချထားခဲ့ကာ မြစ်မရပ်၊ မြစ်ငယ်ရပ်၊ ထားဝယ်စု၊ တလိုင်းစု၊ ဈေးတန်း၊ ဈေးခေါင်း၊ ကန်ဖျား၊ ကန်ခေါင်း၊ ကန်ကြီး၊ အလယ်ကျွန်း၊ နောက်လယ်၊ သံဖို(သန်းဖို)၊ လှည်းထိန်စု၊ ဆိပ်ငယ်၊ စတိန်ရပ်(ဆိပ်ငယ်) စသည်ဖြင့် အစွဲပြု ဖြစ်လာခဲ့ ကြသည်။ မြိတ်ဒေသမှာ မြန်မာဘုရင်နှင့် ယိုးဒယား ဘုရင်တို့၏ အကြိမ်ကြိမ် အုပ်ချုပ်ခြင်းကို ခံခဲ့ရသည်။ တပင်ရွှေထီး၊ ဘုရင့်နောင်မင်းတို့က ပြန်သိမ်းယူ ရသည်။ အေဒီ ၁၇၅၉ တွင် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ ပြန်သိမ်းမှ မြန်မာနိုင်ငံအတွင်း ရောက်ရှိခဲ့သည်။ --[[User:Mayor mt|Mayor mt]] 08:39, 17 မတ် 2009 (UTC)
 
== မြန်မာမင်းတည်သည့် မြိတ်မြို့ ==
စာကြောင်း ၆၅ -
 
ဤသို့ဆိုလျှင် တံငါအိမ်ခြေကလေး (၂၀)မှ စတင်ခဲ့သော မြင်းချည်တိုင် ရွာကလေးမှာ အခက်အခဲ ပေါင်းစုံ ကျော်လွှားခဲ့ပြီး ဒုန်းစိုင်းလာခဲ့ရာ ၂၀၀၀ ပြည်နှစ် ဝန်းကျင်၌ ကမ်းရိုးတန်းတိုင်း မြို့တော်အဖြစ် သတ်မှတ် ခံခဲ့ ရသလို အေဒီ ၁၇၃၁ တွင် ခယ်တောင်ခြေ (ချည်တောင်၌ တည်ရှိသော မာရိတ်မြို့မှာ မာရိတ်- မြိတ်-မားဂွီး-မြိတ်အရှေ့- ကမ်းရိုးတန်းတိုင်း မြို့တော် စသည်ဖြင့် သက်တမ်းရေတွက်သော် ၂၇၆ နှစ် တိုင်ပေပြီ ။
--ရဲရင့်နီ 10:09, 26 မေ 2009 (UTC)