ဗထူး၊ ဗိုလ်မှူးကြီး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ဗထူးတပ်မြို့
အရေးမကြီး remove signature in article
စာကြောင်း ၅၆ -
မန္တလေးမြို့ကို မဟာမိတ်တို့ ပြန်လည် သိမ်းပိုက်ပြီးသည့်နောက် ဗိုလ်မှူးကြီး ဗထူးသည် ကျောက်ဆည်မှ တဆင့် ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့သို့ ရောက်ခဲ့သည်။ ထိုအချိန်သည် မိုးဥတုလည်း ဖြစ်၍ ရာသီဥတုမှာလည်း ကြမ်းလှသဖြင့် ခရီးပန်း၊ လူပန်း ဖြစ်ခဲ့ရသော ဗိုလ်မှူးကြီး ဗထူးနှင့်တကွ ရဲဘော်တို့သည် ကျန်းမာရေး ချို့တဲ့၍ ဖျားနာခြင်းများ ဖြစ်ကုန်၏။ ဗိုလ်မှူးကြီး ဗထူးသည်လည်း အင်းတော်၊ ကလေးဝ စစ်ကြောင်း၌ တိုက်ပွဲဝင်ရင်း စွဲကပ်ခဲ့သော [[ငှက်ဖျားရောဂါ]] ပြန်ပေါ် လာတော့သည်။ ရှိသမျှ ဆေးဝါးတို့ဖြင့် အစွမ်းကုန် ကုစား ငြားသော်လည်း နာလန် မထူတော့ဘဲ ဗိုလ်မှူးကြီး ဗထူးသည် ၁၉၄၅ ခု၊ ဇွန်လ ၂ ရက်နေ့ ညဉ့် ၈ နာရီ ၁ဝ မိနစ် ရှမ်းပြည်တောင်ပိုင်း [[အောင်ပန်းမြို့နယ်]]၊[[မြင်းကြာဒိုးရွာ]]အနီး ‘တယ်လူးစခန်း’ ၌ အသက်(၂၉)နှစ်အရွယ် ကွယ်လွန် အနိစ္စ ရောက်သွားလေသည်။ တယ်လူစခန်းမှာ အောင်ပန်းမြို့နယ် မြင်းကြာဒိုး ရွာအနီး အိမ်ခြေ ၇ အိမ်ခန့်သာ ရှိသော ရွာသိမ် ရွာငယ်ကလေးသာ ဖြစ်ပေသည်။ တောကြို အုံကြား စစ်မျက်နှာတို့၌သာ အချိန် ကုန်ခဲ့ရသော ဗိုလ်မှူးကြီး ဗထူးသည် ကွယ်ချိန်အထိ သူ့အား ဗိုလ်မှူးကြီး အဆင့်သို့ တိုးမြှင့် ဂုဏ်ပြုသော [[ဗိုလ်ချုပ်အောင်ဆန်း]] ၏ အမိန့်စာကို မဖတ်လိုက်ရချေ။ ဗိုလ်မှူးကြီး ဗထူးကား ဗမာ့လွတ်လပ်ရေး တပ်မတော်တွင်း ဝင်ရောက်သည့်နေ့မှ စ၍ ဇနီး၊ သားသမီးများထံသို့ တစ်ခါတစ်ခေါက် သွားရောက် ကြည့်ရူရန်ပင် အချိန် မရလောက်အောင် တိုင်းပြည်နှင့် လူမျိုးအတွက် တာဝန်များကို ဆောင်ရွက်ခဲ့သော အာဇာနည် ပုဂ္ဂိုလ်ကြီး တစ်ဦးပင် ဖြစ်လေသည်။
 
* အမှန်တကယ် ဗိုလ်မှူးကြီး ဗထူးသည် ငှက်ဖျားရောဂါနှင့် သေဆုံးခြင်း မဟုတ်ပဲ၊ ငယ်ပါကို ဗုံးဆံမှန်၍ သေဆုံးခြင်းဖြစ်ကြောင်း မြင်းကြာဒိုးရွာရှိ ရှေးလူကြီးများ ပြောပြချက်အရ သိရသည်။ မြင်းကြာဒိုးရွာသည်လည်း အောင်ပန်းမြို့နယ်အတွင်းတည်ရှိခြင်း မဟုတ်ပဲ ရွာငံမြို့နယ်အတွင်းတွင် တည်ရှိပေသည်။ [[User:Mayor mt|Mayor mt]] ([[User talk:Mayor mt|talk]]) ၀၅:၁၈၊ ၆ စက်​တင်​ဘာ​ ၂၀၁၄ (UTC)
 
==[[ဗထူးတပ်မြို့]]==