ကျော်ရင်၊ ဦး (မီးပုံးပျံ): တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး must not use another wp as reference en:WP:GOODREFS
စာကြောင်း ၂၆ -
'''မီးပုံးပျံ ဦးကျော်ရင်'''သည် မြန်မာနိုင်ငံ၏ ပထမဆုံး လေသူရဲ ဖြစ်ပေသည်။ တချိန်က မြန်မာတစ်ပြည်လုံးတွင် ဟိုးလေးတကျော် ထင်ရှားခဲ့၍ တစ်ဦးတည်း ပေါ်ထွန်းခဲ့ဘူးသော သူတစ်ဦး ဖြစ်ပေသည်။ မြန်မာစာမျှသာ တတ်သော ပုံဆွဲဆရာဘဝမှ နေ၍ [[မီးပုံးပျံ]]ကို ကြံစည်ပြုလုပ်ပြီးလျှင် [[၁၉၂၉]]-ခုနှစ်မှ [[၁၉၃၉]]-ခုနှစ်အထိ (အသက် ၅၆နှစ်မှ ၆၆နှစ်အထိ) ၁၀-နှစ်အတွင်း မီးပုံးပျံ ၅-လုံးဖြင့် အကြိမ်ပေါင်း ၅၅-ကြိမ်မျှ မြန်မာပြည် အနှံ့အပြား လှည့်လည်စီးပြခဲ့လေသည်။
== ငယ်ဘဝ ==
ဦးကျော်ရင်ကို ၁၅ ဇန်နဝါရီ ၁၈၇၃ <ref>http://en.wikipedia.org/wiki/Kyaw_Yin</ref> တွင် ထားဝယ်ခရိုင် လောင်းလုံမြို့နယ် ပန်းတလဲရွာ၌ ဖွားမြင်ခဲ့သည်။ မိဘများမှာ လယ်သမားကြီး ဦးရွှေဘွားနှင့် ဒေါ်မင်းရယ်တို့ ဖြစ်ကြသည်။ မွေးချင်း ခုနစ်ဦးအနက် ပဉ္စမမြောက် ဖြစ်၏။ ငယ်စဉ်က အောက်ရေဖြူကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပညာ ဆည်းပူးခဲ့ပြီး အစိုးရစစ် လေးတန်း ဝင်ရောက် ဖြေဆို အောင်မြင်ခဲ့သည်။ ဉာဏ်ပညာ ထက်မြက်သော မောင်ကျော်ရင်ကို နယ်လှည့် ပညာဝန် ဦးထွန်းအုန်းက တွေ့ရှိသွားရာမှာ ပညာ ဆက်လက် သင်ယူနိုင်ရန် ဆရာတော်နှင့် မိဘများကို ခွင့်ပန်လျက် ခေါ်ဆောင် သွား၏။ မောင်ကျော်ရင်သည် သတ္တမတန်းကို ပျဉ်းမနားမြို့မှ အောင်မြင်ခဲ့ပြီး အလယ်တန်း ဆရာအဖြစ် အမှုထမ်းခဲ့သည်။ ထိုစဉ်အတွင်း အင်္ဂလိပ်စာကို ကြိုးစား လေ့လာကာ ဝါသနာ ပါသော ပုံဆွဲဆရာ ရာထူးအတွက် စာမေးပွဲ ဝင်ရောက် ဖြေဆို အောင်မြင်ခဲ့သည်။ ဤသို့ဖြင့် ဦးကျော်ရင်သည် ထားဝယ် အထက (၁) ၌ ပုံဆွဲဆရာ ဖြစ်လာခဲ့သည်။
 
အသက် ၃၁ နှစ် အရွယ်တွင် ဦးကျော်ရင်၊ ဒေါ်မမနှင့် အိမ်ထောင်ကျကာ ထားဝယ်မြို့၌ အခြေစိုက် နေထိုင် ခဲ့သည်။ ထိုစဉ်က သတင်းစာများတွင် နိုင်ငံခြား လေယာဉ် ပျက်ကျမှု သတင်းများ မကြာခဏ ပါရှိရာ ဦးကျော်ရင်က စက်ပျက်၍ လေယာဉ် ထိုးကျသည့်တိုင် အကျကောင်း၍ အသေအပျောက် နည်းမည့် နည်းလမ်းများကို ကြံဆခဲ့သည်။ ထို့နောက် လေယာဉ် ပုံစံငယ်များ ထုတ်လုပ် စမ်းသပ်ကြည့်၏။ ဤသတင်း သူရိယ သတင်းစာ၌ ပါလာပြီးနောက် မြန်မာပြည် ဘုရင်ခံရုံးမှ တဆင့် အင်္ဂလန် လေကြောင်း ကုမ္ပဏီ တခုက လေယာဉ်ပုံစံ ရေးဆွဲ ပေးရန် ဆက်သွယ် လာခဲ့သည်။