ဂျက်ကီချန်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Migrating 1 interwiki links, now provided by Wikidata on d:q36970 (translate me)
အရေးမကြီး must not use another wp as reference en:WP:GOODREFS
စာကြောင်း ၉၀ -
၂၀၀၇ နိုဝင်ဘာလ တွင် Chan (ချန်း)သည် Shinjuku Incident (ရှင်ဂျုကု ဖြစ်ရပ်) ကို ဒါရိုက်တာ Derek Yee (ဒီရိခ် ရီ) နှင့်စတင်ရိုက်ကူးခဲ့ပြီး ထိုဇာတ်လမ်းတွင် Chan(ချန်း)သည် ဂျပန်သို့ ဝင်ရောက်လာသော တရုတ် ရွှေ့ပြောင်းသူတစ်ဦးအဖြစ် သရုပ်ဆောင်ရသည်။ ထိုရုပ်ရှင်ကို ၂၀၀၉ ဧပြီလ ၂ ရက်တွင် ဖြန့်ချိခဲ့သည်။ သူ၏ blog (ဘလော့ဂ်) အရ၊ Shinjuku Incident (ရှင်ဂျုကု ဖြစ်ရပ်) ပြီးစီးပြီးနောက်တွင် Chan (ချန်း) သည် ယခင်က မရိုက်ကူးခဲ့ဖူးသေးသည့် အကြောင်းအရာများကို ရိုက်ကူးရန် ဆန္ဒရှိသည်ဟု သိရသည်။ ထိုရုပ်ရှင်သည် Armour of God (ဘုရားသခင်၏ ချပ်ဝတ်တန်ဆာ) အတွဲတွင် တတိယမြောက် ဖြစ်လာမည်ဟုမျှော်လင့်ရပြီး ဇာတ်ကားအမည်မှာ Armour of God III (ဘုရားသခင်၏ ချပ်ဝတ်တန်ဆာ III)- တရုတ်ဆယ့်နှစ်ရာသီခွင်စက်ဝိုင်း ဟုခေါ်သည်။ Chan (ချန်း)သည် မူလက ၂၀၀၈ ဧပြီလ ၁ ရက်တွင် စရိုက်မည်ဟု ကြေငြာခဲ့သော်လည်း ထိုရက်စွဲသည် ကျော်လွန်ခဲ့ပြီးဖြစ်သည်။ ၂၀၀၇ - ၂၀၀၈ ခုနှစ် ဟောလိဝုဒ်တွင် ဖြစ်ပွားခဲ့သည့် ဇာတ်ညွှန်းရေးဆရာများ သပိတ်မှောက်ပွဲတွင် သရုပ်ဆောင်များ ပါဝင်ခဲ့ခြင်း မရှိသောကြောင့် Chan (ချန်း)သည် သူ၏ နောက်ဟောလိဝုဒ်ဇာတ်ကား The Spy Next Door (ဘေးအိမ်က သူလျှို) ကို အောက်တိုဘာလအကုန်တွင် New Mexico (နယူး မက္ကဆီကို) ၌စတင်ရိုက်ကူးခဲ့ပြီး Armour of God III (ဘုရားသခင်၏ ချပ်ဝတ်တန်ဆာ III)- တရုတ်ဆယ့်နှစ်ရာသီခွင်စက်ဝိုင်း၏ အခြေနေကို မပြီးပြတ်သေးဘဲ ထားရှိသည်။
 
The Spy Next Door (ဘေးအိမ်က သူလျှို) တွင် Chan (ချန်း) သည် ပုန်းလျှိုးကွယ်လျှိုးအေးဂျင့်အဖြစ် သရုပ်ဆောင်ရပြီး သူသည် သူ့ချစ်သူ၏ကလေးများကို စောင့်ရှောက်ရသောအခါ သူ၏လျှို့ဝျက်ချက်သည် ဖော်ထုတ်ခြင်းခံရသည်။ Chan (ချန်း) သည် Warring States Period (တရုတ်ပြည် စစ်ပြိုင်ခေတ်) ကို အခြေခံသော Little Big Soldier (တပ်သားကြီး ဗိုလ်မှူးငယ်) ဇာတ်ကားတွင် သိုင်းပညာ အခြေခံမရှိသည့် အဆိုတော် မင်းသား Leehom Wang (လိဟုန် ဝမ်) နှင့်အတူ သရုပ်ဆောင်ခဲ့သည်။ 2009 ဇွန်လ 22 ရက်တွင် Chan (ချန်း)သည် The Karate Kid (ကာရာတေး ကောင်လေး) ကို စတင်ရိုက် ကူးရန် Los Angeles (လော့(စ်) အိန်ဂျယ်လိစ်) သို့ ထွက်ခွါခဲ့သည်။ ၂၀၁၀ ဇွန်လ ၁၁ ရက်နေ့တွင် ဖြန့်ချိသည့် ထိုရုပ်ရှင်သည် Beijing (ပေကျင်း) တွင်ရိုက်ကူးခဲ့သော မူရင်းရုပ်ရှင်ကို ပြန်လည်ဆန်းသစ်ခြင်းတစ်ခုဖြစ်သည်။<ref>http://en.wikipedia.org/wiki/Jackie_Chan</ref>
 
== ကိုးကား ==