ဘာသာတရား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး must not use another wp as reference en:WP:GOODREFS
စာကြောင်း ၁၂ -
ဒေါက်တာရာဓ ခရစ်ရှနန် (Dr.Radhakrishnan) ကဲ့သို့ ခေတ်သစ်အိန္ဒိယ အတွေးအခေါ်ရှင်များက `ဘာသာတရားဟူသည် လိုက်နာကျင့်သုံးမှုဆိုင်ရာ ကျမ်းစာအစုအဝေးကို ခေါ်ဆိုခြင်းမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ အတွေ့အကြုံတစ်ရပ်သာဖြစ်သည်´ဟု ဖွင့်ဆို တင်ပြကြ၏။ သူတို့ဆိုလိုသော ဘာသာရေးအတွေ့အကြုံဟူသည်လည်း `လူနှင့်နတ်ဝိညာဉ်တို့၏ ပူးကပ်တည်ရှိမှု´အား သိမြင် နားလည်မှုအပေါ် အခြေခံသည်ဟု ဆို၏။ စာရေးဆရာကြီး အိပ်ချ် ဂျီဝဲလ် (H. G. Wells) ကလည်း `ဘာသာတရားဟူသည် ကျွန်ုပ်တို့၏ စာရိတ္တကျင့်ဝတ်ကို အဆုံးအဖြတ်ပေးသော ပညာရေးဗဟိုချက်မဖြစ်သည်ဟု ဆို၏။ ဂျာမန်ဒဿနပညာရှင် ကန့် (Kant) ၏ အဆိုအရ `ဘာသာတရားဟူသည် သွေဖည်၍မရသော၊ မမှိတ်မသုန် လက်ခံကျင့်သုံးရမည်ဖြစ်သော ဥပဒေတရားများကဲ့သို့ ကျွန်ုပ်တို့၏ ကိုယ်ကျင့်တရားဆိုင်ရာ စည်းမျဉ်းများကို နာလည်လက်ခံမှုတစ်ရပ်ဖြစ်သည်´ဟူလို။
 
ဗုဒ္ဓဂေါတမ၏ ဘာသာတရားကို ဘဝနေထိုင်မှုလမ်းစဉ်တစ်ရပ်အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ `မကောင်းမှုဟူသမျှကို ရှောင်ကျဉ်ခြင်း၊ ကုသိုလ်ကောင်းမှုများကို ပွားများအောင် အားထုတ်ပြီး ဘဝကို ပျိုးထောင်မြှင့်တင်ခြင်း နှင့် ကိလေသာ အညစ်အကြေးမှ ကင်းဝေးစေလျက် မြင့်မြတ်ဖြူစင်စေသော စိတ်နှလုံးကို အစဉ်ထိန်းသိမ်းခြင်း´ (ဓမ္မပဒ၊ ၁၈၃) ဟူ၍ဖြစ်သည်။ ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာသည် လူဦးရေ သန်းပေါင်း ၁၉၂၁ ၉၈၉ ၆၄၁ ခန့်အထိ ကိုးကွယ်ယုံကြည်သော ဒုတိယ အကြီးဆုံး ဘာသာတရားနှင့်အယူဝါဒဖြစ်သည်။ တရုတ်ပြည် သည် မဟာယာန ဗုဒ္ဓဘာသာလူဦးရေ အများဆုံး နိုင်ငံလည်းဖြစ်သည်။ တရုတ်ပြည်တွင် လူဦးရေ သန်းပေါင်း ၁၂၁၉ ၁၄၉ ၆၀၀ <ref>http://www.justchina.org/china/china-beliefs.asp</ref> <ref>http://en.wikipedia.org/wiki/Buddhism_by_country#cite_note-42</ref>ခန့်အထိ မဟာယာန ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်သည်။ ထို့ကြောင့်ဗုဒ္ဓဘာသာသည် ကိုးကွယ်ယုံကြည်သူ လူဦးရေအားဖြင့် ဒုတိယအများဆုံး ကမ္ဘာ့ဘာသာနှင့် အကြီးထွား အမြန်ဆုံးသော ဘာသာတစ်ခုလည်း ဖြစ်သည်။<ref>http://en.wikipedia.org/wiki/Buddhism_by_country#cite_note-40</ref> <ref>http://www.justchina.org/china/china-beliefs.asp</ref><ref>http://en.wikipedia.org/wiki/Buddhism_by_country#cite_note-autogenerated2-11</ref>
<ref>http://thedhamma.com/buddhists_in_the_world.htm</ref>